သီချင်းလေး နဲ့ အမူ အရာမျိုး စုံ လုပ်ပြပြီး ချစ်စရာ ကောင်းနေ တဲ့ နေခြည်ဦး ရဲ့ဗီဒီယို

ပရိတ်သတ်ကြီးရေ….သွက်လက်တဲ့ အမူအရာလေးတွေနဲ့ အများနဲ့ မတူတဲ့ချစ်စရာဟန်ပန်လေးတွေနဲ့ပရိတ်သတ်တွေရင်ထဲမှာ နေရာတစ်နေရာရရှိလာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ beauty bloggerတစ်ယောက်အနေနဲ့စတင်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ social influencerတ စ်ယောက်အနေနဲ့ ပါရပ်တည်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့ပြင်နေခြည်ဟာ မင်းသမီးတစ်ယောက်အနေနဲ့လည်းအနုပညာလမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေ၊ဇာတ်လမ်းတွဲတွေထိပါ ‌ရိုက်ကူးလာနိုင် တဲ့သူဆိုလည်းမမှားပါဘူးနော်။

နေခြည်ဟာ အခုလက်ရှိမှာ ဆိုရင်လည်း အနုပညာအလုပ်တွေကိုဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတာဖြစ်ပြီး ပရိသတ်ချစ်ခင် အားပေးမှုရရှိနေတာလည်းဖြစ်ပါတယ်။ နေခြည်ဟာ ခန္ဓာကိုယ်ကိုလည်း ထိန်းသိမ်းတဲ့သူဖြစ်တာကြောင့် workoutလေ့ကျင့်ခန်းတွေကိုလည်း မှန်မှန်လုပ်လေ့ ရှိတာလည်း ဖြစ်ပါတယ်နော်။ နေခြည်ဟာ အားလပ်ချိန်လေးတွေမှာဆိုရင်လည်း tik tok ဗီဒီယိုလေးကို မျိုးစုံရိုက်ကူးလေ့ရှိ‌ပါသေးတယ်နော်။

မကြာသေးမီ ကလည်း နေခြည်ဦးဟာ သူမရဲ့ Tok accလေးမှာ လတ်တလော ရေပန်းစားနေတဲ့ ပုံစံလေးအတိုင်း ချစ်စရာကောင်းစွာရိုက်ထားတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ နေခြည့်ရဲ့ အမူအရာအိုက်တင်လေးတွေကိုကြည့်ပြီး ပရိသတ်တွေလည်း အချစ်ပိုနေကြမယ် ထင်ပါတယ်နော်။ ကဲ…..ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Photo credit-Nay Chi Oo’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *

thirteen + sixteen =