“အခုအချိန်မှာ မိုးနံ့လေးတွေသင်းနေတဲ့ ပုဂံမြေကိုလွမ်းမိတယ်” ဆိုတဲ့အကြောင်း ရင်ဖွင့်လာတဲ့ မင်းသမီးချောလေး “နေခြည်ရွှန်းလက်”

ဆံနွယ်ရှည်ရှည်လေးတွေနဲ့ မြန်မာဆန်ဆန် ချစ်စရာကောင်းတဲ့မင်းသမီး ချောလေး နေခြည်ရွှန်းလက်ကတော့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲမှာကတည်းကပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရတာ ဖြစ်ပါတယ်။နေခြည်ရွှန်းလက်က “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန” ဇာတ်လမ်းတွဲမှာတော့ နှင်းနွေဆိုတဲ့ ခေါင်းဆောင်မင်းသမီး ကာရိုက်တာကို သရုပ်ဆောင်ခဲ့ပြီး မထင်ထား လောက်အောင်ကို အနုပညာအရည်အချင်းပြည့်ဝတာမို့ ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ကိုယ်တိုင်လည်း အနုပညာကို ဝါသနာပါရူးသွပ်တဲ့ နေခြည်ရွှန်းလက်က ပြီးခဲ့တဲ့ နှစ်ကတည်းက အနုပညာအလုပ်တွေကို ရပ်နားထားတာဖြစ်ပြီး နိုင်ငံရေး မတည်ငြိမ်မှု့တွေကြောင့်ကိုရီးယားနိုငိငံမှာအချိန်ပိုင်း အလုပ်လုပ်ရင်းပညာသင်ယူနေတာပဲဖြစ်ပါတယ်။

မင်းသမီးတစ်ယောက်အဖြစ်ပရိတ်တွေက လက်ခံကြပေမယ့်နေခြည်ကတော့သူမက ဘဝကိုရိုးသားစွာ ဝိတ်တာလုပ်ရင်းကျောင်းတတ်နေကြောင်းအသိပေးလာခဲ့ပါတယ်။ မိဘတွေနဲ့ဝေးရာ နိုင်ငံရပ်ခြားမှာမို့တစ်ခါတလေ အမိနိုင်ငံကိုလွမ်းမိနေတဲ့နေခြည်ရွှန်းခဲ့ကယခုလိုချိန်အထင်က နေရာပုဂံပြည်ကြီးကို သတိရမိကြောင်းရင်ဖွင့်လာခဲ့ပါတယ်။

Credit

zawgyi




Credit