ရန်ကုန် “နောက်ဆုံး တိုက်ပွဲ” fighting!

ရန်ကုန်မှာရှိသော လှည်းနေလှေအောင်း မြင်းဇောင်း မကျန် (လူ 7သန်း) တစ်ဦးတစ်ယောက်ချင်းစီ အတူပါဝင် စည်းကမ်း လိုက်နာပြီး တိုက်မှသာ နိုင်မယ့် “နောက်ဆုံးတိုက်ပွဲ”ပါ နောက်ဆုံး တစ်ကြိမ် အတူ တိုက်ရအောင်ပါ စစ်တဲ့ ပုံစံပြောင်းတာရယ် NHA ရဲ့ overload ကိုလျှော့တာမို့ ဒီနေ့ 390- ကျော်ပဲ တွေ့မှာပါ လူလျော့စစ်ထားလို့ပါ Antigen Test တွေ Kit တွေနဲ့ စစစ်တော့မှာမို့ နောက်ရက်တွေ ထောင်ချီထွက်လာမှာပါ

ပိုးတွေ့လူနာနဲ့ ဆေးရုံ ကုတင်လုံလောက်အဆင်ပြေနေပါတယ်– အောင်မြင့်မိုရ် ကုတင် 500 / – ရိုးမ (၂) ပြင်ဆင်ပြီးပါပြီ– ယဉ်ကျေးမှုတက္ကသိုလ် / – ရန်ကင်းပညာရေးကောလိပ် / – နယ်စပ်စည်ပင်သင်တန်းကျောင်းများ ပြင်ဆင်လျှက်ရှိပါတယ်– YCC / – Fortune Plaza တို့ကိုလည်း ကြည့် ထားပါတယ်

အောင်မြင့်မိုရ်မှာ သံဃာတော်များကို ဝိနည်း နဲ့ အညီကုသပေးနိုင်ရန် စီစဉ်ထားပါတယ် လိုအပ်လာရင် သာသနာရေးနဲ့ပူးပေါင်းပြီး ဗိမ္မာန်တော်များမှာ ထားရှိပါမယ် 1000-1500 စာ စီစဉ်ထားပြီးပါပြီOxygen နဲ့ ကုသမှုလိုအပ်လာရင် သီးခြားဆေးရုံစီစဉ်ထားပါတယ်၊ သရက်တောကျောင်း ဒီနေ့ SWOT အပါး 100ကျော် ယူနေပါပြီ တပ်မတော်(ဆေး)နဲ့ ညှိနှိုင်းပြီး ကုသဖို့ပို့သင့်တာ ပို့နေပါတယ် ၊ သူတို့ဆီက နေရာ 500-1000 စာလောက်ထပ်ရပါမယ်အတိုင်ပင်ခံရဲ့ ညွှန်ကြားမှုနဲ့အညီ ဒီတစ်ပတ် Containment “နောက်ဆုံးတိုက်ပွဲ”တိုက်ဖို့ အင်နဲ့အားနဲ့ အစွမ်းကုန်ပြင်ဆင်နေပါတယ်

လမ်းပေါ် ကားပေါ် ရပ်ကွက်ထဲ အိမ်ထဲ (ထမင်းကို တစ်ယောက် တည်းစားပါ မျက်နှာချင်းဆိုင် အတူမစားပါနဲ့) လိုက်နာရမယ့်စည်းကမ်းတွေလိုက်နာပြီး သည်းခံခွင့်လွှတ်ပြီး အစွမ်းကုန်တိုက်ပေးကြပါ အရေးအကြီးဆုံး အချိန်ပါ အနူးအညွတ်မေတ္တာရပ်ခံပါတယ်။ နောက်ဆုံးတစ်ကြိမ် အတူတိုက်ရအောင် ဒီတစ်ပတ်ထိန်းနိုင်မှ ရန်ကုန်ကိုထိန်းနိုင်ပါမယ် တစ်နိုင်ငံလုံးကို ထိန်းနိုင်ပါမယ်

source : Dr. ဇော်ဝေစိုး

zawgyi





source : Dr. ဇော်ဝေစိုး

Add a Comment

Your email address will not be published. Required fields are marked *

4 + 12 =