“မကြာမီ ကြီးပွား ချမ်းသာချင်ရင် ဒါတွေ ကို လုပ်ဖြစ်အောင် လုပ်ပါ”

ကြီးပွား ချမ်းသာ ချင်ရင် အာစိဏ္ဏကံ ကုသိုလ်

ဘုရားရှိခိုးဖြစ်ရဲ့လား။ သောက်တော် ရေရော ‌နေ့စဉ်ကပ်ဖြစ်ရဲ့လား။ ဘုရားပန်းလည်း အပတ်စဉ်လှူဖြစ်ရဲ့လား။ အဲ့လို့နေ့စဉ် လုပ်ရင် …ကုသိုလ်ကို စွဲသွားတာလို့ ခေါ်တယ်။ မကြာခင် ကြီးပွါးတော့မယ့် လက္ခဏာပဲ။ သေချာ မှတ်ထား၊ လောကမှာ အကုသိုလ်ကို စွဲသွားတဲ့လူရယ်၊ ကုသိုလ်ကို စွဲသွားတဲ့လူရယ်လို့ လူနှစ်မျိုးရှိတယ်။ လူတစ်ယောက် ဟာ အကုသိုလ်ဘက် မှာ စွဲသွားပြီဆိုရင် အဲဒီလူဟာ မကြာခင် မွဲသွားတတ်တော့တာပဲ။ တွေ့ဖူးတယ်မလား၊ အရက်သေစာ သောက်စားမှုကို စွဲသွားတဲ့ သူတွေ၊ မကောင်းတဲ့ နေရာတွေမှာ စွဲလမ်းသွားတဲ့ သူတွေကိုလေ။

အဲ့သလို လူမျိုးတွေဟာ မကြာခင် မွဲသွား တတ်တယ်။ ငါတို့ ဒေသအခေါ်ကျတော့ အဲ့ဒါမျိုးကို ကင်းပွန်းသင့်တယ်လို့ ခေါ်တာပေါ့ကွာ။ ကုသိုလ်ဘက်မှာ စွဲသွားတဲ့လူတွေကြတော့ မကြာမတင် မှာပဲ ချမ်းသာ လာတတ်တယ်ကွ။ နေ့စဉ် ပြုနေကျ သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတာ လောက်မှ မလုပ်ရရင် တစ်ခုခုလိုနေသလို တွေ့လာပြီ ဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာလို့ခေါ်တယ်။

အဲ့သလို ဖြစ်လာပြီဆိုရင် စိတ်သာချ ပေတော့ကွ၊ မကြာခင် ကြီးပွါးချမ်းသာတော့မယ်။ ဘာကြောင့်လဲဆိုတော့ ကုသိုလ်ကို စွဲသွားလို့ပဲ။ စွဲသွားတဲ့အခါကျတော့ ကုသိုလ်ကောင်းမှုဆိုတာ နေ့စဉ်ပြုဖြစ်လာတော့တာပဲ။ အဲ့ဒါမျိုးကို အာစိဏ္ဏကံ ကုသိုလ်လို့ ခေါ်တယ်။ သေချာမှတ်ထားနော်၊ အာစိဏ္ဏကံ ကုသိုလ် ဆိုတာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဆိုသလို အချိန်မှန်မှန်ပြုတဲ့ ကုသိုလ်မျိုးကို ဆိုလိုတယ်။ အချိန်မှန်မှန် ပြုတယ်ဆိုရင် ပဋ္ဌာန်းလို အာသေဝနပစ္စည်း တပ်တော့တာပဲကွ။ (အာသေဝနဆိုတာ အထပ်ထပ်အခါခါ ပြုတာမျိုးကို ပြောတာပဲ)

ဓားသွေးသလိုပေါ့ကွာ။ အချိန်မှန်မှန်၊ အထပ်ထပ် အခါခါ သွေးဖန်များတော့၊ ဓားဟာထက်လာရသလိုပဲ၊ ကုသိုလ်ကောင်းမှုဆိုတာလည်း အချိန်မှန်မှန် အထပ်ထပ် အဖန်ဖန် ပြုဖန်များတော့ ထက်မြက်လာတော့တာပဲကွ။ အလုပ်ကိုလည်း ကြိုးစားပြီး လုပ်သလို၊ သောက်တော် ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတဲ့ အခြေခံ ကုသိုလ်အလုပ်တွေကိုလည်း စွဲသွားသည်အထိ ကြိုးစားပြီးတော့လုပ်ကွာ။ မကြာခင် ကြီးပွား ချမ်းသာ လာပါလိမ့်မယ်။

အရှင်ဝိသာရဒ (ရမ္မာဝတီ) တရားတော်မှ

zawgyi

ႀကီးပြား ခ်မ္းသာ ခ်င္ရင္ အာစိဏၰကံ ကုသိုလ္

ဘုရားရွိခိုးျဖစ္ရဲ႕လား။ ေသာက္ေတာ္ ေရေရာ ‌ေန႔စဥ္ကပ္ျဖစ္ရဲ႕လား။ ဘုရားပန္းလည္း အပတ္စဥ္လႉျဖစ္ရဲ႕လား။ အဲ့လို႔ေန႔စဥ္ လုပ္ရင္ …ကုသိုလ္ကို စြဲသြားတာလို႔ ေခၚတယ္။ မၾကာခင္ ႀကီးပြါးေတာ့မယ့္ လကၡဏာပဲ။ ေသခ်ာ မွတ္ထား၊ ေလာကမွာ အကုသိုလ္ကို စြဲသြားတဲ့လူရယ္၊ ကုသိုလ္ကို စြဲသြားတဲ့လူရယ္လို႔ လူႏွစ္မ်ိဳးရွိတယ္။ လူတစ္ေယာက္ ဟာ အကုသိုလ္ဘက္ မွာ စြဲသြားၿပီဆိုရင္ အဲဒီလူဟာ မၾကာခင္ မြဲသြားတတ္ေတာ့တာပဲ။ ေတြ႕ဖူးတယ္မလား၊ အရက္ေသစာ ေသာက္စားမႈကို စြဲသြားတဲ့ သူေတြ၊ မေကာင္းတဲ့ ေနရာေတြမွာ စြဲလမ္းသြားတဲ့ သူေတြကိုေလ။

အဲ့သလို လူမ်ိဳးေတြဟာ မၾကာခင္ မြဲသြား တတ္တယ္။ ငါတို႔ ေဒသအေခၚက်ေတာ့ အဲ့ဒါမ်ိဳးကို ကင္းပြန္းသင့္တယ္လို႔ ေခၚတာေပါ့ကြာ။ ကုသိုလ္ဘက္မွာ စြဲသြားတဲ့လူေတြၾကေတာ့ မၾကာမတင္ မွာပဲ ခ်မ္းသာ လာတတ္တယ္ကြ။ ေန႔စဥ္ ျပဳေနက် ေသာက္ေတာ္ေရကပ္၊ ဘုရားရွိခိုး၊ ေမတၱာပို႔၊ အမွ်ေဝတာ ေလာက္မွ မလုပ္ရရင္ တစ္ခုခုလိုေနသလို ေတြ႕လာၿပီ ဆိုရင္ အဲဒါမ်ိဳးကို ကုသိုလ္ကို စြဲသြားတာလို႔ေခၚတယ္။

အဲ့သလို ျဖစ္လာၿပီဆိုရင္ စိတ္သာခ် ေပေတာ့ကြ၊ မၾကာခင္ ႀကီးပြါးခ်မ္းသာေတာ့မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကုသိုလ္ကို စြဲသြားလို႔ပဲ။ စြဲသြားတဲ့အခါက်ေတာ့ ကုသိုလ္ေကာင္းမႈဆိုတာ ေန႔စဥ္ျပဳျဖစ္လာေတာ့တာပဲ။ အဲ့ဒါမ်ိဳးကို အာစိဏၰကံ ကုသိုလ္လို႔ ေခၚတယ္။ ေသခ်ာမွတ္ထားေနာ္၊ အာစိဏၰကံ ကုသိုလ္ ဆိုတာ ေန႔စဥ္၊ အပတ္စဥ္၊ လစဥ္ ဆိုသလို အခ်ိန္မွန္မွန္ျပဳတဲ့ ကုသိုလ္မ်ိဳးကို ဆိုလိုတယ္။ အခ်ိန္မွန္မွန္ ျပဳတယ္ဆိုရင္ ပ႒ာန္းလို အာေသဝနပစၥည္း တပ္ေတာ့တာပဲကြ။ (အာေသဝနဆိုတာ အထပ္ထပ္အခါခါ ျပဳတာမ်ိဳးကို ေျပာတာပဲ)

ဓားေသြးသလိုေပါ့ကြာ။ အခ်ိန္မွန္မွန္၊ အထပ္ထပ္ အခါခါ ေသြးဖန္မ်ားေတာ့၊ ဓားဟာထက္လာရသလိုပဲ၊ ကုသိုလ္ေကာင္းမႈဆိုတာလည္း အခ်ိန္မွန္မွန္ အထပ္ထပ္ အဖန္ဖန္ ျပဳဖန္မ်ားေတာ့ ထက္ျမက္လာေတာ့တာပဲကြ။ အလုပ္ကိုလည္း ႀကိဳးစားၿပီး လုပ္သလို၊ ေသာက္ေတာ္ ေရကပ္၊ ဘုရားရွိခိုး၊ ေမတၱာပို႔၊ အမွ်ေဝတဲ့ အေျခခံ ကုသိုလ္အလုပ္ေတြကိုလည္း စြဲသြားသည္အထိ ႀကိဳးစားၿပီးေတာ့လုပ္ကြာ။ မၾကာခင္ ႀကီးပြား ခ်မ္းသာ လာပါလိမ့္မယ္။

အရွင္ဝိသာရဒ (ရမၼာဝတီ) တရားေတာ္မွ

Add a Comment

Your email address will not be published. Required fields are marked *

17 − 6 =