သမ္မတက ပြောလာရင်တောင် ကလေးတွေ ကို မအပ်နိုင်ဘူး ဆိုတဲ့ ဟင်္သာတ “ခိုလှုံရာဂေဟာ” က မပုံပုံ ရဲ့ ကြေကွဲပေါက်ကွဲနေတဲ့ ရုပ်သံ

သမ္မတက ပြောလာရင်တောင် ကလေးတွေ ကို မအပ်နိုင်ဘူး ဆိုတဲ့ ဟင်္သာတ “ခိုလှုံရာဂေဟာ” က မပုံပုံ ရဲ့ ကြေကွဲပေါက်ကွဲနေတဲ့ ရုပ်သံ

ညွှန် ချုပ် ဒုညွှန်ချုပ် မပြောနဲ့ သမ္မတက ပြောရင်တောင် ပုံ့ကလေးတွေ ကို လူမှုဝန်ထမ်းကို မအပ်ဘူး… ပုံ့ပုံ့ဆိုတဲ့ မိန်းမက အမှန်တရားနဲ့ ပတ်သက်လာရင် ထောင်လဲ မကြောက်ဘူး တန်းလဲ မကြောက်ဘူး…ငါသေမှဘဲ ငါ့သားသမီးတွေရမယ်…

သူတို့လုပ်နေ တဲ့ လုပ်ငန်းစဉ် ( ၇ ) ရပ်ကို ငါကတစ်ယောက်ထဲလုပ်နေလို့ မနိုင်မှာစိုးလို့တဲ့…ရီရတယ် တအား…လုပ်လာတာ ၄ နှစ်ကျော် ၅ နှစ်ထဲရောက်လာပြီ သိလား…နိုင်လို့ လုပ်နေတာ…ငါ့ရိပ်သာ ဘယ်လိုထားလဲ လာကြည့်လို့ရတယ်…

ခုမှလာပြီး မနိုင် မှာစိုးလို့… ဘိုးဘွားဆို ဘိုးဘွားစောင့်ရှောက် ကလေးတွေ ကိုတော့ အပ်ဖို့ အကြံပေးတယ်… လာမပြောနဲ့…ဘာအကြံမှလဲ လာမပေးနဲ့ သေမှရမယ်…

နောက်ပြီး တသက်လုံးလုပ်လာတာ အုပ်ချုပ်ရေးက ဘယ်သူ မှ လာတချက်ဝင် မလုပ်ဘဲ…ခု တည်ထောင်ခွင့်ပြုမိန့်တင်မှ ကြီးကြပ်ရေးကော်မတီအဖွဲ့မှာ အုပ်ချုပ်ရေးပိုင်းက ထွေအုပ် ( ဒါမှမဟုတ်) အမတ်တစ်ယောက်ယောက် ထည့်ရမယ်တဲ့လား…ဘာလဲ မလုပ်ဘဲ ဖြစ်လာမှ နေရာ ယူချင်တာလား…ဒီလူတွေက ဒါတွေလုပ်ပါတယ်ဆိုပြီး ပြချင်တာလား…တကယ်မလုပ်ဘဲ အုပ်ချုပ်ရေးအဖွဲ့ထဲ သေတောင် မထည့်နိုင်ဘူး……

အေး…ကျွန်မတို့ဘက်ကတော့ For Show လဲ လုပ်မပြနိုင်ဘူး…ကလေး တွေလဲ မပေးနိုင်ဘူး…အုပ်ချုပ်ရေး ပိုင်ူကလူမထည့်လို့ ဂေဟာကို တည်ထောင်ခွင့်မပေးနိုင်ဘူး…သိမ်းမယ်ဆိုလဲ အပ်လိုက်မယ်…ခိုလှုံရာကို အရှက်မရှိ လက်တင်လေး သိမ်းလိုက်ကြ…ကလေးတွေကိုတော့ ဘယ်အကြောင်းနဲ့မှ မပေးနိုင်ဘူး…ငါ့ဟာငါ အမွေစားအမွေခံ မွေးစားပြီး ရုန်းကန်ကျွေးမယ်…ရှင်းလား….

တစ်ခုတော့ သဘောပေါက် ခိုလှုံရာ ဆိုတာ ငါ့နှလုံးသွေး နဲ့ မွေးခဲ့ရတာ…ငါ့ရိပ်သာကို ကြိုက်တဲ့ လူကယ်ပြန်လက်အောက်က ရိပ်သာနဲ့ ယှဉ်ကြည့်လို့ရတယ်…ကျန်းမာရေးကအစ ဘယ်လို စောင့်ရှောက်ထားတယ်ဆိုတာ…ငါ့လောက်မှ ငါ့အဘိုးအဖွားတွေကို ကောင်းကောင်းမထားနိုင်ရင်တော့ ဘာဖြစ်မယ်ဆို တာ စောင့်ကြည့်နေလိုက်ကြ……

လူတစ်ယောက်ဆိုတာ ဘယ်လောက်ကောင်းကောင်း မတရား လုပ်ခံရတာတွေ တအားများလာရင် အစွန်းတစ်ဖက်ကို ရောက်သွားတတ်တယ်ဆိုတာ မမေ့နဲ့…အဲ့လို ဖြစ်သွားတဲ့လူရဲ့ အားဟာလည်း ကမ္ဘာတောင် မီးဟုန်းဟုန်းတောက်စေတယ်ဆိုတာ မမေ့နဲ့….

crd : shwewiki

Add a Comment

Your email address will not be published. Required fields are marked *

four + twelve =