အသက္ (၆၀) မွ ကြန္ပ်ဳတာကို စသုံး ခဲ့ၿပီး အသက္ (၈၁)ႏွစ္မွာ Iphone App ကိုေရး ခဲ့တဲ့ အဖြားအို

က်ည္ေပြ႕ အတတ္ေပါက္တာ တကယ္ ရွိရဲ႕ လားလို႔ သင္ထင္မိရင္ေတာ့ အသက္ ၈၁ ႏွစ္ရွိေနၿပီ ျဖစ္တဲ့ ဂ်ပန္ႏိုင္ငံက အဖြားအိုက သက္ေသပါပဲ။ မာဆာကို ဝါကာမိယာ ဆိုတဲ့အဖြားအိုဟာ မတ္ လ ၃ ရက္ေန႔ ေသာၾကာေန႔က ဂ်ပန္ႏိုင္ငံ႐ိုးရာ အ႐ုပ္ပြဲေတာ္ (သို႔) မိန္းကေလးမ်ား ပြဲေတာ္ေန႔ျဖစ္တဲ့ ဟီနာမတ္ဆူရီေန႔ အတြက္ အ႐ုပ္ေတြကို ႐ိုးရာအ၀တ္ အစားေတြကိုဘယ္လို မွန္မွန္ကန္ကန္ ၀တ္စားရ သလဲ ဆိုတာ ကို ေဖာ္ျပႏိုင္တဲ့ App ကို ေရးသားခဲ့တာ ျဖစ္ပါတယ္။ ဝါကာမိယာ ဟာ လုပ္သက္ ၄၃ ႏွစ္ရွိတဲ့ ဘဏ္အလုပ္သ မား တစ္ဦး အျဖစ္လည္း လုပ္ကိုင္ခဲ့ၿပီး

အသက္ ၆၀ အ႐ြယ္ မွ ကြန္ပ်ဴတာကို ဘယ္လို အသုံးျပဳရမလဲဆိုတာကို စတင္ သင္ၾကားခဲ့တာ ျဖစ္ပါတယ္။ ဝါကာမိယာ ရဲ႕ Blog မွာလည္း Excel ဘယ္လိုအသုံးျပဳရသလဲဆိုတဲ့ သင္ခန္စာေတြကို တင္ေပးထားၿပီးနယူးဇီလန္ႏိုင္ငံနဲ႔ ေျမထဲပင္လယ္ဘက္ကို သူ မ ခရီးထြက္စဥ္က အေတြ႕အႀကဳံေတြ ကိုလည္း တင္ထားတာကို ေတြ႕ရပါတယ္။ အားမာန္ အျပည့္နဲ႔ တက္ႂကြလႈပ္ ရွားေနတဲ့ ဒီအဖြားအို ဟာ ရင့္က်က္မႈ ကလပ္ (Mellow Club) ကိုလည္း

တျခားေသာ ပင္စင္စား သက္ႀကီး႐ြယ္အိုမ်ားအတြက္ ရည္႐ြယ္ၿပီး ဖြင့္ထား ပါေသးတယ္။ သူမေရးသား ခဲ့တဲ့ App ရဲ႕ နာမည္ ဟာ Hi na dan လို႔ အမည္ရၿပီး hina ဆိုတဲ့ အ႐ုပ္တစ္မ်ိဳးနဲ႔ အလႊာဆိုတဲ့ စကားျဖစ္တဲ့ Dan ဆိုတဲ့အမည္ကိုအစြဲျပဳၿပီး ေပးခဲ့တာ ျဖစ္တယ္ လို႔ဆိုပါတယ္။ ဒီ App မွာ ကစားသူဟာ အတန္း ၄ တန္းက အ႐ုပ္ ၁၂ မ်ိဳးကို အေနအထား မွန္ေအာင္ လုပ္ေဆာင္ရမွာ ျဖစ္ၿပီး အ ႐ုပ္ မ်ားကို မွန္ကန္စြာ စီစဥ္ရမွာ ျဖစ္ပါတယ္။ သူမဟာ တိုက်ိဳမွာက်င္းပခဲ့တဲ့ TED (Technology, Entertainment, Design) ေဟာေျပာပြဲ မွာလည္း နည္းပညာေခတ္ႀကီး မွာ သက္ႀကီး႐ြယ္အိုမ်ား ပါ၀င္ လာတဲ့ အေၾကာင္းကို ေဟာေျပာသြားခဲ့ပါတယ္။

crd : panpyoelat

unicode

ကျည်ပွေ့ အတတ်ပေါက်တာ တကယ် ရှိရဲ့ လားလို့ သင်ထင်မိရင်တော့ အသက် ၈၁ နှစ်ရှိနေပြီ ဖြစ်တဲ့ ဂျပန်နိုင်ငံက အဖွားအိုက သက်သေပါပဲ။ မာဆာကို ဝါကာမိယာ ဆိုတဲ့အဖွားအိုဟာ မတ် လ ၃ ရက်နေ့ သောကြာနေ့က ဂျပန်နိုင်ငံရိုးရာ အရုပ်ပွဲတော် (သို့) မိန်းကလေးများ ပွဲတော်နေ့ဖြစ်တဲ့ ဟီနာမတ်ဆူရီနေ့ အတွက် အရုပ်တွေကို ရိုးရာအဝတ် အစားတွေကိုဘယ်လို မှန်မှန်ကန်ကန် ဝတ်စားရ သလဲ ဆိုတာ ကို ဖော်ပြနိုင်တဲ့ App ကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဝါကာမိယာ ဟာ လုပ်သက် ၄၃ နှစ်ရှိတဲ့ ဘဏ်အလုပ်သ မား တစ်ဦး အဖြစ်လည်း လုပ်ကိုင်ခဲ့ပြီး

အသက် ၆၀ အရွယ် မှ ကွန်ပျူတာကို ဘယ်လို အသုံးပြုရမလဲဆိုတာကို စတင် သင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဝါကာမိယာ ရဲ့ Blog မှာလည်း Excel ဘယ်လိုအသုံးပြုရသလဲဆိုတဲ့ သင်ခန်စာတွေကို တင်ပေးထားပြီးနယူးဇီလန်နိုင်ငံနဲ့ မြေထဲပင်လယ်ဘက်ကို သူ မ ခရီးထွက်စဉ်က အတွေ့အကြုံတွေ ကိုလည်း တင်ထားတာကို တွေ့ရပါတယ်။ အားမာန် အပြည့်နဲ့ တက်ကြွလှုပ် ရှားနေတဲ့ ဒီအဖွားအို ဟာ ရင့်ကျက်မှု ကလပ် (Mellow Club) ကိုလည်း

တခြားသော ပင်စင်စား သက်ကြီးရွယ်အိုများအတွက် ရည်ရွယ်ပြီး ဖွင့်ထား ပါသေးတယ်။ သူမရေးသား ခဲ့တဲ့ App ရဲ့ နာမည် ဟာ Hi na dan လို့ အမည်ရပြီး hina ဆိုတဲ့ အရုပ်တစ်မျိုးနဲ့ အလွှာဆိုတဲ့ စကားဖြစ်တဲ့ Dan ဆိုတဲ့အမည်ကိုအစွဲပြုပြီး ပေးခဲ့တာ ဖြစ်တယ် လို့ဆိုပါတယ်။ ဒီ App မှာ ကစားသူဟာ အတန်း ၄ တန်းက အရုပ် ၁၂ မျိုးကို အနေအထား မှန်အောင် လုပ်ဆောင်ရမှာ ဖြစ်ပြီး အ ရုပ် များကို မှန်ကန်စွာ စီစဉ်ရမှာ ဖြစ်ပါတယ်။ သူမဟာ တိုကျိုမှာကျင်းပခဲ့တဲ့ TED (Technology, Entertainment, Design) ဟောပြောပွဲ မှာလည်း နည်းပညာခေတ်ကြီး မှာ သက်ကြီးရွယ်အိုများ ပါဝင် လာတဲ့ အကြောင်းကို ဟောပြောသွားခဲ့ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

2 × 4 =