လာမယ့် ဆောင်းရာသီ မှာ ကိုဗစ်ရောဂါ ပြန်ဆိုးရွားနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့သတိပေး

လာမယ့် ဆောင်းရာသီ မှာ ကိုဗစ်ရောဂါ ပြန်ဆိုးရွားနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့သတိပေး

လာမယ့်ဆောင်းဦး ရာသီမှာ ပိုပြီးပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်းအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ဥရောပတိုက်နိုင်ငံတွေမှာ ကူးစက်နှုန်း နဲ့ သေဆုံးနှုန်းတွေကျဆင်းလာပေမယ့် သတိထားပြီး နိုးကြားစွာ နေကြဖို့ ပြောကြား ခဲ့ပါတယ်။

Corona virus close up

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေ ဆောင်းဦး ရာသီတွေမှာဖြစ်တတ်တဲ့ တုပ်ကွေး နဲ့ ရာသီအလိုက်ဖြစ်ပေါ်တဲ့ ဝက်သက်ရောဂါ တွေပါ နောက်ဆက်တွဲ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

တကျော့ပြန်ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးက တောင်ကိုရီးယား နဲ့ တရုတ်နိုင်ငံတို့ကို သာဓကပြထားပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန့်မြို့မှာ ရောဂါသက်သာလာသူတွေများပြားလာလို့ lockdown အနည်းငယ်ပြန်လည်ဖြေလျှော့ပြီးနောက်မှာပဲ ရောဂါကူးစက်မှုတစ်ချို့ပြန်လည် ပေါ်ခဲ့ ပါတယ်။ နောက်ပြီး တောင်ကိုရီးယားနိုင်ငံမှာလည်း ရောဂါကူးစက်မှုဆက်တိုက်ကျဆင်းနေခဲ့ပြီး လွန်ခဲ့တဲ့တစ်ပတ်ကပဲ ရောဂါဖြစ်ပွားမှုအသစ်တွေပေါ်ထွက်လာနေပါတယ်။

World Health Organization (WHO) Director-General Tedros Adhanom Ghebreyesus gestures as he speaks during a daily press briefing on COVID-19 virus at the WHO headquaters in Geneva on March 9, 2020. – The World Health Organization said on March 9, 2020 that more than 70 percent of those infected with the new coronavirus in China have recovered, adding that the country was “bringing its epidemic under control”. (Photo by Fabrice COFFRINI / AFP)

ဒေါက်တာ ကလာ့ခ် အနေနဲ့ ဗြိတိန်၊ စပိန်၊ အီတလီ နဲ့ ဥရောပဒေသ အချို့မှာ ကူးစက်မှုကျဆင်းလာပြီး ကာဇက်စတန်၊ ရုရှား၊ ယူကရိန်း နဲ့ ဘယ်လာရုစ်လို ဥရောပအရှေ့စွန်း နိုင်ငံတွေဆီမှာ ကူးစက်မှုမြင့်တက်လာတာတွေ့ရတာကြောင့် ဥရောပဒေသမှာ ရောဂါပျောက်သွားပြီလို့သတ်မှတ်လို့မရကြောင်း ပြောကြားခဲ့ ပါတယ်။ ကိုဗစ် ရောဂါတစ်ကျော့ပြန်လည်လာပြီး ပိုမိုအားကောင်းတဲ့ကူးစက်မှုတွေဖြစ်ဖို့ အရှိန်ယူ နေတာသာဖြစ်တယ် လို့ ပြောဆိုခဲ့ပါတယ်။

crd : whitesone