ယုန်လေး ရဲ့ ကြော်ငြာကို ဒဲ့ပြောပြီး ထောက်ပြလာခဲ့တဲ့ “အိပန်ဆယ်လို”

ပရိသတ်ကြီးရေ လတ်တလော မှာတော့ ယုန်လေးကိုယ်တိုင်ဦးစီးကာ ဖန်တီးထားတဲ့ ဖိနပ်ကြေညာတစ်ခုနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တက်မှုတွေဆက်တိုက်ဖြစ်နေတာတွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ စာရေးဆရာမ အိပန်ဆယ်လိုကိုယ်တိုင် ယုန်လေးကို ဒဲ့ပြောပြီး ထောက်ပြခဲ့တာဖြစ်ပါတယ်။

“ကိုယုန်လေးရေ အပျော်သဘောနဲ့ ကြည့်ပေးပါ ဆိုတဲ့ ဖိနပ်ကြော်ငြာ ကို အပျော်သဘော နဲ့ ကြည့်ပေးပေမယ့် ပျော်လို့မရဘူး။ မေးချင်တာလေးတွေ ရှိလာလို့။ ”ဆိုတဲ့ မေးခွန်းနဲ့အစချီကာ အချက်အလက်စုံစုံလင်လင်နဲ့ထောက်ပြကာ မေးခွန်းတွေထုတ်ခဲ့တာဖြသ်ပါတယ်။ စာရေးဆရာမပန်ဆယ်လိုကတော့အမြဲအမျိုးသမီးထုကိုဝန်းရံကာ

 

အပြုသဘောဆောင်တဲ့ အသိပညာတွေပေးလေ့ရှိတဲ့ စာရေးဆရာမတစ်ယောက်ပါ။ အခုလို အမျိုးသမီးတွေကို -ိင်ပိုင်းဆိုင်ရာ နဲ့ပတ်သက်ပြီး အမျိုးသမီးတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်ပုံကို အပြစ်တင်ရှုံချတာမျိုးတွေဟာ အနုပညာလားလို့ ဒဲ့မေးခဲ့တာ ဖြစ်ပါတယ်။သူမရဲ့ မေးခွန်းနဲ့ ထောက်ပြဝေဖန်မှုတွေကိုလည်း သူမရဲ့ ပိုစ့်မှာ အကုန်လုံးက ထောက်ခံ ခဲ့ကြတာတွေ့ရပါတယ်။ ယုန်လေးဘက်ကတော့ အခုချိန်ထိ ဘာတစ်ခုမှ ပြန်လည် ပြောဆိုခြင်းမတွေ့ရသေးပါဘူးနော်။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Myanmar Cele-Cafe

zawgyi




Myanmar Cele-Cafe

Add a Comment

Your email address will not be published. Required fields are marked *

3 × four =