“ပေါက်စီ” လို့ နာမည်လေး ပေးဖြစ်ခဲ့ပုံလေး ကိုပြန်လည်ပြောပြ လာတဲ့ မအေးသောင်း ရဲ့ ချစ်မေမေ

“ပေါက်စီ” လို့ နာမည်လေး ပေးဖြစ်ခဲ့ပုံလေး ကိုပြန်လည်ပြောပြ လာတဲ့ မအေးသောင်း ရဲ့ ချစ်မေမေ

မြန်မာဆန်ဆန် ဝတ်စားဆင်ယင်ပုံလေးတွေကြောင့် ပရိသတ်တွေ ချစ်နေရသူ လေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး အေးဝတ်ရည်သောင်းပဲ ဖြစ်ပါတယ်။ မနေ့ကတော့ သူမရဲ့ (၃၆) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ မိခင်ဖြစ်သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ သမီးဖြစ်သူရဲ့ အကြောင်းလေးကို အခုလို ပဲ ရေးသားဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့ ညနေ(5;27pm) အချိန်ဖြစ်တဲ့…တနင်္ဂနွေ နေ့မှာ သမီးပေါက်စီ(ခေါ် )အေးဝတ်ရည်သောင်း ကို…ဖခင်ဦးမြင်အောင်နဲ့မိခင် ဒေါ်ဖြူဖြူစိုးက တောင်ဥက္ကလာပ အမျိုးသမီးဆေးရုံမှာ မြန်မာဆန်ဆန် ကောင်းမွန်စွာ မွေးဖွားနိုင်ခဲ့ပါတယ်..ငယ်စဉ်က အသက်ခြောက်လသမီးအရွယ်ထိ ကျမ ကလေးနံမည် ကို မမှည့်တပ်လို့မမှည့်ရသေးဘူးတနေ့တော့ သူ့အဖိုးရဲ့အကိုဖြစ်သူ ကပ္ပတိန်အောင်ကြီး နိုင်ငံခြားမှ ပြန်ရောက်လာတော့ ကလေးလေးက ဖြူဖွေးပြီးဝဝကစ်ကစ်လေးပါလား ချစ်စရာလေးဆိုပြီး အရုပ်တရုပ်ရသွားသလို.အိပ်လည်းဒီကလေးကို ဗိုက်ပေါ်တင် အိပ်တယ်..ကလေးနိုးဗူးကိုလည်းသူတိုက်တယ် ကလေးသေးပေါက်ချလည်းသူ ပျော်နေတပ်တယ်..

ဒါပေမဲ့ကလေးနံမည်ကို သူဘယ်လို ခေါ်ရမလည်းလို့ ကျမကိုမေးတော့ ကျမကသိဘူးလေ မဖြူလည်း မမှည့်တပ်လို့မမှည့်ရသေးဘူးလို့ပြောတော့ ရီပြီး ဒါဆိုငါ့မြေးကလေးက ဖြူဖွေးးနေတာဘဲ ပါးလေးကလည်း ဖေါင်းဖေါင်းလေး နှုပ်ခမ်းလေးကလည်း နို့ဗူးဆို့လွန်းတော့ထော်နေတယ် ပေါက်စီ တဲ့…ကျမကလေးတွေဟာ အဖိုးအဖွားများပြုစုစောင့်ရှောက်ရင်းကြီးပြင်းခဲ့ပါတယ် ။အရွယ်ရောက်လို့ကျောင်းတက်မယ့်အရွယ် နံမည်ပေးရတော့လည်း အဖွားကိုယ်တိုင်က သူ့နံမည်ဒေါ်ခင်သောင်းမို့ သူ့မြေးမတွေအားလုံး နံမည်နောက်မှာ သောင်း ကိုထည့်စေခဲ့ပါတယ် ဒါကလည်း သူတို့အောင်မြင်မှု့မှာ ထူးခြားတဲ့အချက်တခုဖြစ်ပါလိမ့်မယ် စုစုပေါင်း ဆယ်သောင်း ရှိတယ်။

အဲ့ဒီ..ပေါက်စီကတော့( 1998) မှာ မမီးငယ် ဦးကျော်ဝင်းတို့ စီစဉ်တဲ့ (Miss Christmas ) ပြိုင်ပွဲကြီးမှာ Miss Christmas..ပထမဆုနှင့်အတူ မိတ်ကပ်ခင်စန်းဝင်းရဲ့ ဒီဇိုင်ဝတ်စုံနဲ့ မကြီးစန်းနှင့်အတူ ဒီဇိုင်းပထမဆုကို Mildseven..ကပေးတဲ့ပရိတ်သတ် နှစ်သက်ဆုံးဆုကိုလည်းတပြိုင်ထဲမှာသုံးဆုရခဲ့ပါတယ်.

.အဲ့ဒီနှစ်မှာဘဲ ဆရာဂျွန်ရဲ့ ဖိတ်ခေါ်မှုနဲ့ ယုဇနဂါးဒင်း ဟော်တယ် မှာ ကျင်းပတဲ့ မော်ဒယ်ရှိုးပွဲကြီးမှာ ပါဝင်ခွင့်ရခဲ့ပါတယ်..ဒီလိုနဲ့…. မော်ဒယ် အေးဝတ်ရည်သောင်းဆိုတဲ့ နံမည် တလုံးက ထင်ပေါ်ကျော်ကြားလို့ လာပါတယ်..တနေ့တော့ အာရုံဦးကိုဇော်နဲ့မသီတာတို့စီစဉ်တဲ့မင်းသား ကိုရန်အောင် နဲ့နံမည်ကြီး မင်းသမီးလေး…လေးယောက်ပါတဲ့ ပင်လယ်ပြောသောပုံပြင်ဗီဒီယိုကားကို ချောင်းသာမှာမင်းသမီးစိုးမြတ်နန္ဒာ၊အိဒ်ကျြော်ဇင်၊နှင်းဝတ်ရည်သောင်း၊ခြူး၊တို့နဲ့အတူ ပါဝင်ရိုက်ခဲ့ရပါတယ် ဒါကြောင့် အနုပညာလောကမှာ သူရဲ့ပထမဆုံးမော်ဒယ်ဆရာ ကတော့ ဂျွန်လွန်ဖြစ်ပါတယ်..

ဗီဒီယိုမှာတော့ အာရုံဦးကိုဇော်ကလက်ဦးဆရာပါဘဲ..နောက်တော့ လည်း သင်ဆရာ မြင်ဆရာများစွာနှင့်ဘဲ အနုပညာလမ်းကို ရှောက်လှမ်းနေပါတယ်..ခုလိုမအေးသောင်း ပြန်မဖြစ်ခင် ကြားမှာ နှစ်တော်တော်ကြာ ပညာသင်ဘို့အနုပညာလမ်းကို ခနနားခဲ့ပါတယ် ကံတရားနဲ့ပင်ကိုယ်ဆန်းကြောင့် ပရိသတ်တွေပြန်လည်အားပေးမှု့ နဲ့ အေးဝတ်ရည်သောင်း မှမအေးသောင်း အဖြစ်ပြန်လည်တင်မြှောက်ခံရပါတယ် အားပေးကြတဲ့ အမျိုးများအားလုံးကို ကျေးဇူးတင်ပါတယ်။

ယခုဆို အနုပညာသက်တန်းက (22)နှစ်ရှိ ခဲ့ပါပြီ ကျေနပ်စရာ နေရာတခုကိုလည်း ပိုင်ဆိုင်ခဲ့ဘူးပါပြီ… ကျမမွေးရတာဟာ မွေးရကြိုးနပ်ပါတယ်..ပြီးတော့ ကျမသူကိုခုလိုနေ့မျိုးမှာဆုတခုလောက်ပေးချင်ပါတယ်..သူဟာ မိသားကိုလည်း အသက်(13)နှစ်အရွယ်လောက် ကတည်းက တဖက်တလမ်းက ကူညီရှာဖွေခဲ့ ပါတယ်..

ဒါကြောင့် ကျမသူ့ကိုမွေးရတာဟာ အရမ်းကို ကျေနပ်စရာကောင်းတဲ့ ဘုရားသခင်ချီးမြင့်ခြင်းခံရတာပါဘဲ ခုလည်း ဘုရားသခင်ကဘဲ သူ့ကို ဆက်လက် အသက်ရှင်ခွင့်တွေပေးနေပါတယ်…နောက်အနှစ်ပေါင်းများစွာထိလည်း ဘုရားသခင်က သူ့ကိုအေးချမ်းသာယာသော ဘဝလမ်းမှာ ခလုပ်မထိဆူးမညိဘဲ လိုရာဆန္ဒနှင့် တထပ်တည်းကျမဲ့ ဆုကျေးဇူးတွေ ဆက်လက်ပေးသွားလိမ့်ဦးမယ်လို့ ကျမထင်ပါတယ်..

ကျမကိုယ်တိုင်လည်း အဲ့ဒီ ဆုကျေးဇူးတွေကို သူ့အတွက် တောင်းပေးချင်ပါတယ်..ဘုရားသခင်… တပည့်တော်မရဲ့သမီးလေးကိုယခုထိကောင်းမွန်သောလမ်းများကိုညွန်လျက်…့ ဆုကျေးဇူးတော်များ ပေးသနားသကဲ့သို့ နောင်နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်ခွင့် ပေးသနားတော်မူပါဘုရားလို့.. ကျမဆုတောင်းပေးပါတယ်…

ကျမ..သူ့အတွက်လက်ဆောင် စာလေးတစောင်လောက် ရေးချင်ပါတယ်…..သမီးရေ….အသက်အရွယ်ဆိုတာ မိမိဘဝအတွက် လက်ဆောင်မွန်တခုပါခပ်ပြေပြေ အဆင်းလမ်းကလေး ရောက်တဲ့အခါဘဝဟာပိုလို့တောင် ပျော်စရာကောင်းပါသေးတယ်တဲ့သမီးရဲ့ အဲ့ဒါက (ဆီနီကာ)ဆိုတဲ့အဆိုရှင်တဦးက တင်စားပြောတာ အမေဖတ်ဖူးတာပါသမီး…အသက်ကြီးလာတာဆိုတာကို ကျေနပ်ရမယ်ဂုဏ်ယူထိုက်တယ်တဲ့..အသက်တနှစ်ကြီးလာတိုင်း ကိုယ်အတွက် လက်ဆောင်မွန်တခုရလို့ ပျော်စရာပါတဲ့…ဒါကြောင့် မွေးနေ့မှာကောင်းမှု့ပြုရမယ် နေ့စဉ်ကိုယ်စိတ်နှလုံးသုံးပါးကလူသာတွေအားအကျိုးဖြစ်ပါစေ….ပြီးရင်တော့အလှုအတန်းနဲ့ဒါနပြုရမယ် သမီးရဲ့မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းများနဲ့ စိတ်ချမ်းသာစွာပျော်ပေတော့လေ….

ပြီးတော့… သမီးရေ.. လွန်ခဲ့တဲ့အတိတ်တုံးကမိမိ အနိုင်ရခဲ့တဲ့ ဆုလပ်တွေကိုလည်း ကိုယ် နဲ့အတူတူတွဲပြီး ကျေနပ်စွာ စဉ်းစားပေးရမယ်…ဒါမှ စိတ်ကြည်နူးစရာတွေ ပါလာမယ်..အမှတ်တရ အောင်မြင်မှု့ရဲ့နောက်ထပ်လည်း အနာဂတ်မှာလည်း အသစ်အသစ်သော အောင်မြင်မှု့ပေါင်းများစွာကိုလည်း ဆက်ယူဘို့ တာဝန်တွေထပ်လိုလာပြီနော် အသိပညာ အတပ်ပညာတွေကို စာရင်းချကြည့်ပါလား အရွယ်ဘယ်လောက်မှာ အကျိုးကျေးဇူးဘယ်နှစ်ခု ရတယ်ဆိုတာရယ် ရခဲ့တဲ့အကြောင်းတွေကိုယှဉ်လို့ နောက်ထပ်ဆုလပ်‌တွေရဘို့နဲ့ ရပြီးသားဆုလပ်တွေထိန်းသိမ်းနိုင်ဘို့ကတာဝန်ပိုကြီးပါတယ် ။ (သမီးကို အမေ့ဝမ်းနဲ့ လွယ်ပြီးပျော်ရွင်စွာ ဆုတခု ရခဲ့တဲ့နေ့ဒီနေ့ပေါ့) (အမေရဲ့ မွေးနေ့လက်ဆောင် ဆောင်းပါး) အမေ ဒေါ်ဖြူဖြူစိုး…(27.5.2020) ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *

twelve − nine =