လမ်းတွေပေါ်မှာ ထုံးဖြူးရုံ နဲ့ ကိုဗစ်ကို ကာကွယ်နိုင်ပြီလား ဆိုတဲ့ မေးခွန်း ရဲ့ အဖြေ

ထုံးကပိုးသေတယ်ဆိုပြီး လမ်းပေါ် ထုံးဖြူးထားချက်က ကားတခါ ဖြတ်မောင်းသွားတိုင်း မြူ တွေဆိုင်းနေသလိုလို အိမ်ထဲထိတောင် ဖွေးနေတာပဲ။ နှာခေါင်းကလော်လိုက်ရင် နှပ်ချေးတောင်ဖွေးဖွေးဖြူတယ်။ ဒါနဲ့ မေးပါရစေဦး….

ပိုးက မြေကြီးပေါ်မှာ အချိန်ကြာကြာ အသက်ရှင်နိုင်လို့လား? လူတွေက မြေကြီးကို လက်နဲ့ကိုင်နေကြလို့လား? လမ်းပေါ်ဖြူးရင် အိမ်ထဲက ပိုးပါသေလို့လား?အိမ် ၂ အိမ်ကြားကလမ် းကို ဖြူးလိုက်ရင် ဟိုဘက်အိမ်ကပိုးက ဒီဘက်ကို ပုရွက်ဆိတ်လေးလို လမ်းလျှောက်မလာနိုင်တော့လို့လား?ကိုဗစ်ပိုးက ဘယ်လို ကူးစက်တတ်လဲ ဆိုတာ မသိကြလို့လား?

တကယ်ဆိုရင် …(၁) ပိုးရှိသူရဲ့ အာငွေ့နဲ့တံတွေးစင် ထားတဲ့ အရာဝတ္တုတွေ (တံခါးလက်ကိုင် လှေကားလက်ရမ်း ပိုက်ဆံ ရေဘုံပိုင်ခေါင်း စသဖြင့်) ကိုင်မိပြီး အဲ့လက်နဲ့ ပါးစပ်နှာခေါင်းကို ကိုင်မိရင်ကူးပါတယ်။ ဒါကြောင့် လက်ဆေးပါ။ အိမ်သန့်ရှင်းရေးလုပ်ရင် ပိုးသတ်ဆေးရည်ကို ရေပတ်ဝတ်သုံးပြီး အထိအကိုင်များတဲ့ နေရာတွေ ကို တိုက်ချွတ်ဆေးကြောတာ ပိုထိရောက်ပါတယ်။

(၂) ပိုးရှိသူ ရှူထုတ်လို က်တဲ့လေကို ၆ ပေအကွာမှာ တိုက်ရိုက်ရှူမိရင် ကူးနိုင်ပါတယ်။ ဒါကြောင့် လေဝင်လေထွက်ကောင်းအောင်နေပါ။ အလုံပိတ်ခန်းရှောင်ပါ။ မာစ်ဝတ်ကြပါ။ လူစုလူဝေးရှောင်ပါ၊ သူများအိမ် သွားမလည်ပါနဲ့။မှန်ကန်သောနည်းလမ်းများနဲ့ အကျိုးရှိရှိကာကွယ်နိုင်ကြပါစေ။

source : MED INFO MYANMAR

zawgyi

ထုံးကပိုးေသတယ္ဆိုၿပီး လမ္းေပၚ ထုံးျဖဴးထားခ်က္က ကားတခါ ျဖတ္ေမာင္းသြားတိုင္း ျမဴ ေတြဆိုင္းေနသလိုလို အိမ္ထဲထိေတာင္ ေဖြးေနတာပဲ။ ႏွာေခါင္းကေလာ္လိုက္ရင္ ႏွပ္ေခ်းေတာင္ေဖြးေဖြးျဖဴတယ္။ ဒါနဲ႔ ေမးပါရေစဦး….

ပိုးက ေျမႀကီးေပၚမွာ အခ်ိန္ၾကာၾကာ အသက္ရွင္ႏိုင္လို႔လား? လူေတြက ေျမႀကီးကို လက္နဲ႔ကိုင္ေနၾကလို႔လား? လမ္းေပၚျဖဴးရင္ အိမ္ထဲက ပိုးပါေသလို႔လား?အိမ္ ၂ အိမ္ၾကားကလမ္ းကို ျဖဴးလိုက္ရင္ ဟိုဘက္အိမ္ကပိုးက ဒီဘက္ကို ပု႐ြက္ဆိတ္ေလးလို လမ္းေလွ်ာက္မလာႏိုင္ေတာ့လို႔လား?ကိုဗစ္ပိုးက ဘယ္လို ကူးစက္တတ္လဲ ဆိုတာ မသိၾကလို႔လား?

တကယ္ဆိုရင္ …(၁) ပိုးရွိသူရဲ႕ အာေငြ႕နဲ႔တံေတြးစင္ ထားတဲ့ အရာဝတၱဳေတြ (တံခါးလက္ကိုင္ ေလွကားလက္ရမ္း ပိုက္ဆံ ေရဘုံပိုင္ေခါင္း စသျဖင့္) ကိုင္မိၿပီး အဲ့လက္နဲ႔ ပါးစပ္ႏွာေခါင္းကို ကိုင္မိရင္ကူးပါတယ္။ ဒါေၾကာင့္ လက္ေဆးပါ။ အိမ္သန႔္ရွင္းေရးလုပ္ရင္ ပိုးသတ္ေဆးရည္ကို ေရပတ္ဝတ္သုံးၿပီး အထိအကိုင္မ်ားတဲ့ ေနရာေတြ ကို တိုက္ခြၽတ္ေဆးေၾကာတာ ပိုထိေရာက္ပါတယ္။

(၂) ပိုးရွိသူ ရႉထုတ္လို က္တဲ့ေလကို ၆ ေပအကြာမွာ တိုက္႐ိုက္ရႉမိရင္ ကူးႏိုင္ပါတယ္။ ဒါေၾကာင့္ ေလဝင္ေလထြက္ေကာင္းေအာင္ေနပါ။ အလုံပိတ္ခန္းေရွာင္ပါ။ မာစ္ဝတ္ၾကပါ။ လူစုလူေဝးေရွာင္ပါ၊ သူမ်ားအိမ္ သြားမလည္ပါနဲ႔။မွန္ကန္ေသာနည္းလမ္းမ်ားနဲ႔ အက်ိဳးရွိရွိကာကြယ္ႏိုင္ၾကပါေစ။

source : MED INFO MYANMAR

Add a Comment

Your email address will not be published. Required fields are marked *

one + 8 =