ဒါရိုက်တာ ဝိုင်း ရဲ့ စွပ်စွဲချက် ကို အစ်ကို့ ကြည့်ရတာ အကုသိုလ်များလိုက်တာ Fb ပါ ရွေးကောက်ပွဲပြီးမှ သုံးရတော့ မှာလား လို့ ဒဲ့ပြောလိုက်တဲ့ ယုန်လေး

ယုန်လေးကတော့ အနုပညာ ကို သူများထက် ဝါသနာကြီး သူဖြစ်ပြီး သူချပြတဲ့ တစ်ချို့သော အနုပညာတွေဟာ အများပြည်သူအတွက် အထင်အမြင်လွဲမှားစရာတွေဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ယုန်လေး ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဖိနပ်ကြော်ငြာတစ်ခုဟာ ပရိသတ်တွေအပြင် အနုပညာ အသိုင်းအဝိုင်းကပါ ဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။ နိုင်ငံကျော် ဒါရိုက်တာ သရုပ်ဆောင်ဝိုင်းကလည်း “ယုန်ကိုအာရုံရောက်နေရင် နောက်ကမိထားတဲ့ကျား လွတ်သွားလိမ့်မယ်။ လက်မည်းတာကောနဲ့ အာဏာရှင်တွေက အာရုံလွှဲတာ သိပ်တော်တာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဒါရိုက်တာဝိုင်း ရဲ့ ရေးသားချက်နဲ့ ပက်သတ်ပြီး “ကိုဝိုင်းရေ အစ်ကို့ ကြည့်ရတာအကုသိုလ်များလိုက်တာဗျာ။ကျွန်တော် အစ်ကို့ အနုပညာကို လေးစားတဲ့လူပါ။အစ်ကို့ကို တစ်ခါမှ Foul မထုဖူးပါဘူး။ တွေ့တိုင်းလည်း လေးလေးစားစားဆက်ဆံပါတယ်။ဘယ်လိုဖြစ်လို့ နိုင်ငံရေးထဲ လိုက်ဆွဲ ထည့်နေတာလဲ? ဘယ်သူကရော MI STAR ကြေညာ ကို စိတ်ဝင်စား ခိုင်းလို့လဲ? မိန်းကလေး အကောင့်အစစ်တွေ တချို့ တကယ်သူတို့ကြည့်ရတာ အဆင်မပြေ ဖြစ်သွားလို့ ဆဲတယ်။ နောက် ကျွန်တော် အလုပ်လုပ်ရင်ပိုဆင်ခြင်ရမယ်။ ဒီလောက်ပဲ မဟုတ်ဘူးလား။ အမူ့မကြီးကြီး အောင်ဆွဲချဲ့ကျတယ်။ ကြီးသွားတော့ အာရုံလွှဲအောင် လုပ်တယ်ဆိုပြီး ထပ်စွပ်စွဲတယ်။ အနုပညာအလုပ် အကုန်ရပ် ပေးစေချင်တာလား။ Fb ပါရွေးကောက်ပွဲပြီးမှ သုံးရတော့ မှာလားဗျာ” ဆိုပြီး ရေးသားထားပါတယ်။

ယုန်လေးကတော့ ဖိနပ်ကြော်ငြာ နဲ့ အမျိုးသမီးတွေကြား မှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေခံနေရသလို အနုပညာရှင်အချင်းအချင်းကလည်း သူ့ကို စွပ်စွဲနေကြတယ်လို့ ဆိုလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yone Lay’s fb

zawgyi

ယုန္ေလးကေတာ့ အႏုပညာ ကို သူမ်ားထက္ ဝါသနာႀကီး သူျဖစ္ၿပီး သူခ်ျပတဲ့ တစ္ခ်ိဳ႕ေသာ အႏုပညာေတြဟာ အမ်ားျပည္သူအတြက္ အထင္အျမင္လြဲမွားစရာေတြျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း ယုန္ေလး ကိုယ္တိုင္႐ိုက္ကူးထားတဲ့ ဖိနပ္ေၾကာ္ျငာတစ္ခုဟာ ပရိသတ္ေတြအျပင္ အႏုပညာ အသိုင္းအဝိုင္းကပါ ေဝဖန္ေနၾကတာပဲ ျဖစ္ပါတယ္။ ႏိုင္ငံေက်ာ္ ဒါ႐ိုက္တာ သ႐ုပ္ေဆာင္ဝိုင္းကလည္း “ယုန္ကိုအာ႐ုံေရာက္ေနရင္ ေနာက္ကမိထားတဲ့က်ား လြတ္သြားလိမ့္မယ္။ လက္မည္းတာေကာနဲ႔ အာဏာရွင္ေတြက အာ႐ုံလႊဲတာ သိပ္ေတာ္တာ” ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

ဒါ႐ိုက္တာဝိုင္း ရဲ႕ ေရးသားခ်က္နဲ႔ ပက္သတ္ၿပီး “ကိုဝိုင္းေရ အစ္ကို႔ ၾကည့္ရတာအကုသိုလ္မ်ားလိုက္တာဗ်ာ။ကြၽန္ေတာ္ အစ္ကို႔ အႏုပညာကို ေလးစားတဲ့လူပါ။အစ္ကို႔ကို တစ္ခါမွ Foul မထုဖူးပါဘူး။ ေတြ႕တိုင္းလည္း ေလးေလးစားစားဆက္ဆံပါတယ္။ဘယ္လိုျဖစ္လို႔ ႏိုင္ငံေရးထဲ လိုက္ဆြဲ ထည့္ေနတာလဲ? ဘယ္သူကေရာ MI STAR ေၾကညာ ကို စိတ္ဝင္စား ခိုင္းလို႔လဲ? မိန္းကေလး အေကာင့္အစစ္ေတြ တခ်ိဳ႕ တကယ္သူတို႔ၾကည့္ရတာ အဆင္မေျပ ျဖစ္သြားလို႔ ဆဲတယ္။ ေနာက္ ကြၽန္ေတာ္ အလုပ္လုပ္ရင္ပိုဆင္ျခင္ရမယ္။ ဒီေလာက္ပဲ မဟုတ္ဘူးလား။ အမူ႔မႀကီးႀကီး ေအာင္ဆြဲခ်ဲ႕က်တယ္။ ႀကီးသြားေတာ့ အာ႐ုံလႊဲေအာင္ လုပ္တယ္ဆိုၿပီး ထပ္စြပ္စြဲတယ္။ အႏုပညာအလုပ္ အကုန္ရပ္ ေပးေစခ်င္တာလား။ Fb ပါေ႐ြးေကာက္ပြဲၿပီးမွ သုံးရေတာ့ မွာလားဗ်ာ” ဆိုၿပီး ေရးသားထားပါတယ္။

ယုန္ေလးကေတာ့ ဖိနပ္ေၾကာ္ျငာ နဲ႔ အမ်ိဳးသမီးေတြၾကား မွာ ျပင္းျပင္းထန္ထန္ ေဝဖန္မႈေတြခံေနရသလို အႏုပညာရွင္အခ်င္းအခ်င္းကလည္း သူ႔ကို စြပ္စြဲေနၾကတယ္လို႔ ဆိုလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yone Lay’s fb

Add a Comment

Your email address will not be published. Required fields are marked *

nineteen − fourteen =