ထီဖွင့်တဲ့ မနက်မှာ ဘဝ ကို ပြောင်းလဲသွားစေတဲ့ ဖုန်းတကော

လှံထမ်းလာတာပဲ မြင်ရတယ် ကံထမ်းလာတာ မမြင်ရဘူး ဆိုတာ တယ်မှန်သကို

ဖုန်းသံမြည်လာ လို့ ကြည့်လိုက်တော့ နံပါတ်ကအစိမ်းကြီး ဘယ်ကပါလဲဆိုပြီး ဖုန်းကိုင်လိုက်တော့… “ဟယ်လို——–ထီဆိုင်ကပါခင်ဗျ…” ဝုန်းကနဲထထိုင်လိုက်ပြီး ကတုန်ကရင်ဖြစ်သွားတဲ့စိတ်တွေကြောင့် စကားလုံးတွေတောင် ရစ်သမ်မမှန်ချင်တော့

“ဟယ်လို ဟယ်လို ဟုတ်ကဲ့ပြောပါ” “——— ထီဆိုင်က ထီများထိုးထားသေးလားဗျ” “ဟာ…ဟုတ် ထိုးတာ ပေါ့ဗျာ အဲ့ထီသည်ဆီက ကျွန်တော်လတိုင်းထိုးတာဗျ ဒီတစ်ပါတ်မှာလည်း ထိုးထားပါတယ်ဗျ…” စကားတွေကရားရေလွှတ်တွေပြောမိပြီး ရင်တွေကလဲခုန် အင်း ခြေထောက်တွေ ပါတုန်နေတာဗျ

တစ်ဖက်က ပြောလာမယ့် စကား ကို ရင်မောစွာ စောင့်နေမိ ခေါင်းထဲမှာရော မျက်လုံးထဲမှာပါ တိုက်တွေပေါ်လာလိုက် ၊ ကားတွေမြင်လိုက်နဲ့ပေါ့ဗျာ… ဟီးဟီး…ဖြစ်နေတာဖြစ်နေတာ ..

“လူကြီးမင်း အဲ့ဆိုင်က ထီထိုးထားသာ သေချာ ရင်တော့ စိတ်မကောင်းပါဘူး အဲ့ထီသည်ဦးကြီး ကိုဗစ် ကူးစက်ခံထားရပြီမို့ သူ့ထံမှ ထီထိုးထားသူအားလုံး ၂၁ ရက် Q ဝင်ရပါမယ် ဆေးစစ်ရပါမယ်….. အခုပဲလူကြီးမင်းကို လာရောက် ခေါ်ဆောင် တော့မှာမို့ အဆင်သင့်ပြင်ဆင်ထားဖို့ အကြောင်းကြားတာပါ ဒါပါပဲ” …..ဂွပ်…. “တိန်”

Zaw Zaw Aung Aung

zawgyi

လွံထမ္းလာတာပဲ ျမင္ရတယ္ ကံထမ္းလာတာ မျမင္ရဘူး ဆိုတာ တယ္မွန္သကို

ဖုန္းသံျမည္လာ လို႔ ၾကည့္လိုက္ေတာ့ နံပါတ္ကအစိမ္းႀကီး ဘယ္ကပါလဲဆိုၿပီး ဖုန္းကိုင္လိုက္ေတာ့… “ဟယ္လို——–ထီဆိုင္ကပါခင္ဗ်…” ဝုန္းကနဲထထိုင္လိုက္ၿပီး ကတုန္ကရင္ျဖစ္သြားတဲ့စိတ္ေတြေၾကာင့္ စကားလုံးေတြေတာင္ ရစ္သမ္မမွန္ခ်င္ေတာ့

“ဟယ္လို ဟယ္လို ဟုတ္ကဲ့ေျပာပါ” “——— ထီဆိုင္က ထီမ်ားထိုးထားေသးလားဗ်” “ဟာ…ဟုတ္ ထိုးတာ ေပါ့ဗ်ာ အဲ့ထီသည္ဆီက ကြၽန္ေတာ္လတိုင္းထိုးတာဗ် ဒီတစ္ပါတ္မွာလည္း ထိုးထားပါတယ္ဗ်…” စကားေတြကရားေရလႊတ္ေတြေျပာမိၿပီး ရင္ေတြကလဲခုန္ အင္း ေျခေထာက္ေတြ ပါတုန္ေနတာဗ်

တစ္ဖက္က ေျပာလာမယ့္ စကား ကို ရင္ေမာစြာ ေစာင့္ေနမိ ေခါင္းထဲမွာေရာ မ်က္လုံးထဲမွာပါ တိုက္ေတြေပၚလာလိုက္ ၊ ကားေတြျမင္လိုက္နဲ႔ေပါ့ဗ်ာ… ဟီးဟီး…ျဖစ္ေနတာျဖစ္ေနတာ ..

“လူႀကီးမင္း အဲ့ဆိုင္က ထီထိုးထားသာ ေသခ်ာ ရင္ေတာ့ စိတ္မေကာင္းပါဘူး အဲ့ထီသည္ဦးႀကီး ကိုဗစ္ ကူးစက္ခံထားရၿပီမို႔ သူ႔ထံမွ ထီထိုးထားသူအားလုံး ၂၁ ရက္ Q ဝင္ရပါမယ္ ေဆးစစ္ရပါမယ္….. အခုပဲလူႀကီးမင္းကို လာေရာက္ ေခၚေဆာင္ ေတာ့မွာမို႔ အဆင္သင့္ျပင္ဆင္ထားဖို႔ အေၾကာင္းၾကားတာပါ ဒါပါပဲ” …..ဂြပ္…. “တိန္”

Zaw Zaw Aung Aung

Add a Comment

Your email address will not be published. Required fields are marked *

one × one =