သူမအိမ်ကိုပြန်လာရင် အရင်လိုမဟုတ်တော့ပဲ ကြိုဆိုမယ့်သူရှိနေပြီဖြစ်ကြောင်း ပရိတ်သတ်ကြီးကို ထုတ်ကြွားလိုက်တဲ့ “အေးမြတ်သူ”

အနုပညာလမ်းကြောင်း တစ်လျှောက်မှာ အောင်မြင်မှု တစ်နေရာကို ရယူထားနိုင်တဲ့ မင်းသမီးအေးမြတ်သူ ကတော့ ခုလက်ရှိအချိနိမှာ အပျိုကြီးလို့တောင်တင်စားပြီးခေါ်နေကြပြီဲဖြစ်ပါတယ်နော်.. မင်းသမီးအေးမြတ်သူတော့ မိန်းကလေးတိုင်း အားကျရလောက်အောင် လှပတဲ့ ခန္ဓာကိုယ်အလှကို ပိုင်ဆိုင် ထားသူ ဖြစ်ပြီး သူမကိုယ်တိုင်ကလည်း လေ့ကျင့်ခန်းတွေမှန်မှန်ပြုလုပ်နေပုံ ကိုလည်း သူမရဲ့လူမှုကွန်ယက် စာမျက်နှာ ထက်မှာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်အောင် တင်ပေးနေတာ ဖြစ်ပါတယ်။

အေးမြတ်သူကတော့ မြန်မာဇာတ်လမ်းတွဲတွေ ထဲမှာလည်း ကျရာနေရာကနေပါဝင် သရုပ်ဆောင်နိုင်ပြီး ခုလက်ရှိအချိန်မှာတော့ အေးမြတ်သူက မြန်မာနိုင်ငံအရေးနဲ့ ပက်သက်လို့လည်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တယ်လို့လည်း ပြည်သူတွေ ကပြောသလို တစ်ချို့ဝေဖန်သူတစ်ချို့ကလည်း စစ်တပ်ဘက် ကို အလှူတွေလုပ်ပြီး ထောက်ခံတယ်လို့လည်း သတင်းတွေထွက်လာခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း သူမကတော့ ဝေဖန်မှုတွေကို ဖြေရှင်းချက်ပေးမလာခဲ့ပါဘူးနော်…

သူမရဲ့တစ်နေ့တာ လှုပ်ရှားမှုတွေကိုလည်း ဖေ့ဘုတ် စာမျက်နှာမှာ တင်မလာတော့ဘဲ Instagram မှာပဲ တင်လာတော့တာ ဖြစ်ပါတယ်နော်.. ဒီနေ့လေးမှာလည်း အေးမြတ်သူက သူမကိုအိမ်ပြန်လာရင် ကြိုသူရှိနေပြီ လို့ရေးသားလာပြီး သူမချစ်တဲ့ ခွေးလေးနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေကို တင်ပေးလာတာ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း သူမ ချစ်တဲ့ ခွေးလေးက အေးမြတ်သူအမောပြေအောင် ကြိုဆိုပုံလေးတွေကိုကြည့်ပြီး ချစ်ပေးကြပါအုံးနော်..

Source: Myatlay

zawgyi




Source: Myatlay