ဖက်ရှင် လန်းလန်းလေး နဲ့ ဈေး၀ယ်ထွက်ရင်း လှပကျော့ရှင်းနေ တဲ့ သင်ဇာ၀င့်ကျော်

ပရိသတ်ကြီးရေ….ပုရိသတွေ ရဲ့ အသည်းကျော် မင်းသမီးချောလေး ဖြစ်တဲ့ သင်ဇာ၀င့်ကျော်ကိုအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အမြဲမိမိုက်နေတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ပွဲအခမ်းအနားတက်ရောက်လေ့ရှိတာကြောင့် ပရိသတ်တွေကြားရေပန်းစား‌တဲ့ မင်းသမီးတစ်လက် ဆိုလည်း မှားမယ် မထင်ပါဘူး။ သရုပ်ဆောင်ပိုင်း မှာလည်း ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံးပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ကားကြီးတွေလည်းအောင်မြင်အောင် ရိုက်ကူးထားနိုင်သူလေးပါ။

သင်ဇာ၀င့်ကျော်ဟာ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး မိန်းကလေးချင်းပါ‌ အရမ်းကြွေရတဲ့ သူလေးပါ။ သူမဟာ ခန္ဓာကိုယ်လှပဖို့အတွက်လည်း လေ့ကျင့်ခန်းတွေကိုအပြင်းအထန်ကြိုးစားလုပ်လေ့ရှိတဲ့သူလည်းဖြစ်ပါတယ်။
အခုလက်ရှိမှာဆိုရင်လည်း stay home ကာလဖြစ်တာကြောင့် သင်ဇာလေးဟာ အိမ်မှာနေရင်းနဲ့ workout challenge တွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်နော်….။

သင်ဇာ၀င့်ကျော်ဟာ မကြာသေးမီ ကတော့ သူမ ရဲ့ Facebookစာမျက်နှာမှာ “လိုအပ်တော့လဲ ထွက်ဝယ်ရတာပေါ့ … ဘယ်တတ်နိုင်မလဲ” ဆိုတဲ့ captionလေးနဲ့ ဈေး၀ယ်ထွက်နေတဲ့ ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် သင်ဇာလေးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Photo credit-Thinzar Wint Kyaw’s Facebook acc

zawgyi





Add a Comment

Your email address will not be published. Required fields are marked *

16 − 9 =