အဆိုတော်လင်းလင်း ကို အရူးအမူး ကြိုက်ရတဲ့ အကြောင်းအရင်းကို အတိအကျပြောပြလိုက်တဲ့ G FATT”
ပရိသတ်ကြီးရေ G-Fattကတော့ ထိမိတဲ့စာသားတွေကိုသီဆိုတတ်တာကြောင့် တစ်နိုင်ငံလုံးကပရိသတ်တွေ အားပေးဝန်းရံခြင်းခံရတဲ့ အဆိုတော်တစ်ဦးဆိုတာ အမှန်ပါပဲနော်။ အခုလက်ရှိအချိန်ထိ ယောကျာ်းလေးမိန်းကလေးပရိသတ်တွေသာမက ကလေး အရွယ်တွေကပါ အားပေးဝန်းရံခြင်း ခံရသူပါ။ သီချင်းသစ်တွေထွက်လာတဲ့အခါတိုင်း ပရိသတ်ရင်ထဲကိုတစ်နည်းမဟုတ်တစ်နည်းနဲ့ ပရိသတ်ရင်ထဲ ထိရှအောင် ဖန်တီးတတ်တဲ့ အဆို ရှင်တစ်ဦး ဖြစ်ပြီး လူငယ်တွေလက်တွေ့ဘဝမှာ ကြုံတွေ့ရတတ်တဲ့ အချစ်ရေးပုံစံတွေကိုထိထိမိမိနဲ့ ပုံဖော်ရေးတတ်တဲ့ တေးရေးဆရာတစ်ဦးလို့တောင် တင်စားရမှာပါ။
G-Fatt တစ်ယောက်ကတော့အခုချိန်မှာ သူ့ရဲ့ ပရိသတ်တွေနဲ့ အနုပညာအလုပ်တွေကိုပဲ အချိန်ပေးကာ Singleအဖြစ်နဲ့ ပေါ့ပါးပျော်ရွှင်စွာနေထိုင်နေတာပဲ ဖြစ်ပါတယ် လက်ရှိမှာလည်းသူ့ရဲ့ Idol ဖြစ်တဲ့ အဆိုတော်လင်းလင်းကို အရူးအမူးကြိုက်ရတဲ့အကြောင်းအရင်းကိုပြောပြ ခဲ့တာပါ။ ”ကိုယ်အရူးအမူးကြိုက်ရတာလဲ မပြောနဲ့ ဖန်တီးမှုနဲ့ အနုပညာကိုလဲ ရှိူးလိုက်ဦး ၊ လူငယ်ဘဝ သက်တမ်းတစ်လျောက်ရဲ့ အကြိုက်ဆုံးသီချင်း တွေ သူ့ဆီက လာတယ် ။ဒီနေ့က သူ့မွေးနေ့ ၊ ထုတ်ပေးလိုက်တဲ့ သီချင်းက ၆မိနစ်ကျော် ၇မိနစ်နီးပါးရှိတယ် (ကိုယ်အမှတ် မမှားရင် အိမ်မက်ထဲက စစ်သားကြီးပြီးရင် ဒီသီချင်းက မိနစ်အရှည်ဆုံးပဲထင်တယ်) ၆မိနစ်ကျော်မှာ ထည့်ထားတဲ့ MusicArrangement က သေလို့ရတယ်။
“ခေတ်အဆက်ဆက် ကမ်းမယ့်လက်မှာ ပန်းများပွင့်စေ သမိုင်း တစ်ကွေ့က အသက်ဝိဉာဉ်များစွာ ကိုဦးညွှတ်ကာ ငါတို့အောင်လံမြဲဖို့ ဆုတောင်း”This is a kind of Artist I knowThat is why he is the one I admire and respect”ဆိုတဲ့စာလေးနဲ့ ဖော်ပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source:GFatt
Candy-CeleConnections
zawgyi
Source:GFatt
Add a Comment
Your email address will not be published. Required fields are marked *
nine + 19 =