စနောက်မိရာ မှ သရဲ အကောင်(၂၀)ထက် မနည်း အိမ်ကို လိုက်လာပီး ဒုက္ခပေး တဲ့ ဖြစ်ရပ်မှန်
ကျွန်မ တို့ မိသားစု မှာ တကယ်ဖြစ်ခဲ့တာပါ။ ကျွန်မ တို့ခြံ (အခုတော့ ကန်ထရိုက် တိုက်) က တာမွေမြို့နယ် ကျိုက်က္ကဆံေ ဘာလုံးကွင်းနဲ့ ကပ်ရပ်မှာ ရှိပါတယ်။ ကျွန်မတို့ အဖိုး ကေ တာ့ ဒီဇာတ်လမ်းလေး ရဲ့မင်းသားပေါ့ ။ အဖိုး ကအလုပ် အရမ်း လုပ်သူပါ… အိမ်မှာလဲ ဆေးပြင်းလိပ်ခုံထောင်ထားသလို ဇတ်ပွဲကန်ထရိုက် လည်းလုပ် ပါတယ်… မိသားစု ကို သံယော ဇဉ် ကြီး သလို ပျော်ပျော်လည်းနေတတ်သူပေါ့။ ဒါပေမဲ့ ကံကြမ္မာက အဖိုး ကို ကုသမရတဲ့ ကင်ဆာရောဂါ ကို ပေးခဲ့ပါတယ်။ဇာတ်လမ်း ကတော့ အဖိုး အသုဘ မြေချ တဲ့ရက်မှာစတာပါ။ မြေ ချတဲ့ ရက်မှာ မိသားစုဝင် ထဲမှာ ယောက်ျား လေး ေ တွရှိေ ပမဲ့ အားလုံးကသောက အပူတွေနဲ့ဆိုတော့ အဖိုးလိပ်ပြာပြန်ခေါ်ဖို့ ကိုသတိမရကြဘူးပေါ့။ ဒါပေမဲ့ အဖိုး ရဲ့ဆေးလိပ်ခုံ အလုပ် သမား အကိုကြီးတစ်ယောက်က လိပ်ပြာပြန်ခေါ် ခဲ့ပါတယ်။ သူက အင်မတန် အစအနောက်သန်တယ်လေ။ လိ ပ်ပြာခေါ်တော့လည်း သူ့အကျင့်ကဖျောက်မရဘဲ အဖိုးနာမည်နဲ့ လိပ်ပြာ ကိုေ ကာင်းကောင်းမခေါ်ဘဲ
“ကဲ…လိုက် ချင်တဲ့ သူတွေ လိုက်ခဲ့ကြ ငါ့အဘ တစ်ယောက် ထဲပျင်းနေမှာ စိုးလို့ ဆိုပြီး “ပြောပြီးခေါ်လာသတဲ့ အဲ့ဒါကိုကျွ န်မတို့ မိသားစုတွေမသိလိုက်ပါဘူး။ အဖိုး ကလူချစ် လူခင်ေ ပါတော့ နာရေးမှာ လူစီခဲ့သလို အိမ်မှာလဲ သတင်းလာမေး သူတွေနဲ့အလွန်ကိုစည်ကားနေပါတယ်… အဲ…. ၇ ရက်ပြည့်တဲ့ ရက်လည် ညမှာတော့ အိမ်မှာ မိသားစုဝင် တွေနဲ့ အ လုပ်သ မား ၂ ယောက်လောက်ပဲအိမ်မှာရှိတော့တယ်။ ၁၂နာရီထိုးတဲ့အထိ နေရမှာဆိုတော့ မိသားစုတွေ ဖဲရိုက်ရင်းေ စာင့်မယ်ပေါ့။အဲ…အဲ့မှာစတွေ့တော့တာပဲ… ဝိုင်း စတည်တုန်းရှိသေးတယ်.. အိမ် တံခါးမကြီးမှာချိတ်ထားတဲ့ သော့ ခလောက် အကြီး ကြီးက သူဘာသာသူ လှုပ်နေတာ ကို တံခါးကို မျက်နှာမူပြီးထိုင်တဲ့ ကျွန်မတို့ဘကြီးကစမြင်ပါလေရော… အဘ ကအား လုံးကို သတ င်းပေး အားလုံးလည်း ပူးကပ်ပြီး တံခါး ကိုမျက်နှာ မူထိုင်လိုက်တော့ သော့လှုပ်တာက ပိုကြမ်းလာပြီး တံခါးကို လည်း တစ်ယောက်ယောက်ကကိုင်လှုပ်နေသလို တဝုန်းဝုန်း တဒိုင်း ဒိုင်းဖြစ်နေတော့ အမေက နင်တို့ အဖိုးနင်တို့ ကို နှုတ်ဆက်နေတာလို့ ပြောနေတုန်း မှာပင် နောက်ဖေးကနေရေချိုးနေသံကြားပြန်ရောလေ…။
နောက်မီးဖိုချောင်မှာ ခုံဖိနပ် နဲ့လမ်းလျှောက်နေသံ တဒေါက်ဒေါက် ကိုလည်းထပ်ကြားနေပြန် ရော… ကျွန်မတို့မိသား စု လည်းကြောက်လွန်းလို့ အသားတွေလည်းတုန် ချွေးတွေးလည်းပြန်… ဘုရားစာတွေရွတ်တာလည်း ကပြောင်းကပြန်ေ တွဖြစ်နေတုန်းမှာအိမ် ရဲ့ဘေးနံရံတွေကို လူအယောက် ၂၀ လောက်ဝိုင်းထုနေသလို တဝုန်းဝုန်းထုကြပါတယ်… ကျွန် မတို့ လည်းကြော က် လို က်တာမှ လိပ်ပြာလွှင့်မတတ်ပါပဲ။
အဲခံစားချက်က ဒီတစ်သက်မေ့နိုင် မှာမဟုတ်ပါဘူး။ ကျွန်မ စိတ်ထဲမှာလည်း မိုးမြန်မြန်လင်းစေချင်နေပါတော့တယ်။ အရင်ကဆို ကျောင်းတက်ရမှာပျင်းလို့ မိုးမြန်မြန် မလင်းစေချင်ခဲ့ ပါဘူး။ အဲလိုနဲ့ ရသမျှ ဘုရားစာတွေဝိုင်းကြရင်း အသံတွေလည်းကြားရင်းနဲ့ မနက်လင်းသွားပါတယ်… အလင်းရောင်ရတော့ အသံတွေအားလုံးက ညကသူ မဟုတ် ခဲ့သလိုပါပဲ။ တိတ်ဆိတ်ြ ငိမ် သက်လို့။
အိမ်ကလူကြီးတွေလည်း ကျွန်မတို့မိသားစု ကိုးကွယ်တဲ့ ဘုန်းဘုန်းကြီးကိုသွားပါတယ်။ ဘုန်းဘုန်း ကြွလာတော့ အိမ် ဝရောက်ရောက်ချင်း အိမ်ထဲ ကိုမလာသင့်တဲ့ ဧည့်သည်တွေေ ရာက်ေ နတာပဲလို့… မိန့်တယ်..။ပြီးတော့ မနေ့ကလိပ်ပြာပြန်ခေါ်လာတာ ဘယ်သူလည်းလို့မေးတော့ အလုပ်သမား အကိုကြီးက သူပါလို့ပြောတယ်… အဲ့တော့ဘုန်းဘုန်းက ဒါကာ ဘယ် လိုေြ ပာ ပြီး ပန်ခေါ်လာတာလည်းလို့မေးတယ်…။ အကိုကြီးက ဖြစ်ကြောင်းကုန်စဉ်ပြန်ပြောပြတယ်။ ကျွန်မတို့ မိသားစုလည်းတအံ့တသြပေါ့။ ဘုန်းဘုန်း က မိန့်တယ်… သရဲအကောင် ၂၀ ထက် မနည်းပါလာတယ်တဲ့လေ…။နှစ်ချို့သရဲ ကြီးတွေ လည်းတွေလည်း ပါတယ်လေ။ အဲဒါကြောင့် ကျွန်မတို့ဘုရားစာရွတ်လည်း မရခဲ့တာပေါ့…။ ဘုန်း ဘုန်း ကထပ်မိန့်တယ်… သူတို့က ခြံထဲက သ ရက်ပ င်ကို အမှီပြုတော့ မှာတဲ့… အမေလည်း အဲဒါဆို တပည့်တော်တို့ ဘယ်လိုလုပ်ရမလဲ လျှောက်တော့ ဘုန်းဘုန်းက ညနေခြံထဲမှာ ပရိတ်ရွတ် ဖို့ပြင်ဆင် ထားရန်မိန့်ပြီးတော့ ပြန်ြ ကွ သွားပါတယ်။ ညနေ ၄ နာရီလောက်ကျတော့ သူတို့လည်း ဇာတ်လမ်းပြန်စပြီး အသံပလံတွေစပေးပါတော့တယ်…။
ကျွန်မတို့မိသားစု လည်းရှိ ရှိသမျှ အမျိုးတွေခေါ် ပရိတ်ရွတ်ဖို့ပြင်ဆင်ကြနဲ့ အလုပ်ရှုတ်နေတာ သူတို့ကိုတောင် အချိ န်ပေးပြီးမကြောက်နိုင်တော့ ပါဘူး။ အဲဒါနဲ့ ညနေ ၅ နာရီလော က် ကျေ တာ့ ဘုန်းဘုန်းအပါအဝင် နောက်ဘုန်းဘုန်း ၃ ပါးကြွလာပါတယ် ။ပရိတ်စရွတ်တော့ အိမ်ထဲ မှာလေမုန်တိုင်း ကျသလို အသံတွေဆူညံ ပွက်လောရိုက်နေပါတော့တယ်။ အစမှာ အဲလို ဆူညံပေမယ့် နောက်တဖြည်း ဖြည်းတိုးသွားပြီး အမျှခေါ်တဲ့ အချိန် မှာတော့လုံး ၀ငြိမ်သက် တိတ်ဆိတ် သွားပါတယ်။
ဘုန်းဘုန်းကြီး က ပရိတ်ရေတွေကို သရက်ပင်ကိုသွားလောင်းပါတယ်။ နောက် တော့ ဒါကာ ဒါကာမ တို့မစိုးရိမ် ပါနဲ့ အားလုံး သူနေရာသူပြန်သွားပါပီ ။ ဒီညအေးအေးချမ်းချမ်း အိပ်လို့ရ ပါပြီ လို့မိန့်ပီးပြန်ကြွသွားပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့အကြောက်အရှိန်မသေပဲ တစ်ည လုံးမအိပ်နိုင်ကြပါဘူး ။ သို့သော် ဘာမှ ထူးခြားမှုမရှိပါ. .. အေးအေးချမ်း ချမ်းပါပဲ ။အ လုပ် သ မား အကိုကြီး ကလည်း အဖေ အမေတို့ ကိုတောင်းပန်ပါတယ်… သူ အဲလို မရည်ရွယ်ကြောင်း နောက်ပြော င်ရုံသက်သက်ပြောခဲ့တာဖြစ်ကြောင်း.. တောင်းပန်ခဲ့ သလို ကျွန်မ မိဘေ တွကလည်း လူငယ် မို့ဖြစ်တာပဲလေဆိုပြီး ေ ဗွမယူခဲ့ပါဘူး။ ထူးဆန်း တာက မနက်ကျတော့ ပရိတ်ရေလောင်းခဲ့ သရက်ပင်ကြီးက မနေ့ကပဲ အရွက်အလက်တွေနဲ့ ေ ၀ဝေဆာဆာ ရှိရာ ကေ န ညတွင်းချင်းမှာပဲ မီးရှို့ထားသလို တစ်ပင်လုံးမဲခြောက် လို့နေပါတော့တယ်……….။ ။ ။
Source : Sunthit , Credit_မူရင်းရေးသားသူ , photo : google
လေးစားစွာဖြင့် ခရစ်ဒက်
zawgyi
Add a Comment
Your email address will not be published. Required fields are marked *
14 + 4 =