“ကိုယ့်ထက် အသက်ကြီးတဲ့ ကိုကြီးတွေ ကိုကြိုက်တယ်” လို့ ဝန်ခံလာတဲ့ မင်းသမီးလေး “ဆက်ယွန်းတွယ်တာ”
|ဇာတ်လမ်းတွဲထဲမှာ ဒေါသထွက်ပြီး မုန်းချင်စရာလေးဖြစ်နေ ပေမယ့် အပြင်မှာတော့ အရမ်းချစ်ဖို့ကောင်းတယ်လို့ ပရိသတ်တွေကပြောကြတဲ့ သရုပ်ဆောင် ဆက်ယွန်းတွယ်တာဟာ လက်ရှိအချိန်မှာ ဆိုရင်တော့ တက်သစ်စအနုပညာရှင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုတွေကို လက်ခံရရှိနေပြီပဲဖြစ်ပါတယ်။ အရမ်းအောင်မြင်ခဲ့တယ်လို့ ဆိုရမ ယ့် “ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ထားချင်တယ်”ဇာတ်လမ်းတွဲမှာဆက်ယွန်းတွယ်တာဟာ မြမိုးသူအဖြစ် သရုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။
ထိုဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးတော့ ဆက်ယွန်းတွယ်တာက “သုံးယောက်လုံး ရဲ့အချစ်ကိုမကြိုက်ဘူး ပူလောင်တ ယ်လို့ထင်တယ် တစ်ယောက်ကျတော့လည်း ကိုယ့်မာနကြောင့်ချစ်လိုက်ရတာမျိုးလေ သူ့စိတ်နဲ့ဆိုရင် ချစ်မိမှာမဟုတ်ဘူး မြမိုးသူ ဆိုရင်လည်း ကလေးဆန်ပြီးဘာမှမတွေးဘူး ခဏသာယာမိတဲ့အပေါ်အချစ်လို့ထင်တာဆိုတော့ သုံးယောက်လုံးအချစ်ကို မကြိုက်ဘူး” “မြမိုးသူဆိုတဲ့မိန်းကလေးမျိုး အပြင်မှာရှိခဲ့ရင် သနားဖို့ကေ ာင်းတယ် ဒီလိုကောင်မလေးမျိုးရှိရင် သူ့ကိုအပြစ်မတင်ပဲနဲ့ နိုင်လင်းလိုယောကျ်ားမျိုးကို ပိုပြီးတော့ အပြစ်တင်ရမယ်ထင်တယ်”လို့ သူမရဲ့အမြင်ကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။
ဒေါင်းယာဉ်ပျံဇာတ်လမ်းထဲမှာ ဆက် ယွန်းတွယ် တာဟာ ကျော်ထက်ဇော်နဲ့တွဲဖက်ပြီး ကလေးနဲ့ဦးအဖြစ် သရုပ်ဆေ ာင်ခဲ့တာဖြစ်ပြီး အပြင်ဆ က်ယွန်းတွယ်တာအနေနဲ့ဆိုရင် ချစ်သူကိုဘယ်လိုရွေးချယ်ဖြစ်မလဲဆိုတာကို မေးမြန်းကြည့်ခဲ့ရာ ဆက်ယွန်းတွယ်တာက “ဆက်ယွန်းအနေနဲ့ဆိုရင်တော့ ကိုယ့်ထက်အသက်ကြီးတဲ့ကိုကြီးတွေ ကိုကြိုက်တယ်
ကိုကြီးတွေက ပိုပြီးချစ်တတ်တယ် ပိုပြီးနားလည်ပေးနိုင်မယ် ဆိုးလို့ရမယ်လို့လည်းထင်တယ် ဆက်ယွန်းက ကိုကိုတွေကြိုက်တဲ့ team ပါ”လို့ ပြောလာခဲ့ပါတယ်။ ဆက်ယွန်းတွယ်တာရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ကြည့်ရှုအားပေးရင်း ပရိသတ်ကြီးကရော ဆက်ယွန်းနဲ့ team အတူတူပဲလား? ဘယ် team ထဲပါနေလဲ ဖြေခဲ့ပေးဦးနော်။
crd