သူဌေးတွေတောင် မျက်ဖြူဆိုက်နေ တဲ့ ကိုဗစ်ကာလ နှင့် တောင်မင်း မြောက်မင်း မကယ်နိုင်တော့တဲ့ အဖြစ်

ကိုဗစ်က တော်ရုံအခြေခံ လူတန်းစားမပြောနဲ့ စီးပွါရေး လုပ်ငန်းရှင်တွေတောင် မျက်ဖြူစိုက်နေပြီ။ အစပိုင်း လော့ဒေါင်း ဘာညာတွေ လုပ်တော့ စားနိုင်သောက်နိုင်တဲ့သူတွေက Deli တွေနဲ့ သောင်းချီပေးရတဲ့ အကြော်အလှော်ဟင်းတွေ၊ Hotpot တွေ၊ Pizza, Sushi, အကင်တွေ၊ ဘာညာ မှာစားကြ .. ပုံတွေ ရိုက်တင်ကြပေါ့။ ယာမကာ လုလင်တွေလည်း အကောင်းစား အရက်တွေ ထုတ်ပြီး ရှိုးထုတ်ကြ။ အမြည်းတွေလည်း စျေးအကြီးဆုံး cheese တွေ၊ အကင်တွေ၊ jerky တွေ စားပြပေါ့။

ခဏနေ ခရီးတွေထွက်။ သူများခရီးထွက်တာ အားကျလို့ ရှိတာမရှိတာအပထား “First class က ကြည့်ချင်တဲ့ တချိန်က ဓါတ်ရှင်လို” သူများလုပ်လို့ လိုက်လုပ်ကြနဲ့။ (တချို့ ဘာမှ နားမလည် .. ကိုဗစ် ပြီးသွားပြီ အထင်နဲ့ ရှိသမျှ လျှောက်သုံးတယ် .. စုဆောင်းဖို့ မစဉ်းစား .. အခု အလုပ်မဖြစ်လို့ လမ်းထိပ်က မုန့်ဟင်းငါးဆိုင်တောင် တပတ်တခါ ပါဆွယ်စွဲဖို့ မသွားနိုင်ရှာတော့)

အဲဒီလိုနဲ့ ပရုတ်လုံး လုံးပါးပါးသလို ဖြစ်လာတာ အခုဆို Hotpot စားတဲ့သူတေက ကြက်ရိုးပြုတ်ရည် သောက်ရ၊ Pizza စားတဲ့သူက မုန့်ပြားသလက်စားရ၊ ကင်ချီထမင်း ကိုရီးယားအသားကင် ကနေ ပဲပြုတ်ထမင်းကြော်၊ ဂျော်နီလမ်းလျှောက်ကနေ ထိုင်းအရက် .. မကြာခင် ဘီအီးဖြစ်တော့မယ် ထင်တယ်။ သူများ ဒုက္ခဖြစ်တာ ဟာသ လုပ်တာ မဟုတ်ဖူး။ အလုပ်တွေ အဆင်မပြေလေ သူဌေးတွေ အလုပ်သမားတွေလျှော့ သူတို့ပါ သူတို့နဲ့ ဆိုင်ရာမိသားစု ဘဝတွေပါ ငတ်ကုန်မယ်။ လာထောက်ပံ့သမျှဟာလည်း limit ရှိတယ်။ သူဌေး ဆိုတာ key stakeholders .. သူတို့ ဘဝပျက်ရင် အားလုံး ထမင်းရည်သောက်ရတဲ့ ဘဝရောက်ကုန်မယ်။ အားလုံးဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီတွေ။ အဲဒီတော့ အရင်လို ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ စားချင်တာစား စားသမျှ အကောင်းစားတွေကို သူများစားချင်အောင် ပုံရိုက်တင်ကြတဲ့ အဖြစ်ကို ပြန်ရောက်အောင် အားလုံး ညီညီညွတ်ညွတ်နဲ့ လိုက်နာရမည့် စည်းကမ်းတွေ ပြန်လိုက်နာကြပါ။

I am just reporting ပါ။ (Myo Han Htun)

zagyi

ကိုဗစ္က ေတာ္႐ုံအေျခခံ လူတန္းစားမေျပာနဲ႔ စီးပြါေရး လုပ္ငန္းရွင္ေတြေတာင္ မ်က္ျဖဴစိုက္ေနၿပီ။ အစပိုင္း ေလာ့ေဒါင္း ဘာညာေတြ လုပ္ေတာ့ စားႏိုင္ေသာက္ႏိုင္တဲ့သူေတြက Deli ေတြနဲ႔ ေသာင္းခ်ီေပးရတဲ့ အေၾကာ္အေလွာ္ဟင္းေတြ၊ Hotpot ေတြ၊ Pizza, Sushi, အကင္ေတြ၊ ဘာညာ မွာစားၾက .. ပုံေတြ ႐ိုက္တင္ၾကေပါ့။ ယာမကာ လုလင္ေတြလည္း အေကာင္းစား အရက္ေတြ ထုတ္ၿပီး ရႈိးထုတ္ၾက။ အျမည္းေတြလည္း ေစ်းအႀကီးဆုံး cheese ေတြ၊ အကင္ေတြ၊ jerky ေတြ စားျပေပါ့။

ခဏေန ခရီးေတြထြက္။ သူမ်ားခရီးထြက္တာ အားက်လို႔ ရွိတာမရွိတာအပထား “First class က ၾကည့္ခ်င္တဲ့ တခ်ိန္က ဓါတ္ရွင္လို” သူမ်ားလုပ္လို႔ လိုက္လုပ္ၾကနဲ႔။ (တခ်ိဳ႕ ဘာမွ နားမလည္ .. ကိုဗစ္ ၿပီးသြားၿပီ အထင္နဲ႔ ရွိသမွ် ေလွ်ာက္သုံးတယ္ .. စုေဆာင္းဖို႔ မစဥ္းစား .. အခု အလုပ္မျဖစ္လို႔ လမ္းထိပ္က မုန္႔ဟင္းငါးဆိုင္ေတာင္ တပတ္တခါ ပါဆြယ္စြဲဖို႔ မသြားႏိုင္ရွာေတာ့)

အဲဒီလိုနဲ႔ ပ႐ုတ္လုံး လုံးပါးပါးသလို ျဖစ္လာတာ အခုဆို Hotpot စားတဲ့သူေတက ၾကက္႐ိုးျပဳတ္ရည္ ေသာက္ရ၊ Pizza စားတဲ့သူက မုန္႔ျပားသလက္စားရ၊ ကင္ခ်ီထမင္း ကိုရီးယားအသားကင္ ကေန ပဲျပဳတ္ထမင္းေၾကာ္၊ ေဂ်ာ္နီလမ္းေလွ်ာက္ကေန ထိုင္းအရက္ .. မၾကာခင္ ဘီအီးျဖစ္ေတာ့မယ္ ထင္တယ္။ သူမ်ား ဒုကၡျဖစ္တာ ဟာသ လုပ္တာ မဟုတ္ဖူး။ အလုပ္ေတြ အဆင္မေျပေလ သူေဌးေတြ အလုပ္သမားေတြေလွ်ာ့ သူတို႔ပါ သူတို႔နဲ႔ ဆိုင္ရာမိသားစု ဘဝေတြပါ ငတ္ကုန္မယ္။ လာေထာက္ပံ့သမွ်ဟာလည္း limit ရွိတယ္။ သူေဌး ဆိုတာ key stakeholders .. သူတို႔ ဘဝပ်က္ရင္ အားလုံး ထမင္းရည္ေသာက္ရတဲ့ ဘဝေရာက္ကုန္မယ္။ အားလုံးဟာ ကိုင္းကြၽန္းမွီ ကြၽန္းကိုင္းမွီေတြ။ အဲဒီေတာ့ အရင္လို ေပ်ာ္ေပ်ာ္ပါးပါး ေမာ္ေတာ္ကားနဲ႔ စားခ်င္တာစား စားသမွ် အေကာင္းစားေတြကို သူမ်ားစားခ်င္ေအာင္ ပုံ႐ိုက္တင္ၾကတဲ့ အျဖစ္ကို ျပန္ေရာက္ေအာင္ အားလုံး ညီညီၫြတ္ၫြတ္နဲ႔ လိုက္နာရမည့္ စည္းကမ္းေတြ ျပန္လိုက္နာၾကပါ။

I am just reporting ပါ။ (Myo Han Htun)

Add a Comment

Your email address will not be published. Required fields are marked *

4 × 2 =