ဂျပန်တွေ ရေချိုး တဲ့ ပုံပြင်လို ဖြစ်နေတဲ့ မြန်မာပြည်က (Social Distancing) ခပ်ခွာခွာ နေခြင်း..

ဂျပန်ခေတ်က ရွာထိပ်က ရေတွင်းမှာ ဂျပန်တွေက ထုံးစံ အတိုင်း ရေချိုးနေကြတာကို ရွာသူရွာသားတွေက မကြည့်ရဲလို့ သူကြီးကို သွားတိုင်သတဲ့။ သူကြီးက ဂျပန်စစ်ဗိုလ်ဆီကို လိုက်သွားပြီး ဒို့မြန်မာတွေက ရေချိုးရင် ဒီလိုပုဆိုးပိုင်းလေး ဝတ်ပြီးမှ ချိုးကြကြောင်း ဂျပန်တွေကိုလည်း ဒီလိုဝတ်ပြီးမှ ချိုးစေချင်ကြောင်း ပြောပြီး ပုဆိုးပိုင်းလေး တစ်ထည်ပေးလိုက်သတဲ့။

ဂျပန်စစ်ဗိုလ်ကလည်း သူ့တပ်ကို ရေချိုးရင် ဒီလိုပုဆိုးပိုင်းဝတ်ချိုးရမည်ဖြစ်ကြောင်း မဝတ်ပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း သူကြီးရှေ့တင်ဘဲ အမိန့်ထုတ်လိုက် သတဲ့။

နောက်နေ့ ရွာထိပ်ကရေတွင်းမှာ ဂျပန်တွေရေချိုးကြတဲ့ အခါ ပုဆိုးပိုင်းလေး ဝတ်ပြီးမှသာ ရေချိုးကြသတဲ့။ (တစ်ခုရှိတာက ရေမချိုးရသေးတဲ့လူတွေရော ရေချိုးပြီးသွားတဲ့သူတွေရော အားလုံးက ကိုယ်လုံးတီးတွေချည်းဖြစ်ပြီး ရေချိုးဖို့အလှည့်ကျတဲ့သူကဘဲ
ပုဆိုးပိုင်းကလေး ကို ဝတ်ပြီး တစ်လှည့်စီ ချိုးကြပါ သတဲ့ဗျာ) ခုဖြစ်နေကြတာ နဲ့ တထပ်ထည်းဘဲ..

(Mar Mar)

zawgyi

ဂ်ပန္ေခတ္က ႐ြာထိပ္က ေရတြင္းမွာ ဂ်ပန္ေတြက ထုံးစံ အတိုင္း ေရခ်ိဳးေနၾကတာကို ႐ြာသူ႐ြာသားေတြက မၾကည့္ရဲလို႔ သူႀကီးကို သြားတိုင္သတဲ့။ သူႀကီးက ဂ်ပန္စစ္ဗိုလ္ဆီကို လိုက္သြားၿပီး ဒို႔ျမန္မာေတြက ေရခ်ိဳးရင္ ဒီလိုပုဆိုးပိုင္းေလး ဝတ္ၿပီးမွ ခ်ိဳးၾကေၾကာင္း ဂ်ပန္ေတြကိုလည္း ဒီလိုဝတ္ၿပီးမွ ခ်ိဳးေစခ်င္ေၾကာင္း ေျပာၿပီး ပုဆိုးပိုင္းေလး တစ္ထည္ေပးလိုက္သတဲ့။

ဂ်ပန္စစ္ဗိုလ္ကလည္း သူ႔တပ္ကို ေရခ်ိဳးရင္ ဒီလိုပုဆိုးပိုင္းဝတ္ခ်ိဳးရမည္ျဖစ္ေၾကာင္း မဝတ္ပါက ျပင္းထန္စြာအေရးယူမည္ျဖစ္ေၾကာင္း သူႀကီးေရွ႕တင္ဘဲ အမိန္႔ထုတ္လိုက္ သတဲ့။

ေနာက္ေန႔ ႐ြာထိပ္ကေရတြင္းမွာ ဂ်ပန္ေတြေရခ်ိဳးၾကတဲ့ အခါ ပုဆိုးပိုင္းေလး ဝတ္ၿပီးမွသာ ေရခ်ိဳးၾကသတဲ့။ (တစ္ခုရွိတာက ေရမခ်ိဳးရေသးတဲ့လူေတြေရာ ေရခ်ိဳးၿပီးသြားတဲ့သူေတြေရာ အားလုံးက ကိုယ္လုံးတီးေတြခ်ည္းျဖစ္ၿပီး ေရခ်ိဳးဖို႔အလွည့္က်တဲ့သူကဘဲ
ပုဆိုးပိုင္းကေလး ကို ဝတ္ၿပီး တစ္လွည့္စီ ခ်ိဳးၾကပါ သတဲ့ဗ်ာ) ခုျဖစ္ေနၾကတာ နဲ႔ တထပ္ထည္းဘဲ..

(Mar Mar)

Add a Comment

Your email address will not be published. Required fields are marked *

eighteen + two =