ဘဏ်တွေ မှာ ငွေထုတ်ပြီး ထွက်လာသူ တိုင်း သတိထားကြ စေလိုပါ တယ်

ဘဏ်တွေ မှာ ငွေထုတ်ပြီး ထွက်လာသူ တိုင်း သတိထားကြ စေလိုပါ တယ်

ယနေ့ ကဝမြို့န ယ် ရေအလှူ အတွက် ကျွန်တော် တို့ အမေ့မျိုးဆက်ကွန်ရက်ကို စင်္ကာပူက အလှူရှင်များမှ အလှူငွေ၅၀၀၀၀၀ ကို kbz 1 မှာ ကျော့ညီ Aung Htut Min Min နာမည်နဲ့လွှဲ လို့သူသွားထုတ်ပါတယ်။ငွေထုတ် ဘဏ်က အထွက် ဆိုင်ကယ် box ထဲထည့်လိုက်တယ် ပတ်ဝန်းကျင် လေ့လာလိုက်တော့ သံသယ ဖြစ်ဖွယ်လူ ၂ ယောက် ကွက်ကြည့်ကွက်ကြည့်နဲ့ ဟူး ဈေးပိုင်းကိုမောင်းထွက်ခဲ့တယ် နေပူ ဗိုက်ဆာတော့ လမ်း ၂၀ ရွှေရင်အေးလေးသောက်မယ်ပေါ့…

ဆိုင်ရှေ့မှာ ဆိုင်ကယ်ထားဖို့ အဆင် မပြေလို့ လွတ်နေတဲ့ မျက်စောင်းထိုးလေးမှာ ရပ်ပြီး ရွှေရင်အေး တစ်ပွဲဝင်သောက်လိုက်တယ်။မကြာဘူး ဆူညံအော်ဟစ်သံကြားလိုက်ရတယ် ဒီဘီး ဘယ်သူ့ဘီးလဲဟေ့ ဆိုတဲ့ဈေးသယ် အဒေါ်ကြီးတစ်ယောက်အသံ…ကျွန်တော့ဘီးပါ အဒေါ်သောက်လ က်စ ရွှေရင်အေးကို ချပြီး ခုနက မေးနေတဲ့ အဒေါ်ကြီးဆီသွားပြီး လေ့လာလိုက်တယ်…အေးကွဲ့ ထင်တော့ထင်တယ်ခုနက ဘီးပေါ်ကဆင်းသွားတဲ့လူ မဟုတ်ပါဘူးလို့

အာ့မှာလေ လူ၂ ယောက် တယောက်က ကွယ်ပြီး တစ်ယောက်က မင်းဆိုင်ကယ် box ကို အတင်းနှိုက်နေတာ တွေ့လို့ အဒေါ်အော်လိုက်တာ ဟောဟိုမှာ လစ်သွားကြပြီ။ဟိုက်!ဒိန်းကနဲ တက်ဆောင့်လာတဲ့ ရင်ဘတ်ထဲက အလုံးကြီး သွားပြီ ပါသွားပြီလား မသိဘူး အလှူ ငွေတွေ ကွိုင်တော့တက်ပြီ ငါရော် ရ တော့မယ် ဆိုတဲ့ အသိနဲ့ ကမန်းကတန်း box ကို သော့နဲ့ဖွင့်ကြည့်မိလိုက်တယ် …ဟာ တော်သေးတာပေါ့ ရှိသေးရဲ့ဟူးးး အဒေါ်ရယ် ကျေးဇူးတင်လိုက်တာ အဒေါ်ကယ်ပေလို့သာပေါ့

ဒါနဲ့ပဲ…အဖြစ်အပျက်ကတော့ အဲ့ဒါ ပါဘဲ ပဲခူးရယ် အားလုံးကို ‘ အလစ်သမားများသတိထား’ ဆိုတဲ့ ဆောင်ပုဒ်လေး လက်ကိုင်ထားကြပါလို့ အသိသတိပေးရင်းနဲ့. ကျေးဇူးပါ အဒေါ် ရေအလှူ အတွက်လှူ ထားတဲ့ငွေကို ကာကွယ်ပေးလို့ ရရှိတဲ့ ကုသိုလ် အားလုံးကို အဒေါ့်ကိုပြန်လည်ဝေမျှပေးပါတယ် ခင်ဗျာ ! ကိုမင်းမင်း ပြောပြမှုအား ပြန်လည်ရေး သားတင်ပြပါသည်။ ဇာနည်ဦး

Credit:အမေ့မျိုးဆက်ကွန်ရက်