အိမ်မှာနေရင်းနဲ့ ပဲ ဓာတ်ပုံလှလှလေးတွေရိုက်နေပြီး ပရိသတ်တွေ အလွမ်းပြေအောင်ပုံလေးတွေ တင်ပေးလာတဲ့ နော်ဖောအယ်ထား

ပရိသတ်ကြီးရေ….မင်းသမီးချောလေး နော်ဖောအယ်ထား ကတော့ အနုပညာလောကထဲကိုမော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး အနုပညာအလုပ်တွေမလုပ်ခင်အချိန်တည်းက MUFLရဲ့ queenလေးတစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးမှု ရရှိထားတာပါ။ နော်ဖောဟာ ကြော်ငြာတွေ၊music videoတွေအပြင် ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်နေပြီဖြစ်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။

နော်ဖောအယ်ထားဟာ အနုပညာ လောကမှာ အချိန်တိုအတွင်း နေရာတစ်ခုကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပြီး ပျောက်ဆုံးနေသောအမှန်တရားဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း သုဒြာအဖြစ်ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုအချိန်ကာလဟာ ဆိုရင်လည်း stay homeကာလဖြစ်တာကြောင့် အနုပညာရှင်တွေလည်း အိမ်မှာပဲနေနေကြရတာဖြစ်ပြီး နော်ဖောတစ်ယောက်လည်းအိမ်မှာပဲ အနားယူနေတာဖြစ်ပါတယ်နော်။

မကြာသေးမီကလည်း နော်ဖောအယ်ထား ဟာ သူမရဲ့ Instagram accလေးမှာ အိမ်မှာနေရင်း ချစ်စဖွယ်ပုံစံလေးနဲ့ ပုံလှလှလေးတွေရိုက်ပြီး တင်ပေးလာတာဖြစ်ပါတယ်။ နော်ဖောလေးကတော့ အိမ်မှာနေရင်းရိုက်ထားတာတောင် လှနေတာပဲနော်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။Source-Naw Phaw Eh Htar’s Instagram acc

Photo credit-Naw Phaw Eh Htar’s Instagram acc

zawgyi





Add a Comment

Your email address will not be published. Required fields are marked *

18 + twenty =