လေ့ကျင့်ခန်းတွေ အမြဲ မပြတ်လုပ်ဆောင်နေ တဲ့ နန်းခင်ဇေယျာ ရဲ့ ဗီဒီယို

မော်ဒယ်လောကမှ တစ်ဆင့် သရုပ်ဆောင် ဘက်ကို ကူးပြောင်း လာခဲ့သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး နန်းခင်ဇေယျာပဲ ဖြစ်ပါတယ်။ သူမရဲ့ ဖြူစင်လွန်းတဲ့ စိတ်ထားလေးကြောင့်လည်း ပရိသတ်တွေအားလုံးက ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ နန်းခင်ဇေယျာဟာ ဗီဒီယိုဇာတ်ကားများ တွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကိုပါ သိမ်းပိုက် ရရှိထားတာပဲ ဖြစ်ပါတယ်။

နန်းခင်ဇေယျာဟာ သရုပ်ဆောင်ဘက်တွင် သာမက အခြားစီးပွားရေး အလုပ်တွေကိုပါ ချဲ့ထွင် လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ သူမကိုယ်တိုင် ချက်ပြုတ်ကာ ရောင်းချနေတဲ့ မာလာရှမ်းကောဟာလည်း ရောင်းမလောက်အောင် ဖြစ်နေတာပါ။ ဒါ့အပြင် လတ်တလော Stay Home ကာလမှာတော့ အနုပညာ လှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာ အနားယူနေတာပါ။

ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ အမြဲ လုပ်လေ့ရှိတဲ့ နန်းခင်တစ်ယောက်ကတော့ မနေ့ညက သူမရဲ့ Tik tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်လေးဖြစ်နေအောင် လေ့ကျင့်ခန်းတွေအမြဲမပြတ် လုပ်ဆောင်နေတဲ့ နန်းခင်ဇေယျာရဲ့ Video လေးပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nang Khin Zay Yar’s Facebook and Tik Tok Account

zawgyi





Add a Comment

Your email address will not be published. Required fields are marked *

18 − four =