တရုတ် သူလျှိုကျောင်းသားများကို နှင်ထုတ်မည် ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော

တရုတ် သူလျှိုကျောင်းသားများကို နှင်ထုတ်မည် ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော

တရုတ် ကျောင်းသားများ သူလျှိုလုပ်ခြင်း ကို တားဆီးမည် ဖြစ်ပြီး အရေးယူလိမ့်မည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန မိုက်ပွန်ပီယိုက ပြောကြားခဲ့ပါတယ်။ ထရမ့်သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အပါအဝင် ဟောင်ကောင်အရေးနှင့် ပတ်သက်ပြီး နိုင်ငံ တင်းမာမှု များကို သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြားခဲ့ပါတယ်။

ထရမ့်က ထောင်ပေါင်းများစွာသော ဘွဲ့ရ တရုတ်ကျာင်းသား များကို နှင်ထုတ်ရန်စဉ်းစားကြောင်း ပြောကြားခဲ့သလို နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုကလည်း မိမိတို့ကျောင်းများမှာ တရုတ်သူလျှိုကျောင်းသားများ မရှိသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီနေရာမှာ သင်ကြားဖို့လာတဲ့ ကျောင်းသားတွေဟာ တရုတ် ကွန်မြူနစ်ပါတီကိုယ်စား ဟန်ဆောင်ထားတာတွေ မဟုတ်ဘူးဆိုတာ သေချာဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု ပွန်ပီယိုက ဆိုပါတယ်။

ထရမ့်၏အစိုးရသည် တရုတ်စစ်တပ်နှင့် ဆက်စပ်နေသော ဘွဲ့လွန် ကျောင်းသား ထောင်ပေါင်းများစွာအတွက် ဗီဇာပယ်ဖျက်ရန် စဉ်းစားနေတယ်လို့လည်း သိရပါတယ်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံခြားကျောင်းသားများအပေါ် မှီခိုအားထားနေရတဲ့ တက္ကသိုလ်များမှ ဝေဖန်မှုများ ထွက်ပေါ်လာနိုင်မယ် လို့ ဆိုပါတယ်။

“ဒါက ဒီလူမျိုးရေးခွဲခြားတာ မဟုတ်ပါဘူး။ အနီရောင်တွေ မဟုတ် ပါဘူး။ တရုတ်လူမျိုးတွေက လူကောင်းတွေပါ၊ ဒါပေမဲ့ ဆိုဗီယက် ပြည်ထောင်စုခေတ်နဲ့ တူတယ်။ ဒါက အမေရိကန်ကို အမှန်တကယ် အန္တရာယ် ဖြစ်စေတယ်” လို့ ပွန်ပီယိုက သူ၏ အမြင်ကို ဖြေကြားခဲ့ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

ten − 4 =