ဒီတခါ သာေကတ အလွည့္ လား (သာေကတ မွာ ေန သြား တဲ့ မေလးရွားႏုိ င္ငံ သားတြင္ ပုိးေတြ႕)
|သာေကတၿမိဳ႕နယ္၊ ျမခြာညိဳအိမ္ရာ တြင္ ေနထိုင္ သြားသည့္ မေလး႐ွားႏိုင္ငံသား တစ္ဦးထံတြင္ ကုိရုိနာ ဗုိင္းရပ္စ္ပိုးေတြ႔႐ွိခဲ့ေၾကာင္း သာေကတၿမိဳ႕နယ္ NLDပါတီ ျပန္ၾကားေရးတာဝန္ခံ ဦးေအာင္ၿငိမ္းေက်ာ္က ေျပာပါတယ္။
“သူတို႔ေတြက ၉ရက္ကြက္မွာ႐ွိတဲ့ EPCရံုး႐ွိတယ္။ လွ်ပ္စစ္ လုပ္ငန္းလုပ္တာေပါ့။ ဝန္ႀကီးဌာနကေန အဲ့ဒီလုပ္ငန္းလုပ္ဖို႔ေခၚထားတာ။ ေရာက္တာကေတာ့ သႀကၤန္မတိုင္ခင္ ဟိုအရင္လေတြကတည္းကေရာက္ေနတာ။ ေနတာၾကာၿပီ။ သူတို႔ေနထိုင္ခဲ့တဲ့ အဝန္းဝိုင္းမွာေတာ့ ကူးတာေတာ့မဟုတ္ဘူး။ ေလယာဥ္ေပၚမွာေတြ႔တာ လားေတာ့မသိဘူး။ သူတို္႔ေနခဲ့တဲ့အဝန္းဝိုင္းမွာေတာ့မ႐ွိခဲ့ဘူးေပါ့။ ဟိုေရာက္မွကူးတာလား တိတိက်က်ဘာမွမသိရဘူး”ဟု ေျပာပါတယ္။
ကုိရုိနာဗုိင္းရပ္စ္ ပိုးေတြ႔႐ွိ ခဲ့သူသည္ ၿပီးခဲ့သည့္ ဧၿပီလအတြင္းက အျခားႏိုင္ငံျခားသား ၈ဦးႏွင့္အတူ သာေကတၿမိဳ႕နယ္၊ ျမခြာညိဳအိမ္အိမ္ရာ ၊တိုက္အမွတ္ (၂၉)တြင္ ေနထိုင္ၿပီးေနာက္ ေမလ ၈ ရက္က တပည္႔ျဖစ္သူႏွင့္အတူ မေလး႐ွားႏိုင္ငံသို႔ ျပန္သြားခဲ့ေၾကာင္း သိရပါတယ္။
ထို႔ေနာက္ မေလး႐ွားႏုိင္ငံ တြင္ အသြားအလာ ကန္႔သတ္ေနထိုင္ခဲ့ၿပီး ေမလ ၁၀ ရက္တြင္ ေရာဂါပိုးေတြ႔႐ွိခဲ့သည့္အတြက္ ျမခြာညိဳအိမ္ရာတြင္ အတူေနထိုင္ခဲ့ေသာ မေလး႐ွားႏိုင္ငံသား ၅ဦး ၊ စင္ကာပူႏိုင္ငံသား ၂ဦးစုစုေပါင္း ၇ဦးကို Home Quarantine ထား႐ွိေၾကာင္း ၊ ၎တို႔ေနထိုင္သည့္ တိုက္ပတ္ဝန္းက်င္ ကိုလည္း ေလာ့ေဒါင္း ခ်ထားေၾကာင္း သိရပါတယ္။
ပိုးေတြ႔လူနာႏွင့္ ထိေတြ႔ခဲ့သည့္ ျမန္မာႏိုင္ငံ သားမ်ားကို ဆက္လက္ စံုစမ္းေနတယ္လုိ႔ သိရပါတယ္။
crd : shwewiki
unicode
သာကေတမြို့နယ်၊ မြခွာညိုအိမ်ရာ တွင် နေထိုင် သွားသည့် မလေးရှားနိုင်ငံသား တစ်ဦးထံတွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ကြောင်း သာကေတမြို့နယ် NLDပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအောင်ငြိမ်းကျော်က ပြောပါတယ်။
“သူတို့တွေက ၉ရက်ကွက်မှာရှိတဲ့ EPCရုံးရှိတယ်။ လျှပ်စစ် လုပ်ငန်းလုပ်တာပေါ့။ ဝန်ကြီးဌာနကနေ အဲ့ဒီလုပ်ငန်းလုပ်ဖို့ခေါ်ထားတာ။ ရောက်တာကတော့ သင်္ကြန်မတိုင်ခင် ဟိုအရင်လတွေကတည်းကရောက်နေတာ။ နေတာကြာပြီ။ သူတို့နေထိုင်ခဲ့တဲ့ အဝန်းဝိုင်းမှာတော့ ကူးတာတော့မဟုတ်ဘူး။ လေယာဉ်ပေါ်မှာတွေ့တာ လားတော့မသိဘူး။ သူတို့်နေခဲ့တဲ့အဝန်းဝိုင်းမှာတော့မရှိခဲ့ဘူးပေါ့။ ဟိုရောက်မှကူးတာလား တိတိကျကျဘာမှမသိရဘူး”ဟု ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိ ခဲ့သူသည် ပြီးခဲ့သည့် ဧပြီလအတွင်းက အခြားနိုင်ငံခြားသား ၈ဦးနှင့်အတူ သာကေတမြို့နယ်၊ မြခွာညိုအိမ်အိမ်ရာ ၊တိုက်အမှတ် (၂၉)တွင် နေထိုင်ပြီးနောက် မေလ ၈ ရက်က တပည့်ဖြစ်သူနှင့်အတူ မလေးရှားနိုင်ငံသို့ ပြန်သွားခဲ့ကြောင်း သိရပါတယ်။
ထို့နောက် မလေးရှားနိုင်ငံ တွင် အသွားအလာ ကန့်သတ်နေထိုင်ခဲ့ပြီး မေလ ၁၀ ရက်တွင် ရောဂါပိုးတွေ့ရှိခဲ့သည့်အတွက် မြခွာညိုအိမ်ရာတွင် အတူနေထိုင်ခဲ့သော မလေးရှားနိုင်ငံသား ၅ဦး ၊ စင်ကာပူနိုင်ငံသား ၂ဦးစုစုပေါင်း ၇ဦးကို Home Quarantine ထားရှိကြောင်း ၊ ၎င်းတို့နေထိုင်သည့် တိုက်ပတ်ဝန်းကျင် ကိုလည်း လော့ဒေါင်း ချထားကြောင်း သိရပါတယ်။
ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် မြန်မာနိုင်ငံ သားများကို ဆက်လက် စုံစမ်းနေတယ်လို့ သိရပါတယ်။
crd : shwewiki