ပုဏ္ဏက တိုက်ခြင်း (Poltergeist) (ဖြစ် ရပ် မှန်)

ပုဏ္ဏက တိုက်ခြင်း (Poltergeist) (ဖြစ် ရပ် မှန်)

အိမ်မှာပုဏ္ဏက တိုက်နေခြင်းက ဘယ်သူမှ မဟုတ်ပါဘူး မိမိ အိမ်သူ အိမ်သားတစ်ယောက်ယောက်ပါ တဲ့ ။
ပုဏ္ဏ တိုက်ရင် အိမ်အများစု မှာဘယ်လိုနည်းနဲ့မှ နိမ်နင်းနိုင်ခြင်းမရှိဘဲ ထွက်ပြေး ရတက်လွန်းလို့ပါ။

၁။ ဆယ်ကျော်သက်လေးတွေရဲ့ တစ်ချို့ စာသင်ခန်းမျက်နှာ ကျတ်ပေါ်ကသွေးတွေစီး ကျလာခြင်း

၂။ အိမ်နံရံတွေ တံခါးတွေကို ရိုက်ပြခြင်း

၃။ ပစ္စည်းတွေကို မမြင်ရတဲ့လက်ကြီးနဲ့ကောက်ပေါက်ခြင်း

၎။ ပရိဘောဂ ပစ္စည်း တွေ လေထဲတွင်ပျံဝဲနေခြင်း

၅။ တစ်အိမ်လုံးနေရာအနှံ မီးအသေးစားလေးတွေလောင် ကြွမ်းခြင်း

၆။ မီးဖိုချောင် ကနေအသံတွေခဏခဏကြားတက်ခြင်း
အစရှိတဲ့အဖြစ်အပျက်တွေ ရက်သတ္တပါတ် အနည်းငယ် ဒါမှမဟုတ် တစ်နှစ်ကနေ ၁၈ လကြာတဲ့ အထိဖြစ်ပျက်နေရင် ပုဏ္ဏကတိုက်ခြင်း ( Poltergeist
phenomenon) လို့ခေါ်ပါတယ်။

အထင်ကရအဖြစ်အပျက်တစ်ခု (စုန်းမလေး Betsy Bell)

19th early century အမေရိကန်နိုင်ငံ မှာ ဆယ်ကျော်သတ် ကောင်မလေး Betsy Bell ဆိုသူကလေး ကို သူ့အဖေ John Bell က လိင်ပိုင်းဆိုင်ရာစော်ကားဖို့ကြံစည် ခဲ့ဖူးတာကြောင့်သူ့မှာစိတ်ဖိစီးမှုဒါဏ်တော်တော်ခံနေခဲ့ရတယ် အဲ့ဒီနောက်ပိုင်း သူ့အိမ်မှာ မမြင်ရတဲ့ လက်ကြီးနဲ့ခလေးတွေကိုရိုက်ခြင်း အိမ်ထောင်ပရိဘောဂတွေလေထဲမှာဝဲပျံတက်ခြင်း နေရာရွေ့ခြင်း စတဲ့ အဖြစ်အပျက်တွေတော်တော်ဖြစ်ခဲ့တယ် ဒါတွေကိုလည်းမျက်မြင်သတ်သေတော်တော်များများကြုံခဲ့ရတယ် ဒါပေမဲ့ သူ့အဖေ နာမကျန်း ဖြစ်တော့ သူ့သမီး ဟာ စုန်းမလေးပါ ဆိုပြီး သူ့သမီး အပေါ်မှာ အပြစ်ပုံချသွားခဲ့တယ်.. ရုပ်ရှင်ကားတောင် ထွက်ခဲ့ပါသေးတယ်…
The Bell witch haunting နဲ့
An American Haunting.

ပုဏ္ဏက တိုက်ခြင်းကို သုသေသန လုပ်ပြီ

စိတ်ပိုင်းဆိုင်ရာသုသေသန ပညာရှင် William G.Roll
က လူတိုင်းကိုမဆိုလိုပါဘူး စိတ်ဖိစီးမှု ဒါဏ်ကို ခံစားနေရတဲ့ မိသားစုဝင်တစ်ယောက်ယောက် ရှိနေတဲ့အိမ် မှာ သူ့ရဲ့မသိစိတ်ထဲမှ Recurrent spontaneous psychokinesis
(RSPK) စိတ်စွမ်းအင်ကြောင့် နံရံတွေကွဲအက်စေခြင်း ပစ္စည်းတွေလေ ပေါ်ပျံတက်စေခြင်း တံခါးခေါက်သံများကြားရခြင်း အရုပ်ကလေးတွေ လမ်းလျောက်စေခြင်း ပိုက်လိုင်း သွယ်တန်းထားခြင်းမရှိဘဲ မျက်နှာကျတ် ပေါ်ကရေတွေ စီးကျလာခြင်း အစရှိတဲ့ အဖြစ်အပျက်တွေကို ဖြစ်စေ ပေမဲ့ သူကိုယ်တိုင် လုပ်မိပါလားဆိုတာတောင် မသိပါဘူးတဲ့ အလွန်ရှားပါးပြီး အလွန်ထူးဆန်းပါတယ်လို့ William G.Roll ကအခိုင်အမာဆိုထားပါတယ် ဒီလိုဖန်တီးတက်တဲ့အရွယ်ကလဲ ဟိုမုန်းပြောင်းလဲကာစ အရွယ်တွေမှာ အဖြစ်များပါတယ်တဲ့ဒီလိုဖြစ်တဲ့ အဖြစ်ကိုလဲ stress-induce စိတ်ဖိစီးမှုညှို့အား လို့ခေါ်ပါသတဲ့ ဒီလိုစိတ်စွမ်းအင်ကြောင့် ဖြစ်တဲ့ဖြစ်ရပ်တွေကို
ဘုန်းကြီးတွေl သရဲနှင်အဖွဲ့တွေl သရဲထုတ် အဖွဲ့တွေလဲ ဘယ်လိုမှ မတက်နိုင်တော့ပါဘူးတဲ့

ပုဏ္ဏတိုက်ခြင်းကို ကယ်ဆယ်ခြင်း (Surviving A Poltergest)

ပုဏ္ဏကတိုက်ခြင်း ဟာ stress-induce စိတ်ဖိ စီမှုငြို့ငင်ခြင်း ကြောင့်ဖြစ်ပြီဆိုရင်တော့အောက်ပါနည်းလမ်းတွေကအကောင်းဆုံးပါဘဲ
လူတွေကအကြောင်းအမျိုးမျိုးကြောင့်စိတ်ဖိစီးနိုင်တယ်တစ်ခါတစ်လေ ပြင်းပြင်းထန်ထန် တစ်ခါတစ်လေ ကိစ္စ သေးသေးလေး ကနေစိတ်ဖိစီးနေတက်တယ် ပြဿနာမရှိသေးတဲ့ကိစ္စ ဥပမာ မီးဖွင့်ခြင်းပိတ်ခြင်းl ရေအိမ်ထဲးကနေရေဆွဲချပြခြင်းlပစ္စည်းတစ်ခုခုအိမ်ထဲမှာ
လျောက်သွားနေခြင်းဆိုရင်စောင့်ကြည့်ပေးပါ

ဒီအဖြစ်အပျက်တွေကို ရပ်ချင်ရင်တော့

၁။ အိမ်မှာ ဘယ်သူဖြစ်နိုင်သလဲ စောင့်ကြည့်ပေးပါ

၂။ Betsy Bell လို အဖြစ်မျိုးအိမ်မှာရှိသလား

၃။ ရုံးတွေကျောင်းတွေမှာ ဘယ်သူကစိတ်ဖိစီးမှုပြင်းပြင်းထန် ထန်ထန်ခံစားနေရ သလဲ စတာတွေကိုသုံးသပ်ပြီး Stress ခံစားနေရသူကို stress လျော့ကျသွားအောင်ဖေးမကူညီပေးသင့်ပါတယ်လို့ စိတ်ရောဂါ ပညာရှင် William G.Roll ကဆိုထား ပါတယ်ခင်ဗျား။

ပုံဏ္ဏတိုက်နေပုံ တစ်ချို့ကိုဖေါ်ပြပေး လိုက်ပါတယ်။

By/သံဇဉ်မိုးဇတ်
crd : Once A Glance Page

Add a Comment

Your email address will not be published. Required fields are marked *

5 × 5 =