ရန်ကုန် ဆေးရုံကြီးမှာ ကျန်းမာရေး ဝန်ထမ်းတွေ လတ်တလော ကြုံတွေ့နေရ တဲ့ အခြေအနေ

1/ 10/ 2020 ည 9 နာရီခွဲလောက် မှာ ဆရာဦးဇော်ဝေစိုး 1+2 ကိုရောက် လာပါတယ်။ 3+4 မှာရှိတဲ့ လူနာတွေအကုန် 1+2ကိုချက်ချင်းရွှေ့ပါတဲ့။ ဆေးရုံ အုပ်ကြီး လည်းပါတယ်။ ‌အာ့နဲ့ အမြန်ရွှေ့ကြရတယ်ပေါ့ (ဆရာမတွေကိုယ်တိုင် ကုတင်တွေတွန်းရွှေ့ရတာပါ) ဘာလုပ်ဖို့ရွှေ့ခိုင်းတာလဲ မပြောပါဘူး။ လူနာတွေလာမှာလည်း မပြောပါဘူး။ ည 12လောက်ရောက်မှ 3+4ကို အောက်က swab 1st time negative လူနာ7 ယောက်ပို့မယ်တဲ့။ အဲဒီအချိန်မှာ 1+2မှာရှိတဲ့လူနာက critically ill နေပြီ။ ၅မိနစ်လောက် နေတော့ ex ပြီ။ကို့မှာ ဟိုပြေးရမလိုလို ဒီပြေးရမလိုလိုနဲ့။ မဖြစ်တဲ့အဆုံး junior လေးနဲ့ထားခဲ့ပြီး ဟိုဘက်ကိုသွားဖို့ပြင်။ 1st time negative ဆိုပေမဲ့ safe ဖြစ်အောင် PPE ဝတ်ပါဆိုလို့ ရှာတော့ တစ်ထည် ဘဲရှိပါတယ်။

လူနာတွေနေရာချ၊ Chart စီစဉ်၊ မောတယ်ပြောနေတဲ့သူတွေ SPO2တိုင်း၊ Oxygen ပေးဖို့ကြည့်တော့ 3+4မှာ O2 wall line မရှိ။ Air set/ cylinder နဲ့ပေးမယ်ကြည့်တော့လည်း သော့ခတ်ပြီးသိမ်းသွားတယ်တဲ့။ အာ့နဲ့ ကိုယ့် ward ကိုယ်ပြန်ပြေးယူပြီး O2ပေး။ ‌ဆေးရုံအုပ်ကဆက်ခိုင်းတာဆိုပြီး pH ဝင်လာတယ် ခုလူနာတွေ ကို ဓါတ်ပုံရိုက်ထားပေးပါတဲ့ နေပြည်တော်ပို့ဖို့တဲ့။ ကိုယ်လည်း ရိုက်ထားပေးလိုက်ပါတယ်။ ပြီးတော့ တခုခုဆို 1+2 ward ကိုဆက်ပေးဖို့ worker ကိုမှာခဲ့တယ်။ အားလုံးလုပ်ပြီးလို့ 1+2ကိုခန ပြန်မယ်ဆိုပြီး PPE ချွတ်။

1+2 ပြန်ရောက်ပြီး ခနနေတော့ worker လိုက်လာတယ် ဆရာမကို 3+4မှာစောင့်နေပါ pH ဆက်မယ်တဲ့။ ဟယ် 1+2 extension ကိုဆက်ဖို့မပြောဘူးလားဆိုတော့ပြောတယ် မရဘူးတဲ့။ အာ့နဲ့ ဟိုဘက် ကိုပြန်ပြေး pH စောင့်ပေါ့။ ခနနေတော့ pH ဝင်လာ ပြီး 09*********ကို ခုန photo ပို့ပေးပါတဲ့။ ဆေးရုံအုပ်က NPT ပို့ဖို့တဲ့။ ဟိုပြေးဒီပြေး ပင်ပန်းနေတဲ့ကြားက 1+2 pH ဆက်လည်းရတာကို ဒီမှာလာစောင့်ခိုင်းတာ ဖြစ်သင့်ပါသလား။ သိပ်မကြာဘူး pH ထပ်လာတယ်။ နောက်ထပ် 4ယောက်ရယ် 25ယောက် ရယ် လာပါမယ်တဲ့။ ကိုယ့်မှာ ပြာသွားပြီPPE ကမရှိတော့ဘူး။ level 2 ကို 1+2မှာသွားပြန်ဝတ်ပြီး ပြန်လာ။ လူနာတွေဆက်ပြီးလက်ခံပေါ့။

အာ့လူ‌နာတွေထဲမှာ ill case တွေပိုများလာတယ်။ လာသမျှလူနာတွေက အကုန်မောနေကြတယ်။ ဆရာမ O2 ပေးပါဆိုတာ အဝင်ဝကတည်းက အော်လာကြတယ်။ တကယ် စိတ်မကောင်းတာရော ဘာမှမပြင်မဆင်ဘဲနဲ့ PUI ဆိုတာကြီးကောက်လုပ်လိုက်ပြီးတော့ ဆရာဝန် ဆရာမ ဘာမှမစီစဉ်ပေးတာရောကြောင့် တကယ်ကို စိတ်ညစ်သွားတယ်။ အစကတည်းက ဒီ 3+4 ဆိုတဲ့ ward ကြီးက ဆရာမတွေ အကုန် qထိနေပြီး အာ့ကလူနာတွေကို 1+2ကပေါင်းပြီးကြည့်ပေးနေရတာပါ။ အာ့ ward ကပစ္စည်းတွေတော်တော်များများကလည်း သော့ခတ်သိမ်းသွားလို့ ဒီward ကြီးက အခွံဘဲရှိတာပါ။

RBS ဖောက်ချင်လည်း 1+2ကို ပြန်ယူ O2ပေးချင်လည်းပြန်ယူ၊ Syringe pump လိုလည်းပြန်ယူ အကုန်ပြန်ယူနေရတာ ဒီဆရာမနှစ်ယောက်တည်း ဘယ်လောက်ဒုက္ခရောက်မလဲတွေးကြည့်ကြပါ။ လူနာတွေ ကို ဘာတွေလုပ်ပေးနေရလို့ မထိုင်ရလဲဆိုတာ အသေးစိတ် မရေးတော့ပါဘူး။ ကိုယ့် ward ကရှိတဲ့Oxygen အိုးတွေမလောက်တော့လို့ တာဝန်ကျ အကြီးကို pH ဆက်ပါတယ်။ သူကလည်း သူ့ထက်အကြီးကို pH ဆက်ပေးတဲ့အခါ ဘာပြောလဲဆိုတော့ “အောက်က covid mo ကိုပြောလိုက်ပေါ့တဲ့ တင်တဲ့လူနာတွေကို oxygen အိုးနဲ့တင်ဖို့ရယ် အာ့လိုမတင်နိုင်ရင် လူနာ တင်မပေး‌နေနဲ့လို့ပြောလိုက်ပါတဲ့”။

ကျမ အရမ်းကြည်ညိုလေးစားမိသွားပါတယ်။ ဘယ်လောက် တာဝန်ယူတတ်သလဲဆိုတာကိုပါ။ MO ကဆရာဝန်နှစ်ယောက် ခနလူနာလာကြည့်ပေးတော့ သူတို့ကို ထပ်ပြီးပြောပြလိုက်တော့ သူကလည်းသူ့ အကြီးကို pH ဆက်ပေးပါတယ်။ အာ့နဲ့ O2 5လုံးငှားမယ်တဲ့။ နာရီဝက်လောက်ပျားတုပ်ပြီးတဲ့အချိန်မှာ ကျမခုန pH ဆက် လိုက်တဲ့ အကြီးကဲက pHဆက်ပြီးပြောပါတယ် နောက်ထပ် ၆လုံးရပါမယ်တဲ့။ O2 ကိစ္စပြေလည်သွားပြီး လူနာတွေပြန်စစ် complain တွေရှင်းပြီးတဲ့ အချိန်မှာ မနက် ၅နာရီထိုးခါနီးနေပါပြီ။ အဲဒီအချိန် ခနထိုင်ပြီး စိတ်လျှော့ချလိုက်တဲ့ အချိန်မှာ မျက်ရေတွေ ပိုးပိုးပေါက်ပေါက်ကျလာပါတယ်။ အိမ်ကိုပြန်ပြီးတော့ဘဲ အမေ့ရှေ့မှာ ငိုချချင်စိတ်တွေဖြစ်မိတဲ့အထိပါဘဲ။ လူပင်ပန်းလို့မဟုတ်ပါဘူး။ ‌ရောဂါကူးမှာကြောက်လို့မဟုတ်ပါဘူး။

(3, 10, 2020) တနေ့က level 2နဲ့ထိတွေခဲ့တဲ့ လူနာတွေထဲက ၅ယောက်ရဲ့ 2nd time swab အဖြေ က Positive ထွက်ပါတယ်။ 1+2 က အနီးကပ် အကြာကြီးထိခဲ့ရတဲ့ လူနာရဲ့ swab အဖြေကလည်း မသိရသေးပါဘူး။ ဘယ်သူမှလည်း စိတ်မဝင်စားကြတော့ပါဘူး။ positive ထွက်တဲ့ သူတွေ အကုန်ခွဲထုတ်ဖို့ကြိုးစားနေပေမဲ့ အဲဒီလူနာတွေကိုထိတွေ့ရတဲ့ဆရာမတွေကျတော့ level 2ဝတ်ထားရင် safe ဖြစ်တယ်လို့သတ်မှတ်ပါတယ်။ ဆရာမတွေကို level 2ဝတ်ထားပြီးလို့ Pနဲ့ထိထားတယ် ဆိုလည်း စစ်ပေးတာမျိုးလည်းမလုပ်ပါဘူး။ ဒီဆရာမတွေကလည်း ဒီward တစ်ခုတည်းကြည့်ရတာမဟုတ်ပါဘူး။ ကျန်တဲ့သူတော့မသိပေမဲ့ ကျမတို့ ward က Ortho လူနာလည်းကြည့်ရတယ် PUI (1st time negative) ကိုလည်းကြည့်ရပါတယ်။

ဆိုတော့ ဒီဆရာမတွေကမှတဆင့် တခြားလူနာတွေ လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ပြီးကူးနိုင်ပါတယ်။ အာ့လိုနဲ့ဘဲ သံသရာလည်နေမယ်။ ဘာလို့အာ့လိုလုပ်သလဲလို့ ကျမ ဉာဏ်မီသလောက်စဉ်းစားကြည့်ရင် ထိသမျှ ဆရာမတွေကို စစ်နေတဲ့အချိန် လူအင်အားလျှော့မယ်။ positive ထွက်ခဲ့လျှင် Q ၂ပတ်ဆို အကြာကြီး ဆိုတော့ အာ့ဆရာမတွေနေရာဖြည့်ဖို့လူလိုမယ်။ နဂိုကမှ မလောက်မငဖြစ်နေတာဆိုတော့ ဒီအရေးသူတို့ မတွေးချင်ဘူးပေါ့။ အခုလိုပြောတာ Positiveလူနာတွေကို မထိချင်လို့ပြောတာမဟုတ်ပါဘူး။ Q ဝင်ပြီးနားချင်လို့လည်းပြောတာမဟုတ်ပါဘူး။သေမှာမကြောက်ပါဘူး။ ဝဋ်ကြွေးမကြေမှာဘဲကြောက်တာပါ။

ဆရာမက ဆရာမစိတ်ရှိရမယ်ဆိုတာ သူတို့ပြောစရာကိုမလိုတာပါ။ Concept ကောင်းအောင်သင်ပေးလိုက်လို့ပြောတဲ့သူတွေ အတွက် ပြောစရာ စကားတောင်ရှာမတွေ့တော့ပါဘူးရှင်။ Swab အဖြေ pending ဖြစ်နေတဲ့လူနာ septic shock ဝင်နေတဲ့ အချိန် ရှိသမျှဆေးတွေ မကျတော့တာကို risk ယူရမှာဆိုးလို့ ပစ်ထားကြပေမဲ့ မနေနိုင်တဲ့ကျမကဘဲ Cannula ထိုးပြီး‌ ‌ဆေး/သွေးကျအောင်လုပ်ပေး O2ပေးလုပ်ပေးခဲ့တာပါ။ ဒီမှာလည်း အပြစ်တင်ချင်တဲ့သူက ဆိုလာနိုင်ပါသေးတယ်။ ဘာလို့ risk ယူမှာလဲ ပြန်မကောင်းနိုင်တာသိသိကြီးနဲ့လို့ပြောလာရင် ကျမ level 2ဝတ်ထားပါတယ်။ ပြီးတော့ ဒီလူနာရဲ့ result သာ negative ဖြစ်ခဲ့ရင် သူ့အတွက်မတရားဘူးလို့ခံစားမိလို့ပါ။ သူ့မိသားစုဝင်တွေကအားကိုးတကြီး ပြောတာတွေကိုလည်းလျစ်လျှူမရှုချင်လို့ပါ။

ကျမလိပ်ပြာ ကျမလုံတယ်။ အတတ်နိုင်ဆုံး ကြိုးစားခဲ့ တယ်။ ခု post နဲ့ပတ်သတ်ပြီး ခေါ်ပြီးကြိတ်ရင်လည်း ပြင်ဆင် ထားပါတယ်။ (ခုရေးထားတာတွေဟာ တခြား ward ရဲ့ အခြေအနေအတွက် အကြုံးမဝင်ပါ)

Sapphire Ni Ni

Add a Comment

Your email address will not be published. Required fields are marked *

11 + 6 =