တတိယအကြိမ်မြောက် အသည်းအသန်နှလုံးအမောဖောက်ပြီး ဆေးရုံရောက်သွားခဲ့ရတဲ့ ဇာဇာထက်

ဆက်စီ Model အဖြစ်နဲ့ သူမရဲ့အလုပ်ကိုအကောင်းဆုံးကြိုးစားနေတဲ့ ဇာထက်တစ်ယောက် နှလုံးအမောဖောက်တာ ကြောင့် ထပ်မံပြီး ဆေးရုံတက်ရပြန်ပါပြီပရိသတ်ကြီးရေ။ ပြီးခဲ့တဲ့ 2018 နဲ့ 2019 မှာလည်း ဒီလိုတစ်ခေါက်စီဖြစ်ပြီး ဆေးရုံတက်ခဲ့ရပါသေး တယ်။ ဒါဟာ တိတိယအကြိမ်ဖြစ်ပြီး သူမအတွက်တော့ အတော်လေးကိုပြင်းထန်တဲ့ ဝေဒနာတစ်ခုပါပဲ။ နှလုံးအမော ဖောက်တာဟာ ခံစားဖူး သူတိုင်းရော မြင်ဖူးသူတိုင်းအတွက်ရော တကယ့်ကို မသက်မသာခံစားရတဲ့ ဝေဒနာတစ်ခုပါ။

အဖက်ဖက်တိုက်ခိုက်မှုတွေရှိနေပေမယ့် ကိုယ့်အလုပ်အပေါ်မှာ တာဝန်ကျေအောင် နဲ့ အကောင်းဆုံးလုပ်နေခဲ့တဲ့ ဇာဇာ့မှာလည်း ဖိအားတွေ စိတ်ညစ်စရာတွေ များနေမှာပါ။ ဒီလိုအရာတွေကပဲ သူမကိုရောဂါဆီတွန်းပို့နေခဲ့သလိုပါပဲ။ အမြဲတမ်းစိတ်ဓာတ်ကြံ့ခိုင်အောင် နေပေမယ့်လည်း မိန်းမသား ဖြစ်တာမို့ အားငယ်ချိန် ဆိုတာတော့ ရှိမှာပါပဲ။

ဒီလိုဝေဒနာတွေခံစားရတဲ့အကြောင်းကို ” ဘဝမှာနှလုံးအသည်း အသဲအမောဖောက်ပြီး ဆေးရုံရောက်တာ ၂၀၁၈၊၂၀၁၉၊၂၀၂၀ (၃)ခါရှိပြီ ဘယ်နေ့ရုတ်တရက် ဘာထဖြစ်မယ်မှန်း မသိပေမဲ့ အရာရာအတွက်နှလုံးသွင်းပြင်ဆင်ထားပါတယ် ” ဆိုပြီး ဇာထက်ကပြောပြလာခဲ့ပါ တယ်။ အမြန်ဆုံး သက်သာပါစေ မဇာရေ။

Happy – Cele Zone
Photo – Zar Htet

zawgyi




Happy – Cele Zone
Photo – Zar Htet

Add a Comment

Your email address will not be published. Required fields are marked *

2 × 5 =