စတုတ္ထတန်း ကျောင်းသား ငြိမ်းမောင် ရဲ့ ရည်းစားစာဖတ်ရင်း ကျောတွေပါ ချမ်းသွား ခဲ့တဲ့ ဆရာမလေး

ဆရာ မ သား ကို ဖိုးထောင်ဖင်ချတယ်။ဟေ ငြိမ်းမောင် တိုင်လိုက်သည့်စကားကြောင့် ဆရာမ ငေါက်ခနဲ မတ်တပ် ထရပ် လိုက်သည်။ သူတိုင်လိုက်သည်ကိုတော့ အတန်းထဲမှ မည်သူမှ မကြားလိုက် ဖိုးထောင် လာစမ်း ဆရာမ ခေါ်လိုက်တော့ တစ်တန်းလုံး အသံတိတ်ပြီး ဖိုးထောင်အား စိတ်ဝင်တစားကြည့်ကြသည်။ ဖိုးထောင် ကား ကုတ်ချောင်းချောင်းနှင့် အတန်းရှေ့အရောက်၌ ငြိမ်းမောင် က သားကိုအရင်လုပ်တာ ဆရာမ သူက ဘာလုပ်တာလဲ သား ညီမလေး ကို ရည်းစား စာပေးတယ်။

ဟ ဟုတ်လားငြိမ်းမောင် စတုတ္ထတန်းကျောင်းသား ငြိမ်းမောင်တစ်ယောက် နည်းနည်းတွန့်သွား၏ မှန်၏ သူရေး ထားသော ရည်းစား စာက ဖိုးထောင်ညီမလက် ထဲသို့ ရောက်နေပြီဖြစ်သည်။အမှန်က သား သူ့ညီမကိုပေးတာမဟုတ်ဘူး ဆရာမ ဟေ ဒါဆို ဘာလုပ်ဖို့တုန်း ” တခြားတစ်ယောက်ကိုပေးဖို့လုပ်နေတာကို သူ့ ညီမလေး က လုသွားတာ ဟင် ဟုတ်လားဖိုးထောင် ဆရာမက ဖိုးထောင်ဖက်သို့ တစ်ခါလှည့်ပြန်သည် ကျောင်းသား အားလုံးကတော့ ငြိမ်သက်လျှက် ။ မဟုတ်ဘူးဆရာမ သူပေးတာ ပြီးတော့ စာထဲမှ ညစ်ညမ်းတာတွေ ရေးထားတယ် ဟင် ငြိမ်းမောင် နင့်ကို ဒါတွေတတ်အောင် ဘယ်သူသင်ပေးတာလဲ ဆရာမပဲလေ။

ငိန် ဆရာမ ပဲ သား ကို စာသင်ပေးတာပြောတာ။ဟင်း တုတ်စာတော့ မိတော့မယ် ဆရာမက ဖိုးထောင် ဖက်သို့ တစ်ခါလှည့်ပြန်သည်။ ကဲ ဖိုးထောင် ငါ့ကိုစာဖတ်ပြ ဟုတ် သူ့အိတ်ထဲမှ ခေါက်ထားသော စာရွက် ကလေးအား ထုတ်လိုက်ပြီးဖြန့်လိုက်သည်။ ပြီးနောက် … အဟမ်း အဟမ်း ဟဲ့ စာထဲမှာ အဲဒါပါလို့လား မပါဘူးဆရာမ မြန်မာနိုင်ငံက လူမှန်သမျှက တစ်ခုခုပြောခါနီးရင် အဲလိုပဲ ချောင်းဟန့်တယ်လေ ”အေးပါဟယ် ဖတ်ပါ။သိုး ဟဲ့ ဘယ့်နှယ်က သိုးတုန်း သိုးရေခြုံတဲ့ ဝံပုလွေ ပါ ဆရာမ။ငြိမ်းမောင်က ဝင်ထောက်သည် ။

နင် တိတ်တိတ်နေ ငြိမ်းမောင် ကဲ ဖိုးထောင်ဆက်ဖတ် ငါဖြည့်ပြီး နားထောင်ပေးမယ် လိ လိုပဲ ကိုယ့်ဖက် ကိုယ်ရပ်တာ မဟုတ်ပါဘူး ဟယ် ဆရာမ ပါးစပ် အဟောင်းသားဖြစ်သွားသည် ။ ငြိမ်းမောင် နင် ဒါတော့များသွားပြီ စာ အစကတည်းက မိုက်ရိုင်းတာ ဆက်ဖတ်စမ်း ကမ္ဘာပေါ်မှာ ငြိမ်းမောင် အချ တတ်ဆုံးပါ ဟယ် ငြိမ်းမောင် နင်တော့လား ဆရာမ က အသားများ တဆတ်ဆတ်တုန်ကာ ရိုက်ချင်လာသည်။ငြိမ်းမောင် လည်း တကိုယ်လုံး တုံယင်နေသည် ။ ကြောက်၍တော့မဟုတ် သူ့ရည်းစားစာကို လူအားလုံးကြားနေရပြီဖြစ်၍ ဖြစ်သည်။မင်းမလိုအပ်လည်း ငါက ဆက်ချနေမှာပါညယ်။

မင်းနှုတ်ခမ်းလေးတွေက စပ ဖူးလေးတွေလိုပဲ ဟာသိပ် ချ ချင်စရာကောင်းတယ်။ဗုဒ္ဓေါ စားရပြီဆိုရင် ညနေ ဘုရားမှာလာတွေ့ပါ အချတွေနဲ့ စောင့်နေမယ် စာကား အဆုံးသတ်သွားပြီဖြစ်၏ ငြိမ်းမောင်အား ဆရာမ လှည့်ကြည့်သည် ငြိမ်းမောင် ဗျာ ဆရာမ ဒေါသ ပုန်ထလေပြီ ခုံပေါ်မှ တုတ်ကို ဆွဲယူလိုက်တော့သည် နင်ဘာလို့ ဒါတွေရေးတာတုန်း သားရေးတာ အဲလိုမဟုတ်ပါဘူး သားအလွတ်ဖတ်ပြပါမယ်။အေး ဖတ်စမ်း လိပ်လိုပဲ ကိုယ့်ဖက်ကိုယ်ရပ်တာ မဟုတ်ပါဘူး ကမ္ဘာပေါ်မှာ ငြိမ်းမောင်အချစ်တတ်ဆုံးပါ မင်းမလိုအပ်လည်း ငါကဆက်ချစ် နေမှာပါ

မင်းနှုတ်ခမ်းလေးတွေက စံပါယ်ဖူးလေးတွေလိုပဲ သိပ်ချစ် ချစ်စရာကောင်းတယ် စာရပြီ ဆိုရင် ညနေဘုရားမှာ လာတွေ့ပါ အချစ်တွေနဲ့ စောင့်နေမယ် ဟော ဆရာမက ဖိုးထောင်ဖက်သို့ လှည့်ပြန်သည်။ ဟဲ့ နင်ဖတ်တော့ တစ်မျိုးပါလား သူရေးထားတာလေ ဆရာမ ဒီမှာ စာကိုဖတ်ကြည့်တော့လည်း ဖိုးထောင်မှန်သည် ။ ထို့ကြောင့် ဆရာမ သဘောပေါက်လိုက်ပြီး ကဲ ဒါက စာလုံးပေါင်းမမှန်လို့ နားလည်မှုလွဲတာပါ။အားလုံး ကျေအေးလိုက်တော့ဟုတ်ဆရာမ ဖိုးထောင် သွားလို့ရပြီ ငြိမ်းမောင် ပြောစရာရှိတယ်

ဟုတ် ကဲ ပြောပါဦး အဲဒီစာသားတွေ ဘယ်က ကူးချလာတာတုန်း ရင်ထဲက လာတာပါ ဆရာမရယ် နှလုံးသားထဲကပါ အမယ် ကဲ ပြောပါဦး စာက ဘယ်သူ့ကိုပေးဖို့လဲ ပြောရင် ဆရာမက ရိုက်မှာပေါ့ မရိုက်ပါဘူး မင်း စာရေး တာတော်တယ် အဲဒီစာကို မင်းချစ်တဲ့ ကောင်မလေးသာရရင် သူ ချက်ချင်းအဖြေပြန်ပေးလောက်တယ်သိလားတကယ်လား ဆရာမ တကယ်ပေါ့ “ဒါဆို သား ဘယ်သူ့ကို ပေးမှာလည်းပြောပြမယ် ”“အေး ပြောပြ ”တကယ်တော့လေ အဲဒီစာက ဆရာမကို ပေးမှာ ဘာ သေနာကျလေး သေပြီသာမှတ်

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Ref ငြိမ်းမောင်

zawgyi

ဆရာ မ သား ကို ဖိုးေထာင္ဖင္ခ်တယ္။ေဟ ၿငိမ္းေမာင္ တိုင္လိုက္သည့္စကားေၾကာင့္ ဆရာမ ေငါက္ခနဲ မတ္တပ္ ထရပ္ လိုက္သည္။ သူတိုင္လိုက္သည္ကိုေတာ့ အတန္းထဲမွ မည္သူမွ မၾကားလိုက္ ဖိုးေထာင္ လာစမ္း ဆရာမ ေခၚလိုက္ေတာ့ တစ္တန္းလုံး အသံတိတ္ၿပီး ဖိုးေထာင္အား စိတ္ဝင္တစားၾကည့္ၾကသည္။ ဖိုးေထာင္ ကား ကုတ္ေခ်ာင္းေခ်ာင္းႏွင့္ အတန္းေရွ႕အေရာက္၌ ၿငိမ္းေမာင္ က သားကိုအရင္လုပ္တာ ဆရာမ သူက ဘာလုပ္တာလဲ သား ညီမေလး ကို ရည္းစား စာေပးတယ္။

ဟ ဟုတ္လားၿငိမ္းေမာင္ စတုတၳတန္းေက်ာင္းသား ၿငိမ္းေမာင္တစ္ေယာက္ နည္းနည္းတြန႔္သြား၏ မွန္၏ သူေရး ထားေသာ ရည္းစား စာက ဖိုးေထာင္ညီမလက္ ထဲသို႔ ေရာက္ေနၿပီျဖစ္သည္။အမွန္က သား သူ႔ညီမကိုေပးတာမဟုတ္ဘူး ဆရာမ ေဟ ဒါဆို ဘာလုပ္ဖို႔တုန္း ” တျခားတစ္ေယာက္ကိုေပးဖို႔လုပ္ေနတာကို သူ႔ ညီမေလး က လုသြားတာ ဟင္ ဟုတ္လားဖိုးေထာင္ ဆရာမက ဖိုးေထာင္ဖက္သို႔ တစ္ခါလွည့္ျပန္သည္ ေက်ာင္းသား အားလုံးကေတာ့ ၿငိမ္သက္လွ်က္ ။ မဟုတ္ဘူးဆရာမ သူေပးတာ ၿပီးေတာ့ စာထဲမွ ညစ္ညမ္းတာေတြ ေရးထားတယ္ ဟင္ ၿငိမ္းေမာင္ နင့္ကို ဒါေတြတတ္ေအာင္ ဘယ္သူသင္ေပးတာလဲ ဆရာမပဲေလ။

ငိန္ ဆရာမ ပဲ သား ကို စာသင္ေပးတာေျပာတာ။ဟင္း တုတ္စာေတာ့ မိေတာ့မယ္ ဆရာမက ဖိုးေထာင္ ဖက္သို႔ တစ္ခါလွည့္ျပန္သည္။ ကဲ ဖိုးေထာင္ ငါ့ကိုစာဖတ္ျပ ဟုတ္ သူ႔အိတ္ထဲမွ ေခါက္ထားေသာ စာ႐ြက္ ကေလးအား ထုတ္လိုက္ၿပီးျဖန႔္လိုက္သည္။ ၿပီးေနာက္ … အဟမ္း အဟမ္း ဟဲ့ စာထဲမွာ အဲဒါပါလို႔လား မပါဘူးဆရာမ ျမန္မာႏိုင္ငံက လူမွန္သမွ်က တစ္ခုခုေျပာခါနီးရင္ အဲလိုပဲ ေခ်ာင္းဟန႔္တယ္ေလ ”ေအးပါဟယ္ ဖတ္ပါ။သိုး ဟဲ့ ဘယ့္ႏွယ္က သိုးတုန္း သိုးေရၿခဳံတဲ့ ဝံပုေလြ ပါ ဆရာမ။ၿငိမ္းေမာင္က ဝင္ေထာက္သည္ ။

နင္ တိတ္တိတ္ေန ၿငိမ္းေမာင္ ကဲ ဖိုးေထာင္ဆက္ဖတ္ ငါျဖည့္ၿပီး နားေထာင္ေပးမယ္ လိ လိုပဲ ကိုယ့္ဖက္ ကိုယ္ရပ္တာ မဟုတ္ပါဘူး ဟယ္ ဆရာမ ပါးစပ္ အေဟာင္းသားျဖစ္သြားသည္ ။ ၿငိမ္းေမာင္ နင္ ဒါေတာ့မ်ားသြားၿပီ စာ အစကတည္းက မိုက္႐ိုင္းတာ ဆက္ဖတ္စမ္း ကမာၻေပၚမွာ ၿငိမ္းေမာင္ အခ် တတ္ဆုံးပါ ဟယ္ ၿငိမ္းေမာင္ နင္ေတာ့လား ဆရာမ က အသားမ်ား တဆတ္ဆတ္တုန္ကာ ႐ိုက္ခ်င္လာသည္။ၿငိမ္းေမာင္ လည္း တကိုယ္လုံး တုံယင္ေနသည္ ။ ေၾကာက္၍ေတာ့မဟုတ္ သူ႔ရည္းစားစာကို လူအားလုံးၾကားေနရၿပီျဖစ္၍ ျဖစ္သည္။မင္းမလိုအပ္လည္း ငါက ဆက္ခ်ေနမွာပါညယ္။

မင္းႏႈတ္ခမ္းေလးေတြက စပ ဖူးေလးေတြလိုပဲ ဟာသိပ္ ခ် ခ်င္စရာေကာင္းတယ္။ဗုေဒၶါ စားရၿပီဆိုရင္ ညေန ဘုရားမွာလာေတြ႕ပါ အခ်ေတြနဲ႔ ေစာင့္ေနမယ္ စာကား အဆုံးသတ္သြားၿပီျဖစ္၏ ၿငိမ္းေမာင္အား ဆရာမ လွည့္ၾကည့္သည္ ၿငိမ္းေမာင္ ဗ်ာ ဆရာမ ေဒါသ ပုန္ထေလၿပီ ခုံေပၚမွ တုတ္ကို ဆြဲယူလိုက္ေတာ့သည္ နင္ဘာလို႔ ဒါေတြေရးတာတုန္း သားေရးတာ အဲလိုမဟုတ္ပါဘူး သားအလြတ္ဖတ္ျပပါမယ္။ေအး ဖတ္စမ္း လိပ္လိုပဲ ကိုယ့္ဖက္ကိုယ္ရပ္တာ မဟုတ္ပါဘူး ကမာၻေပၚမွာ ၿငိမ္းေမာင္အခ်စ္တတ္ဆုံးပါ မင္းမလိုအပ္လည္း ငါကဆက္ခ်စ္ ေနမွာပါ

မင္းႏႈတ္ခမ္းေလးေတြက စံပါယ္ဖူးေလးေတြလိုပဲ သိပ္ခ်စ္ ခ်စ္စရာေကာင္းတယ္ စာရၿပီ ဆိုရင္ ညေနဘုရားမွာ လာေတြ႕ပါ အခ်စ္ေတြနဲ႔ ေစာင့္ေနမယ္ ေဟာ ဆရာမက ဖိုးေထာင္ဖက္သို႔ လွည့္ျပန္သည္။ ဟဲ့ နင္ဖတ္ေတာ့ တစ္မ်ိဳးပါလား သူေရးထားတာေလ ဆရာမ ဒီမွာ စာကိုဖတ္ၾကည့္ေတာ့လည္း ဖိုးေထာင္မွန္သည္ ။ ထို႔ေၾကာင့္ ဆရာမ သေဘာေပါက္လိုက္ၿပီး ကဲ ဒါက စာလုံးေပါင္းမမွန္လို႔ နားလည္မႈလြဲတာပါ။အားလုံး ေက်ေအးလိုက္ေတာ့ဟုတ္ဆရာမ ဖိုးေထာင္ သြားလို႔ရၿပီ ၿငိမ္းေမာင္ ေျပာစရာရွိတယ္

ဟုတ္ ကဲ ေျပာပါဦး အဲဒီစာသားေတြ ဘယ္က ကူးခ်လာတာတုန္း ရင္ထဲက လာတာပါ ဆရာမရယ္ ႏွလုံးသားထဲကပါ အမယ္ ကဲ ေျပာပါဦး စာက ဘယ္သူ႔ကိုေပးဖို႔လဲ ေျပာရင္ ဆရာမက ႐ိုက္မွာေပါ့ မ႐ိုက္ပါဘူး မင္း စာေရး တာေတာ္တယ္ အဲဒီစာကို မင္းခ်စ္တဲ့ ေကာင္မေလးသာရရင္ သူ ခ်က္ခ်င္းအေျဖျပန္ေပးေလာက္တယ္သိလားတကယ္လား ဆရာမ တကယ္ေပါ့ “ဒါဆို သား ဘယ္သူ႔ကို ေပးမွာလည္းေျပာျပမယ္ ”“ေအး ေျပာျပ ”တကယ္ေတာ့ေလ အဲဒီစာက ဆရာမကို ေပးမွာ ဘာ ေသနာက်ေလး ေသၿပီသာမွတ္

အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Ref ၿငိမ္းေမာင္

Add a Comment

Your email address will not be published. Required fields are marked *

two × four =