Covid19 လူနာတွေ ရဲ့ သွေးနမူနာတွေ ကို မျောက်တွေလုယူ

Covid19 လူနာတွေ ရဲ့ သွေးနမူနာတွေ ကို မျောက်တွေလုယူ

အိန္ဒိယနိုင်ငံမှာ ကျန်းမာရေး ဝန်ထမ်း တစ်ယောက်မျောက်အုပ် တိုက်ခိုက်ပြီး ကိုရိုနာ Positive လူနာတွေရဲ့ သွေးနမူနာပုလင်းတွေကို လုယူသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။အိန္ဒိယနိုင်ငံ အက်ထရာပရာဒက်စ်ပြည်နယ်၊ လက်ခ်နောင်းမြို့ရဲ့မြောက်ဘက် မီရုဇ်ဆေးကောလိပ်မှာ ဓာတ်ခွဲခန်း ဝန်ထမ်းတစ်ယောက်ကို မျောက်အုပ်တွေက တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။Covid19 ကုသနေတဲ့ လူနာလေးယောက် ရဲ့ သွေးနမူနာတွေကို မျောက်တွေလုသွားပါတယ်။ ဆေးထပ်စစ်ဖို့ သွားယူရင်း လမ်းမှာအလုခံရတာပါ” လို့ ​ဆေးကောလိပ်တာဝန်ရှိသူ ဒေါက်တာဂက်စ်က ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာကို အာဏာပိုင်တွေ စစ်ဆေးလျက် ရှိပြီး သွေးနမူနာတွေကို ရှာဖွေနေပါတယ်။ ကောလိပ်အနီးက ရပ်ကွက်တွေကတော့ မျောက်တွေယူသွားတဲ့ သွေးနမူနာတွေကတဆင့် ရောဂါ ကူးစက်မှာကို စိုးရိမ်နေကြပါတယ်။”တကယ်လို့ သွေးနမူနာတွေကို မျောက်တွေထိတွေ့မိရင် ရောဂါကူးစက် နိုင်သလားဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး၊ မျောက်က တစ်ဆင့် ကူးစက်နိုင်တယ် ဆိုတာလည်း သက်သေပြလို့မရသေးပါဘူး”လို့ ဒေါက်တာဂက်စ်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်အသားဈေးက တစ်ဆင့် တိရစ္ဆာန် ကနေ လူကို စတင်ကူးစက်ခဲ့တာလို့ လူတွေကယုံကြည်နေကြပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အိန္ဒိယနိုင်ငံမှာ ကူးစက်သူ ၁၆၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ငါးထောင်နီးပါးရှိပါတယ်။အိန္ဒိယနိုင်ငံမှာ သစ်တောပြုန်းတီးမှုများလာတာကြောင့် မျောက်တွေဟာ လူတွေရဲ့ အနီးအနားရောက်လာပြီး အစာလာရှာကြတာဖြစ်ပါတယ်။ မျောက်တွေ သောင်းကျန်းမှုကြောင့် အိမ်တွေပျက်စီးတာ၊ သီးနှံတွေ ပျက်စီးတာတွေ အိန္ဒိယမှာ ကြုံနေရပါတယ်။

Source – reuters
Credit WE Media