စင်ကာပူပြည်တော်ပြန်တွေ ကို လူပေါ် လူဇော် လုပ်နေတဲ့ ကိုဗစ် ဗီဒီယို မင်းသား

ကိုဗစ် ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် စင်ကာပူမှာ ပိတ်မိပြီးဒုက္ခရောက်နေကြတဲ့ မြန်မာတွေပြည်တော်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရ စင်ကာပူမြန်မာသံရုံး MNA လေကြောင်းလိုင်းတို့ပူးပေါင်းပြီး တပါတ်တခါလေယာဉ်ထွက်နိုင်အောင်စီစဉ်နေကြပါတယ် ယနေ့အထိ ပြည်တော်ပြန်ဖို့ စာရင်းပေးထားသူပေါင်း(၄၅၀၀)ကျော်ရှိနေပါသေးတယ် လေယာဉ်တခေါက် ကို ခရီးသည်(၁၅၀)ခန့်သာ သယ်ဆောင်နိုင်တာမို့ အခေါက်ပေါင်းများစွ ာစီစဉ်ပေးကြရပါဦးမယ်

ပြည်တော်ပြန်များ အတွက် Q စခန်းများ အဆင်သင့်ဖြစ်တဲ့ အပေါ်မှာ လဲ မူတည်နေတာပါ လတ်တလေ ာပြည်တွင်းပိုးတွေ့သူနဲ့ ဆက်စပ်တွေများလာတာကြောင့် ပြည်တော်ပြန်တွေ အတွက် Q စခန်းရရှိဖို့ဟာ ပိုပိုပြီး ခက်ခဲလာပါတော့တယ် ဟိုးကတည်းက လေယာဉ်ပေါ်မှာ ပေါင်ပိုဆောင်ပြီး စင်ကာပူ-ရန်ကုန်-စင်ကာပူ စီးပွားရေး အရ ကုန်ပစ္စည်းတွေ သယ်ဆောင်နေကြတာပါ ပေါင်ပိုခကို ပစ္စည်းပို့ချင်သူကဆောင် သယ်ပေးသူကိုတော့ တကီလို ၂ ဒေါ်လာလောက်ပေးပြီး သယ်ကြတာပါ အခုကိုဗစ်ကာလမှာလဲ ပြန်တော်ပြန်လေယာဉ်တွေနဲ့ ပြန်မယ့်သူတွေက တဆင့် ကုန်ပစ္စည်းတွေ ပို့နေကြတုန်းပါပဲ ခရီးသည် တယောက်ကို ကီလို၃၀နဲ့ လက်ဆွဲ(၇)ကီလို ခွင့်ပြုထားတာပါ ပေါင်း(၃၇)ကီလိုပေါ့ ဒါပေမယ့် ပုံမှန်ပြည်တော်ပြန် အများစုမှာ ကိုယ်ပိုင်ပစ္စည်း (၁၈)ကီလို ကီလို(၂၀)လောက်သာပါကြလေတော့ ပိုနေတဲ့ကီလိုအလေးချိန်ကို လူကြုံသယ်ခိုင်းတဲ့သဘောမျိုးလုပ်ကြတာပါ

ဟိုဘက် Q စခန်းရောက်တော့ ကြံဖန်ပြီးသွားထုတ်သွားယူကြလွန်းလို့ Q စခန်းဖွင့်ထားတဲ့ တချို့ဘုန်းကြီးကျောင်းတွေဆိုရင် မှောင်ခိုပစ္စည်းသယ်သူတွေရဲ့ ဒုက္ခပေးမှုတွေကြောင့် စည်းကမ်းချက် အမျိုးမျိုးထုတ်ပြန်ရတဲ့ အထိဖြစ်လာပါပြီ ပြန်တော်ပြန်လေယာဉ်အတွက် လေယာဉ်စီးခကို အွန်လိုင်းက နေသွင်းရတာပါ စင်ကာပူမှ ာနာမည်ကြီး ကိုဘစ်ဗီဒီယိုမင်းသားတယောက် ရှိပါရောလား တချို့အိမ်အကူလေးတွေ အလုပ်သမားလေးတွေ အွန်လိုင်းကငွေသွင်းဖို့ အခက်အခဲရှိလေတော့ ဒါကိုသူက ငွေစိုက်လေယာဉ်ခ ကြိုသွင်းပေးပြီး ကူညီနေပါတယ် သာဓုခေါ်စရာပေါ့ဗျာ ဘယ်အလကားပါ့မလဲ သူစိုက်ထားတာကိုတော့ ပြန်ပေးရတာပေါ့ သူက ကြိုတင်ငွေ စိုက် ကူညီထားရတာကိုး လေဆိပ်ကနေ ပြန်မယ့်နေ့ကို ကြိုစောင့်နေပြီး အိမ်အကူလေးတွေ အလုပ်သမားလေးတွေ ရဲ့ ပစ္စည်းတွေထဲကို သူသယ်စေချင်တဲ့ပစ္စည်းတွေအတင်းထိုးထည့် သယ်ခိုင်းတော့ တာပါပဲ ဘယ်တပြားပေးပါ့မလဲ အတိုးအညွန့်သဘောပေါ့ ကူညီထားတာကိုး အပြစ်မဆိုသာဘူးမဟုတ်လား သူ့မှာက မြန်မာပြည်ဘက်ကို ကိုဘစ်အလှူပံ့ပိုးပစ္စည်းတွေ ပို့ပေးရပါတယ်ဆိုတဲ့ ခေါင်းစဉ်က ရှိ နေလေတော့ ခပ်တည်တည်ပါပဲ ရောချပုံများ

ပြန်တော်ပြန်တွေကို ကူညီနေတဲ့ ပရဟိတသမားတွေကတော့ လေယာဉ်ရှိတဲ့နေ့တွေတိုင်း ဒီမြင်ကွင်းကို တွေ့နေရလေတော့ မဆန်းဘူးအကိုရေ ဒီလို စီးပွားရေးသောင်းကျန်း လွန်းတာတော့ မကောင်းပါဘူး လေဆိပ်ရဲတွေက ဝိုင်းကြည့်နေတဲ့ ကြားထဲ သူက ဟိုတယောက်ကို တထုတ် ဒီတယောက်ကို တထုတ် ခွဲပေးနေတာ အမြင်မတော်ဘူးဗျ တော်ကြာစလုံးအစိုးရက ပြည်တော်ပြန် လေယာဉ်တွေကို ကြပ်လိုက်ရင် စင်ကာပူ မှာ သောင်တင်နေတဲ့ မြန်မာတွေပဲ ဒုက္ခရောက်ရကြမှာတဲ့ ဪ စီးပွားရှာတတ်လွန်းပါလား မင်းသားရယ်လို့ အံ့ဩတကြီး ဖြစ်ရုံကလွဲပြီး။

ဝင်းထိန်

zawgyi

ကိုဗစ္ ကာလအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စင္ကာပူမွာ ပိတ္မိၿပီးဒုကၡေရာက္ေနၾကတဲ့ ျမန္မာေတြျပည္ေတာ္ျပန္ႏိုင္ေရးအတြက္ ျမန္မာအစိုးရ စင္ကာပူျမန္မာသံ႐ုံး MNA ေလေၾကာင္းလိုင္းတို႔ပူးေပါင္းၿပီး တပါတ္တခါေလယာဥ္ထြက္ႏိုင္ေအာင္စီစဥ္ေနၾကပါတယ္ ယေန႔အထိ ျပည္ေတာ္ျပန္ဖို႔ စာရင္းေပးထားသူေပါင္း(၄၅၀၀)ေက်ာ္ရွိေနပါေသးတယ္ ေလယာဥ္တေခါက္ ကို ခရီးသည္(၁၅၀)ခန႔္သာ သယ္ေဆာင္ႏိုင္တာမို႔ အေခါက္ေပါင္းမ်ားစြ ာစီစဥ္ေပးၾကရပါဦးမယ္

ျပည္ေတာ္ျပန္မ်ား အတြက္ Q စခန္းမ်ား အဆင္သင့္ျဖစ္တဲ့ အေပၚမွာ လဲ မူတည္ေနတာပါ လတ္တေလ ာျပည္တြင္းပိုးေတြ႕သူနဲ႔ ဆက္စပ္ေတြမ်ားလာတာေၾကာင့္ ျပည္ေတာ္ျပန္ေတြ အတြက္ Q စခန္းရရွိဖို႔ဟာ ပိုပိုၿပီး ခက္ခဲလာပါေတာ့တယ္ ဟိုးကတည္းက ေလယာဥ္ေပၚမွာ ေပါင္ပိုေဆာင္ၿပီး စင္ကာပူ-ရန္ကုန္-စင္ကာပူ စီးပြားေရး အရ ကုန္ပစၥည္းေတြ သယ္ေဆာင္ေနၾကတာပါ ေပါင္ပိုခကို ပစၥည္းပို႔ခ်င္သူကေဆာင္ သယ္ေပးသူကိုေတာ့ တကီလို ၂ ေဒၚလာေလာက္ေပးၿပီး သယ္ၾကတာပါ အခုကိုဗစ္ကာလမွာလဲ ျပန္ေတာ္ျပန္ေလယာဥ္ေတြနဲ႔ ျပန္မယ့္သူေတြက တဆင့္ ကုန္ပစၥည္းေတြ ပို႔ေနၾကတုန္းပါပဲ ခရီးသည္ တေယာက္ကို ကီလို၃၀နဲ႔ လက္ဆြဲ(၇)ကီလို ခြင့္ျပဳထားတာပါ ေပါင္း(၃၇)ကီလိုေပါ့ ဒါေပမယ့္ ပုံမွန္ျပည္ေတာ္ျပန္ အမ်ားစုမွာ ကိုယ္ပိုင္ပစၥည္း (၁၈)ကီလို ကီလို(၂၀)ေလာက္သာပါၾကေလေတာ့ ပိုေနတဲ့ကီလိုအေလးခ်ိန္ကို လူႀကဳံသယ္ခိုင္းတဲ့သေဘာမ်ိဳးလုပ္ၾကတာပါ

ဟိုဘက္ Q စခန္းေရာက္ေတာ့ ႀကံဖန္ၿပီးသြားထုတ္သြားယူၾကလြန္းလို႔ Q စခန္းဖြင့္ထားတဲ့ တခ်ိဳ႕ဘုန္းႀကီးေက်ာင္းေတြဆိုရင္ ေမွာင္ခိုပစၥည္းသယ္သူေတြရဲ႕ ဒုကၡေပးမႈေတြေၾကာင့္ စည္းကမ္းခ်က္ အမ်ိဳးမ်ိဳးထုတ္ျပန္ရတဲ့ အထိျဖစ္လာပါၿပီ ျပန္ေတာ္ျပန္ေလယာဥ္အတြက္ ေလယာဥ္စီးခကို အြန္လိုင္းက ေနသြင္းရတာပါ စင္ကာပူမွ ာနာမည္ႀကီး ကိုဘစ္ဗီဒီယိုမင္းသားတေယာက္ ရွိပါေရာလား တခ်ိဳ႕အိမ္အကူေလးေတြ အလုပ္သမားေလးေတြ အြန္လိုင္းကေငြသြင္းဖို႔ အခက္အခဲရွိေလေတာ့ ဒါကိုသူက ေငြစိုက္ေလယာဥ္ခ ႀကိဳသြင္းေပးၿပီး ကူညီေနပါတယ္ သာဓုေခၚစရာေပါ့ဗ်ာဘယ္အလကားပါ့မလဲ သူစိုက္ထားတာကိုေတာ့ ျပန္ေပးရတာေပါ့ သူက ႀကိဳတင္ေငြ စိုက္ကူညီထားရတာကိုး ေလဆိပ္ကေန ျပန္မယ့္ေန႔ကို ႀကိဳေစာင့္ေနၿပီး အိမ္အကူေလးေတြ အလုပ္သမားေလးေတြ ရဲ႕ ပစၥည္းေတြထဲကို သူသယ္ေစခ်င္တဲ့ပစၥည္းေတြအတင္းထိုးထည့္ သယ္ခိုင္းေတာ့ တာပါပဲ ဘယ္တျပားေပးပါ့မလဲ အတိုးအၫြန႔္သေဘာေပါ့ ကူညီထားတာကိုး အျပစ္မဆိုသာဘူးမဟုတ္လား သူ႔မွာက ျမန္မာျပည္ဘက္ကို ကိုဘစ္အလႉပံ့ပိုးပစၥည္းေတြ ပို႔ေပးရပါတယ္ဆိုတဲ့ ေခါင္းစဥ္က ရွိ ေနေလေတာ့ ခပ္တည္တည္ပါပဲ ေရာခ်ပုံမ်ား

ျပန္ေတာ္ျပန္ေတြကို ကူညီေနတဲ့ ပရဟိတသမားေတြကေတာ့ ေလယာဥ္ရွိတဲ့ေန႔ေတြတိုင္း ဒီျမင္ကြင္းကို ေတြ႕ေနရေလေတာ့ မဆန္းဘူးအကိုေရ ဒီလို စီးပြားေရးေသာင္းက်န္း လြန္းတာေတာ့ မေကာင္းပါဘူး ေလဆိပ္ရဲေတြက ဝိုင္းၾကည့္ေနတဲ့ ၾကားထဲ သူက ဟိုတေယာက္ကို တထုတ္ ဒီတေယာက္ကို တထုတ္ ခြဲေပးေနတာ အျမင္မေတာ္ဘူးဗ် ေတာ္ၾကာစလုံးအစိုးရက ျပည္ေတာ္ျပန္ ေလယာဥ္ေတြကို ၾကပ္လိုက္ရင္ စင္ကာပူ မွာ ေသာင္တင္ေနတဲ့ ျမန္မာေတြပဲ ဒုကၡေရာက္ရၾကမွာတဲ့ ဪ စီးပြားရွာတတ္လြန္းပါလား မင္းသားရယ္လို႔ အံ့ဩတႀကီး ျဖစ္႐ုံကလြဲၿပီး။

ဝင္းထိန္

Add a Comment

Your email address will not be published. Required fields are marked *

9 + sixteen =