အမွှေးရိတ်ပြီး ကြောင်ခေါင်း ပုံ တက်တူး ထပ်ထိုး လိုက်ပြီ ဆိုတဲ့ မတ်မတ်သင်ဇာ

ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကိုတော့ အထူး တလည်မိတ်ဆက်ပေးနေစရာမလိုလောက်အောင်ကို သိရှိကြပြီးသားဖြစ်မှာပါနော်။အခုနောက်ပိုင်းနှစ်တွေမှာ အရမ်းလန်းပြီး မိမိုက်နေတဲ့ ပုံစံတွေကြောင့် ပုရိသတွေရဲ့ အထူးအာရုံစိုက်ခြင်းကိုလည်း ခံရသူဖြစ်ပါတယ်နော်။

မတ်မတ်သင်ဇာကတော့ ခန္ဓာကိုယ်ပေါ်မှာ Tatoo တွေထိုးရတာကို အရမ်း ကြိုက်ပြီး မကြာခဏလည်း သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ ထိုးလေ့ရှိသူဖြစ်ပါတယ်နော်။သူမကတော့ နေရာမလပ်အောင်ထိကို တက်တူးထိုးဖို့ရည်ရွယ်ထားပြီး အခုလည်းသူမအရမ်းထိုးချင်နေတဲ့ ကြောင်ခေါင်းပုံတက်တူးလေးကို အမွှေးတွေရိတ်ပြီး ပေါင်မှာထိုးလိုက်ကြောင်းကို ပြောပြလာတာပဲ ဖြစ်ပါတယ်နော်။

“အီဂျစ်ခေတ်က အမွေး ရိတ်ထားတဲ့ ကြောင်ခေါင်းပုံစံလေးကို ကြိုက်လွန်း လို့ ပေါင်မှာ တက်တူး ထိုးလိုက်ပါတယ်။ ခန္ဓာကိုယ်မှာ တက်တူး (၁၂) ခုလောက်တော့ ရှိနေပါပြီ” လို့ ခန္ဓာကိုယ်ပေါ်က တက်တူးတွေ အကြောင်း ပြောလာတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ။ချစ်ရတဲ့ Fb Daily News ပရိတ်သတ်ကြီးရေ မတ်မတ်သင်ဇာရဲ့ တက်တူးလေးနဲ့ ထိုးဖြစ်ခဲ့ပုံကိုပြောပြလာတဲ့ Video လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

zawgyi




Add a Comment

Your email address will not be published. Required fields are marked *

12 − 6 =