ခွင့်တူညီ မျှတဲ့ ပြည်ထောင်စုကြီး ဆိုပြီး အမြဲအနှိမ် ခံနေရတဲ့ တနင်္သာရီသား တဦး ရဲ့ ရင်ဖွင့်သံ

တနသာင်္ရီတိုင်းသားတွေ ဆီက ထွက်သွားတဲ့ Gas တွေကို ပြည်ပပို့ တဲ့အပြင် အစိုးရကပြည်မကြီးကိုယူသွားပြီးတယူနစ် ၇၅ ကျပ်နှုန်းနဲ့ မဟာဓာတ်အားလိုင်းပေါ်တင်ပြီးပေးတယ်… ကိုယ်တွေဆီမှာကျ ဒီ Gas ကို % နည်းနည်းလေးတောင် free မရတဲ့အပြင် လျှပ်စစ်ထုတ်ဖို့ တောင် အစိုးရဆီက export ​ဈေးနဲ့  ပြန်​ဝယ်​ရပြီး လျှပ်​စစ်​ကိုတယူနစ်​ ၂၃၈ ကျပ်​နဲ့ သုံးရတယ်​…


ပထမတော့ပျော် မိတာပေါ့… ငါတို့ သွေးချွေးတွေနဲ့ ရွေးခဲ့ရတဲ့အစိုးရ ငါတို့ ကိုကြည့်ပြီဆိုပြီး… တနသာင်္ရီတတိုင်းလုံး ရာဇဝင်မရိုင်းတဲ့ 100%အနီရောင်လွှမ်းအောင် မဲပေးခဲ့ရကျိုးနပ်ပြီပေါ့… ပျော်နေလို့ မဆုံးသေးဘူး ဒီအစီအစဉ်မှာတနသာင်္ရီမပါလို့ ဆိုလာရော… တိုင်းအစိုးရက ပြည်ထောင်စု ရဲ့ ယူနစ် Free ကိစ္စအတွက်တတိုင်းလုံးက အစိုးရကို Royalty fee(ခိုင်ကြေး)သွင်းထားတဲ့ မီတာအလုံးရေ ၁၄၀၀၀၀ ကျော်အတွက် ပထမအကြိမ် ယူနစ် ၁၅၀ free ပေးဖို့  ကျပ် ၅.၈ ဘီလျံကျော် ဗဟိုအစိုးရဆီတောင်းခဲ့ပေမယ့် ပြန်ကြားလာတာက မဟာ ဓာတ်အားလိုင်းပြင်ပကမို့  ထောက်ပံ့မပေးနိုင်ပါတဲ့…


ဗဟိုအစိုးရရဲ့ စီမံမှုက အံ့သြ လက်လန်မိ… ဒီ Free ပေးမယ့် မီတာခကိုလိုချင်လွန်းလို့  အခုလိုပြောနေတာတော့မဟုတ်ဘူး… တနသာင်္ရီတိုင်းသားတွေ ဆိုတာက သာမန်လူတန်းစားတောင်တစ်လကို မီတာခ သောင်းချီ သိန်းချီပေးပြီးသုံးနေတဲ့သူတွေမို့  မဟာဓာတ်အားလိုင်းလို့ ခေါ်တဲ့နေရာ က အစိုးရဈေးနဲ့ တယူနစ် ၇၅ ကျပ်နဲ့ တွက်ရင် ၁၅၀+၇၅= ၂၂၅ ယူနစ်အတွက် မြန်မာငွေ ၁၆၈၀၀ လောက်က တနသာင်္ရီတိုင်းသားတွေအတွက် တစ်လစာမီတာခရဲ့ တစ်ဝက်လောက်ပဲရှိသေးတော့ သိပ်ပြီးရင်တော့မခုန်ဘူး…

ဒါပေမယ့် အခုလိုခွဲခြားခံရတာက အခြားမဟာ ဓာတ်​အား လိုင်းမရတဲ့​ နေရာကဆိုခံသာ​သေးတယ်​… အခုကကျ​နော်​တို့ ဆီ က gas ကိုထုတ်​သွားပြီး ပြည်​မမှာ တယူနစ်​ ၇၅ ကျပ်​နဲ့ ​ပေးခဲ့တာကို တနသာင်္ရီတိုင်းသားတွေဘာမှမပြောဘဲ ဒီအတိုင်းသည်းခံရင်းသည်းခံငြိမ်နေပေးနေတာ ကိုမှ ကတုံးပေါ်ထိပ် ကွက်လုပ်သွားတာကိုခံပြင်းတာ…

တနသာင်္ရီတိုင်းကလူတွေ လျှပ်စစ်အတွက် ပြည်ထောင်စုဆီက ဘာမှခံစားခွင့်မရပေမယ့် ယူနစ်ဈေးကိုအမြင့်ဆုံးနဲ့ သုံးနေရပေမယ့် အစိုးရဆီ Royalty fee ကြေး လစဉ်ဆောင်ပေးနေကြတာပါ… အခုတော့ဘာတဲ့… မဟာဓာတ်​အားလိုင်းမ​ရောက်​တဲ့​နေရာမို့  အကျုံးမဝင်​ဘူးတဲ့လား… ခံပြင်းစရာကဒီထက်ဆိုးတာမရှိ…

တနသာင်္ရီတိုင်းကို မဟာဓာတ်အားလိုင်း ဘယ်နေ့ ဘယ်တော့ ဆွဲတော့မယ်လို့  အိပ်မက်တွေပေးနေတာခုဆို ၅ နှစ်ကျော်နေဘီ… ခေတ်အဆက်ဆက်တနသာင်္ရီတိုင်းသားတွေ သည်းခံရင်းသည်းခံလာတာ အခုတော့စော်ကားခံလိုက်ရတာပဲ… အခုလိုလုပ်တဲ့ပုံစံက ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတဲ့အထဲမှာ တနသာင်္ရီတိုင်းရောပါမှ ပါရဲ့ လားလို့  မေးခွန်းထုတ်စရာဖြစ်ရတယ်…

ဗဟိုအစိုးရဆီက ထောက်ပံ့မှုမရတော့ တိုင်းအစိုးရက သူတို့ ဆီမှာ ရှိတဲ့ ဘတ်ဂျက်ထဲက ရသလောက်ခြစ်ကုတ်ထုတ်ပြီး ဧပြီလအတွက် မီတာတွေကို တစ်လုံး ၅၀၀၀ ထောင်နှုန်းနဲ့  သိန်း ၇၀၀၀ ကျော်ဖိုးထောက်ပံ့ပေးဖို့ လုပ်တယ်… ဒီဘတ်ဂျက်တွေဆိုတာ ကျနော်တို့ တနသာင်္ရီတိုင်းက လိုအပ်တဲ့နေရာတွေမှာသုံးဖို့  ဗဟိုအစိုးရကချပေးထားတဲ့ ဘတ်ဂျက်… ဆိုတော့ အခုလိုလျှပ်စစ်အတွက်ထောက်ပံ့ဖို့  တနသာင်္ရီတိုင်းကိုဗဟိုအစိုးရကမျက်ကွယ်ပြုထားချိန် တိုင်းအစိုးရဘတ်ဂျက်ထဲကအခုလိုထုတ်သုံးတာက တိုင်းထဲကလိုအပ်တဲ့နေရာတွေအတွက် နစ်နာမှုတွေ ရှိသွားတယ်…

ဒါကိုဘယ်လိုဖြေရှင်းကြမလဲ? တနသာင်္ရီတိုင်းသားတွေလိုတာ ဒီလိုထောက်ပံ့ တဲ့ငွေကြေးတွေမဟုတ်ဘူး ပြည်ထောင်စုဆိုတဲ့ တန်းတူညီမျှမှုကိုလိုချင်တာ… ရန်ကုန်မှာ ၁ ကျပ်သုံးရင် ကျန်တဲ့တိုင်းနဲ့ ပြည်နယ်တွေလည်း ၁ ကျပ်ပဲဖြစ်ရမယ်… နောက်ဆုံးပြောချင်တာကတော့ ဗဟိုအစိုးရက ပြည်ထောင်စုလို့ အတွင်တွင်ပြောနေပေမယ့် အခုလိုနိုင်ငံသားတိုင်း တန်းတူညီမျှဖြစ်အောင် မစီမံပေးနိုင်တာကိုပါပဲ…

အခုဆို တနသာင်္ရီတိုင်း သားတွေက ခေတ်အဆက်ဆက် အပယ်ခံဖြစ်နေရတာကို သည်းခံနေရတဲ့စိတ်တွေပေါက်ကွဲထွက်လာပြီ… ဒီအတွက်လက်ရှိအစိုးရအနေနဲ့  ပေးဆပ်မှုအကြီးကြီးမကြာခင်ကြုံတွေ့ ရမယ်ဆိုတာက သေချာနေတဲ့အခြေအနေတခုပဲ… တနသာင်္ရီတိုင်းသားတွေဟာ သစ္စာရှိတယ် သည်းခံ တတ်တယ် မဟုတ်မခံတတ်ဘူးဆိုတာ ရှေ့ မှာသက်သေတွေအများကြီးပဲ…

မြန်မာနိုင်ငံတော်သီချင်းကြုံ လို့ ဆိုဖြစ်ရင်တောင် ‘ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ’ ဆိုတဲ့စာသားဆီရောက်ရင် တနသာင်္ရီတိုင်းသားတွေဆက်ဆိုဖို့ လိုသေးလား ကိုယ်တိုင်စဉ်းစားနေရတဲ့အခြေအနေဖြစ်နေတယ်… ခဗျားတို့ ဗဟိုအစိုးရကလူတွေလည်း အဲဒီစာသားကို လိပ်ပြာသန့် သန့် နဲ့ ဆိုနိုင်ဖို့  ကြိုးစားကြပေါ့ဗျာ… တနသာင်္ရီတိုင်း ဆိုတာ ဖိနှိပ်ခံဖို့  အသုံးချခံဖို့  နေရာတစ်ခုမဟုတ်ဘူးဆိုတာတော့ သိထားကြပါ… ဒါပဲပြောချင်တယ်…

ဖြိုးဇင်

unicode

တနသာၤရီတိုင်းသားတွေ ဆီက ထွက်သွားတဲ့ Gas တွေကို ပြည်ပပို့တဲ့အပြင် အစိုးရကပြည်မကြီးကိုယူသွားပြီးတယူနစ် ၇၅ ကျပ်နှုန်းနဲ့မဟာဓာတ်အားလိုင်းပေါ်တင်ပြီးပေးတယ်… ကိုယ်တွေဆီမှာကျ ဒီ Gas ကို % နည်းနည်းလေးတောင် free မရတဲ့အပြင် လျှပ်စစ်ထုတ်ဖို့တောင် အစိုးရဆီက export ဈေးနဲ့ ပြန်ဝယ်ရပြီး လျှပ်စစ်ကိုတယူနစ် ၂၃၈ ကျပ်နဲ့သုံးရတယ်…

ဒါတောင် Gas Stations တွေ ရှိတဲ့ ထားဝယ် မှာပဲရတာနော်… ကျန်တဲ့ မြိတ်နဲ့ကော့သောင်းခရိုင်မှာဆို ဒီဇယ်နဲ့ပေးတဲ့လျှပ်စစ်ကို တယူနစ် ၃၀၀ ကျော်ကနေ ၈၀၀ / ၁၀၀၀ လောက်အထိပေးသုံးနေရတာ… အခု ကိုဗစ်ကာလမှာ ဗဟိုအစိုးရက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဧပြီနဲ့မေလ အတွက် ယူနစ် ၁၅၀+၇၅ ကျသင့်ငွေ free အစီအစဉ်လုပ်တယ်…

ပထမတော့ပျော် မိတာပေါ့… ငါတို့သွေးချွေးတွေနဲ့ရွေးခဲ့ရတဲ့အစိုးရ ငါတို့ကိုကြည့်ပြီဆိုပြီး… တနသာၤရီတတိုင်းလုံး ရာဇဝင်မရိုင်းတဲ့ 100%အနီရောင်လွှမ်းအောင် မဲပေးခဲ့ရကျိုးနပ်ပြီပေါ့… ပျော်နေလို့မဆုံးသေးဘူး ဒီအစီအစဉ်မှာတနသာၤရီမပါလို့ဆိုလာရော… တိုင်းအစိုးရက ပြည်ထောင်စု ရဲ့ယူနစ် Free ကိစ္စအတွက်တတိုင်းလုံးက အစိုးရကို Royalty fee(ခိုင်ကြေး)သွင်းထားတဲ့ မီတာအလုံးရေ ၁၄၀၀၀၀ ကျော်အတွက် ပထမအကြိမ် ယူနစ် ၁၅၀ free ပေးဖို့ ကျပ် ၅.၈ ဘီလျံကျော် ဗဟိုအစိုးရဆီတောင်းခဲ့ပေမယ့် ပြန်ကြားလာတာက မဟာ ဓာတ်အားလိုင်းပြင်ပကမို့ ထောက်ပံ့မပေးနိုင်ပါတဲ့…

အကြောင်းပြချက်က မဟာဓာတ်အား လိုင်းမရှိတဲ့တိုင်းမို့ တိုင်းအစိုးရကကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်ပါတဲ့လား… ကိုယ်တွေမှာစိတ်ပျက်ချက်က ပြောစရာကို မလိုတော့… တနိုင်ငံလုံးတန်းတူညီတူမပေးနိုင်မှတော့ ဘာလို့တနိုင်ငံလုံးအတိုင်းအတာလို့ ခေါင်းစဉ်တပ်သေးတာလဲ… အခုက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်လို့ခေါ်ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုပဲရှိတာကိုမှ ဟိုဟာက ဟိုလို ဒီဟာက ဒီလိုဆိုပြီးခွဲခြားခံနေရသေး…

ဗဟိုအစိုးရရဲ့စီမံမှုက အံ့သြ လက်လန်မိ… ဒီ Free ပေးမယ့် မီတာခကိုလိုချင်လွန်းလို့ အခုလိုပြောနေတာတော့မဟုတ်ဘူး… တနသာၤရီတိုင်းသားတွေ ဆိုတာက သာမန်လူတန်းစားတောင်တစ်လကို မီတာခ သောင်းချီ သိန်းချီပေးပြီးသုံးနေတဲ့သူတွေမို့ မဟာဓာတ်အားလိုင်းလို့ခေါ်တဲ့နေရာ က အစိုးရဈေးနဲ့တယူနစ် ၇၅ ကျပ်နဲ့တွက်ရင် ၁၅၀+၇၅= ၂၂၅ ယူနစ်အတွက် မြန်မာငွေ ၁၆၈၀၀ လောက်က တနသာၤရီတိုင်းသားတွေအတွက် တစ်လစာမီတာခရဲ့တစ်ဝက်လောက်ပဲရှိသေးတော့ သိပ်ပြီးရင်တော့မခုန်ဘူး…

ဒါပေမယ့် အခုလိုခွဲခြားခံရတာက အခြားမဟာ ဓာတ်အား လိုင်းမရတဲ့ နေရာကဆိုခံသာသေးတယ်… အခုကကျနော်တို့ဆီ က gas ကိုထုတ်သွားပြီး ပြည်မမှာ တယူနစ် ၇၅ ကျပ်နဲ့ပေးခဲ့တာကို တနသာၤရီတိုင်းသားတွေဘာမှမပြောဘဲ ဒီအတိုင်းသည်းခံရင်းသည်းခံငြိမ်နေပေးနေတာ ကိုမှ ကတုံးပေါ်ထိပ် ကွက်လုပ်သွားတာကိုခံပြင်းတာ…

တနသာၤရီတိုင်းကလူတွေ လျှပ်စစ်အတွက် ပြည်ထောင်စုဆီက ဘာမှခံစားခွင့်မရပေမယ့် ယူနစ်ဈေးကိုအမြင့်ဆုံးနဲ့သုံးနေရပေမယ့် အစိုးရဆီ Royalty fee ကြေး လစဉ်ဆောင်ပေးနေကြတာပါ… အခုတော့ဘာတဲ့… မဟာဓာတ်အားလိုင်းမရောက်တဲ့နေရာမို့ အကျုံးမဝင်ဘူးတဲ့လား… ခံပြင်းစရာကဒီထက်ဆိုးတာမရှိ…

တနသာၤရီတိုင်းကို မဟာဓာတ်အားလိုင်း ဘယ်နေ့ဘယ်တော့ ဆွဲတော့မယ်လို့ အိပ်မက်တွေပေးနေတာခုဆို ၅ နှစ်ကျော်နေဘီ… ခေတ်အဆက်ဆက်တနသာၤရီတိုင်းသားတွေ သည်းခံရင်းသည်းခံလာတာ အခုတော့စော်ကားခံလိုက်ရတာပဲ… အခုလိုလုပ်တဲ့ပုံစံက ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတဲ့အထဲမှာ တနသာၤရီတိုင်းရောပါမှ ပါရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်ရတယ်…

ဗဟိုအစိုးရဆီက ထောက်ပံ့မှုမရတော့ တိုင်းအစိုးရက သူတို့ဆီမှာ ရှိတဲ့ ဘတ်ဂျက်ထဲက ရသလောက်ခြစ်ကုတ်ထုတ်ပြီး ဧပြီလအတွက် မီတာတွေကို တစ်လုံး ၅၀၀၀ ထောင်နှုန်းနဲ့ သိန်း ၇၀၀၀ ကျော်ဖိုးထောက်ပံ့ပေးဖို့လုပ်တယ်… ဒီဘတ်ဂျက်တွေဆိုတာ ကျနော်တို့တနသာၤရီတိုင်းက လိုအပ်တဲ့နေရာတွေမှာသုံးဖို့ ဗဟိုအစိုးရကချပေးထားတဲ့ ဘတ်ဂျက်… ဆိုတော့ အခုလိုလျှပ်စစ်အတွက်ထောက်ပံ့ဖို့ တနသာၤရီတိုင်းကိုဗဟိုအစိုးရကမျက်ကွယ်ပြုထားချိန် တိုင်းအစိုးရဘတ်ဂျက်ထဲကအခုလိုထုတ်သုံးတာက တိုင်းထဲကလိုအပ်တဲ့နေရာတွေအတွက် နစ်နာမှုတွေ ရှိသွားတယ်…

ဒါကိုဘယ်လိုဖြေရှင်းကြမလဲ? တနသာၤရီတိုင်းသားတွေလိုတာ ဒီလိုထောက်ပံ့ တဲ့ငွေကြေးတွေမဟုတ်ဘူး ပြည်ထောင်စုဆိုတဲ့ တန်းတူညီမျှမှုကိုလိုချင်တာ… ရန်ကုန်မှာ ၁ ကျပ်သုံးရင် ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေလည်း ၁ ကျပ်ပဲဖြစ်ရမယ်… နောက်ဆုံးပြောချင်တာကတော့ ဗဟိုအစိုးရက ပြည်ထောင်စုလို့အတွင်တွင်ပြောနေပေမယ့် အခုလိုနိုင်ငံသားတိုင်း တန်းတူညီမျှဖြစ်အောင် မစီမံပေးနိုင်တာကိုပါပဲ…

အခုဆို တနသာၤရီတိုင်း သားတွေက ခေတ်အဆက်ဆက် အပယ်ခံဖြစ်နေရတာကို သည်းခံနေရတဲ့စိတ်တွေပေါက်ကွဲထွက်လာပြီ… ဒီအတွက်လက်ရှိအစိုးရအနေနဲ့ ပေးဆပ်မှုအကြီးကြီးမကြာခင်ကြုံတွေ့ရမယ်ဆိုတာက သေချာနေတဲ့အခြေအနေတခုပဲ… တနသာၤရီတိုင်းသားတွေဟာ သစ္စာရှိတယ် သည်းခံ တတ်တယ် မဟုတ်မခံတတ်ဘူးဆိုတာ ရှေ့မှာသက်သေတွေအများကြီးပဲ…

မြန်မာနိုင်ငံတော်သီချင်းကြုံ လို့ဆိုဖြစ်ရင်တောင် ‘ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ’ ဆိုတဲ့စာသားဆီရောက်ရင် တနသာၤရီတိုင်းသားတွေဆက်ဆိုဖို့လိုသေးလား ကိုယ်တိုင်စဉ်းစားနေရတဲ့အခြေအနေဖြစ်နေတယ်… ခဗျားတို့ဗဟိုအစိုးရကလူတွေလည်း အဲဒီစာသားကို လိပ်ပြာသန့်သန့်နဲ့ဆိုနိုင်ဖို့ ကြိုးစားကြပေါ့ဗျာ… တနသာၤရီတိုင်း ဆိုတာ ဖိနှိပ်ခံဖို့ အသုံးချခံဖို့ နေရာတစ်ခုမဟုတ်ဘူးဆိုတာတော့ သိထားကြပါ… ဒါပဲပြောချင်တယ်…

ဖြိုးဇင်

Add a Comment

Your email address will not be published. Required fields are marked *

10 − 2 =