လူတွေ ရဲ့ လောဘ အရမ်းကို ကြောက်စရာ ကောင်းနေပြီဗျာ 😥😥😥

မြောင်းထဲမှစားအုန်းဆီများ ခပ်ပြီး ပြန်ရောင်းနေတာတဲ့ ကြောက်စရာ ကောင်းလွန်းလှတဲ့ လူတွေရဲ့ လောဘပါလားနော်ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မောင်းမကန်လမ်းမကြီးမှာ အောက်တိုဘာ(၄)ရက် မနက်ပိုင်းက စားအုန်းဆီကားပေါ်ကနေ မြောင်းထဲကို ဖိတ်ကျသွားတဲ့ စားအုန်းဆီတွေကို ရပ်ကွက်နေပြည်သူ အချို့က ခပ်ယူပြီး ပြန်လည်ရောင်းချမှုတွေရှိနေပါတယ်။ တောင်ဒဂုံမြို့နယ်၊ (၁၇) ရပ်ကွက်၊ နတ်စင်မှတ်တိုင်အနီးအရောက်မှာ ကားပေါ်က ဆီပေပါတွေ ပြုတ်ကျပြီး ဆီတွေ လမ်းပေါ်နဲ့မြောင်းထဲကိုယိုကျခဲ့တာပါ။ လမ်းဘေးက ရေမြောင်းထဲ ဖိတ်ကျကုန်တဲ့ စားအုန်းဆီတွေကို အနီးအနားက ရပ်ကွက်နေပြည်သူအချို့က ပုံးတွေနဲ့လာရောက်ခပ်ယူကြတာဖြစ်ပါတယ်။“ကျွန်တော်က အဲဒီဆီကားပေါ်က ပေပါတွေပြုတ်ကျကျချင်း ရောက်တာပါ။

ကြည့်လိုက်တော့ကားပေါ်မှာပါတဲ့ ဆီတွေကမြောင်းထဲကို ကျကုန်တာတွေ့ရတယ်။ ကျွန်တော်လည်း အိမ်ပြန်ပြီးရေပုံးတွေကို ယူပြီးပြန်သွားပြီးတော့ မြောင်းထဲကနေတဲ့ဆီတွေကိုခပ်ယူခဲ့ပါတယ်။ကျွန်တော်မနေ့က ပြန်ရောင်းလိုက်တယ်” လို့ ၁၇ ရပ်ကွက်ကနေ ဆီလာခပ်တဲ့ကိုမျိူးနိုင်က ပြောပါတယ်။ အဲဒီဆီကားပေါ်က ပြုတ်ကျလာတဲ့ ဆီတွေဟာ စားအုန်းဆီတွေ ဖြစ်ပေမယ့် သန့်စင်မှုရှိမရှိ မသိနိုင်တာကြောင့် စားသုံးဖို့မသင့်ဘူးလို့တောင်ဒဂုံမဲဆန္ဒနယ်အမှတ် (၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

” လောလောဆယ် စားအုန်းဆီဆိုပေမယ့် သန့်စင်ပြီးထားမှန်း သိမသိမို့လို့ ဒါတွေကို စားသုံးဖို့ မလုပ်ကြ ပါနဲ့။ မသင့်ပါဘူးလို့ ပြောလိုက်တာပေါ့။စာသုံးဖို့ မသင့်တာကလည်း မြေကြီးပေါ်မှာကျတာလည်းပါသလို စားအုန်းဆီဆိုပေမယ့် စားသုံးရန် မသင့်ဆိုတာမျိုးတွေ ရှိတယ်လေ။ စားအုန်းဆီလည်း ဖြစ်တယ်။ မြေကြီးပေါ်တွေလည်းကျ၊ ရေထဲလည်းကျဆိုတဲ့ အခါဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ကျန်းမာရေး မကိုက်ညီမှာဆိုးလို့ မစားသုံးစေဖို့ ချက်ချင်းပဲ ဆော်သြပေးလိုက်တယ်” လို့ ဦးညီညီက ပြောပါတယ်။

တချို့ကတော့ လိုက်နာမှု ရှိပြီး သွန်ပစ်လိုက်တာတွေ ရှိတယ်လို့ ဦးညီညီက ပြောပါတယ်။ လက်ရှိမှာတော့ လမ်းပေါ်ယို ကျခဲ့တဲ့ ဆီတွေကိုတော့မြို့နယ်မီးသတ်က ရှင်းလင်းဖယ်ရှားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဆီကားမောင်းသူကိုလည်း မဆင်မခြင်ပေါ့ဆမှုကြောင့် ဆီတွေယိုကျခဲ့တဲ့အတွက် အရေးယူနိုင်ဖို့ကိုလည်း သက်ဆိုင်ရာယာဉ်ထိန်းကဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : One News

zawgyi

ေျမာင္းထဲမွစားအုန္းဆီမ်ား ခပ္ၿပီး ျပန္ေရာင္းေနတာတဲ့ ေၾကာက္စရာ ေကာင္းလြန္းလွတဲ့ လူေတြရဲ႕ ေလာဘပါလားေနာ္ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ေမာင္းမကန္လမ္းမႀကီးမွာ ေအာက္တိုဘာ(၄)ရက္ မနက္ပိုင္းက စားအုန္းဆီကားေပၚကေန ေျမာင္းထဲကို ဖိတ္က်သြားတဲ့ စားအုန္းဆီေတြကို ရပ္ကြက္ေနျပည္သူ အခ်ိဳ႕က ခပ္ယူၿပီး ျပန္လည္ေရာင္းခ်မႈေတြရွိေနပါတယ္။ ေတာင္ဒဂုံၿမိဳ႕နယ္၊ (၁၇) ရပ္ကြက္၊ နတ္စင္မွတ္တိုင္အနီးအေရာက္မွာ ကားေပၚက ဆီေပပါေတြ ျပဳတ္က်ၿပီး ဆီေတြ လမ္းေပၚနဲ႔ေျမာင္းထဲကိုယိုက်ခဲ့တာပါ။ လမ္းေဘးက ေရေျမာင္းထဲ ဖိတ္က်ကုန္တဲ့ စားအုန္းဆီေတြကို အနီးအနားက ရပ္ကြက္ေနျပည္သူအခ်ိဳ႕က ပုံးေတြနဲ႔လာေရာက္ခပ္ယူၾကတာျဖစ္ပါတယ္။“ကြၽန္ေတာ္က အဲဒီဆီကားေပၚက ေပပါေတြျပဳတ္က်က်ခ်င္း ေရာက္တာပါ။

ၾကည့္လိုက္ေတာ့ကားေပၚမွာပါတဲ့ ဆီေတြကေျမာင္းထဲကို က်ကုန္တာေတြ႕ရတယ္။ ကြၽန္ေတာ္လည္း အိမ္ျပန္ၿပီးေရပုံးေတြကို ယူၿပီးျပန္သြားၿပီးေတာ့ ေျမာင္းထဲကေနတဲ့ဆီေတြကိုခပ္ယူခဲ့ပါတယ္။ကြၽန္ေတာ္မေန႔က ျပန္ေရာင္းလိုက္တယ္” လို႔ ၁၇ ရပ္ကြက္ကေန ဆီလာခပ္တဲ့ကိုမ်ိဴးႏိုင္က ေျပာပါတယ္။ အဲဒီဆီကားေပၚက ျပဳတ္က်လာတဲ့ ဆီေတြဟာ စားအုန္းဆီေတြ ျဖစ္ေပမယ့္ သန္႔စင္မႈရွိမရွိ မသိႏိုင္တာေၾကာင့္ စားသုံးဖို႔မသင့္ဘူးလို႔ေတာင္ဒဂုံမဲဆႏၵနယ္အမွတ္ (၁)၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီက ေျပာပါတယ္။

” ေလာေလာဆယ္ စားအုန္းဆီဆိုေပမယ့္ သန္႔စင္ၿပီးထားမွန္း သိမသိမို႔လို႔ ဒါေတြကို စားသုံးဖို႔ မလုပ္ၾက ပါနဲ႔။ မသင့္ပါဘူးလို႔ ေျပာလိုက္တာေပါ့။စာသုံးဖို႔ မသင့္တာကလည္း ေျမႀကီးေပၚမွာက်တာလည္းပါသလို စားအုန္းဆီဆိုေပမယ့္ စားသုံးရန္ မသင့္ဆိုတာမ်ိဳးေတြ ရွိတယ္ေလ။ စားအုန္းဆီလည္း ျဖစ္တယ္။ ေျမႀကီးေပၚေတြလည္းက်၊ ေရထဲလည္းက်ဆိုတဲ့ အခါဆိုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္က်န္းမာေရး မကိုက္ညီမွာဆိုးလို႔ မစားသုံးေစဖို႔ ခ်က္ခ်င္းပဲ ေဆာ္ၾသေပးလိုက္တယ္” လို႔ ဦးညီညီက ေျပာပါတယ္။

တခ်ိဳ႕ကေတာ့ လိုက္နာမႈ ရွိၿပီး သြန္ပစ္လိုက္တာေတြ ရွိတယ္လို႔ ဦးညီညီက ေျပာပါတယ္။ လက္ရွိမွာေတာ့ လမ္းေပၚယို က်ခဲ့တဲ့ ဆီေတြကိုေတာ့ၿမိဳ႕နယ္မီးသတ္က ရွင္းလင္းဖယ္ရွားၿပီး ျဖစ္တယ္လို႔ သိရပါတယ္။ ဆီကားေမာင္းသူကိုလည္း မဆင္မျခင္ေပါ့ဆမႈေၾကာင့္ ဆီေတြယိုက်ခဲ့တဲ့အတြက္ အေရးယူႏိုင္ဖို႔ကိုလည္း သက္ဆိုင္ရာယာဥ္ထိန္းကေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

Source : One News