ဆီးချိုသမားတွေ နဲ့ နေရာ အနှံ့အပြားမှာ တွေ့ရတဲ့ တောင်ကိုရီးယားက ကိုရိုနာ ဗိုင်းရပ်စ်အသစ်

ဆီးချိုသမားတွေ နဲ့ နေရာ အနှံ့အပြားမှာ တွေ့ရတဲ့ တောင်ကိုရီးယားက ကိုရိုနာ ဗိုင်းရပ်စ်အသစ်

“ဆီးချို သမားတွေ နဲ့ ကိုဗစ်-၁၉ အခြေအနေ”

ပြင်သစ် သုတေသီတွေရဲ့ လေ့လာချက်အသစ်က ဆီးချိုရောဂါရှိတဲ့သူတွေ ကိုရိုနာဗိုင်းရပ်စ်ရလို့ ဆေးရုံတင်ရရင် ၅ ယောက်မှာ ၁ ယောက်က အသက်ရှူစက် တပ်ရတယ်တဲ့။ သတင်းဆိုးကတော့ ၁၀ ယောက်မှာ ၁ ယောက်က ၇ ရက်အတွင်းသေဆုံးရတယ်ဆိုတာပဲ။

ကျန်းမာရေး ကျွမ်းကျင်သူတွေက ဆီးချိုရောဂါဟာ Covid-19 ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာစေနိုင်တယ်တဲ့ ။ (Diabetologia ဂျာနယ် မှာဖေါ်ပြ)

ဘာပဲဖြစ်ဖြစ် ဆီးချိုရှိ တဲ့သူတွေ ပိုပြီးဆင်ခြင်ကြပါလို့…

“နေရာအနှံ့အပြားမှာ တွေ့ရ တဲ့ တောင်ကိုရီးယားက ကိုရိုနာ ဗိုင်းရပ်စ်အသစ်”

တောင်ကိုရီးယား 🇰🇷 ဘူချွန်းမြို့ – ကူဖန် (Coupang) ပစ္စည်း သယ်ပို့ ဖြန့်ဖြူးရေးစင်တာက ပျံ့တဲ့ ဗိုင်းရပ်စ်တွေလည်း အတော် ကြောက်စရာကောင်းပါတယ်။ စားပွဲပေါ်မှာ ၊ ဖိနပ်တွေမှာ၊ ထိုင်ခုံတွေ၊ ပါဆယ်ပို့ အလုပ်သမားတွေရဲ့ ဆံပင်မှာရော ဗိုင်းရပ်စ်တွေ တွေ့ရတယ်လို့ ကြေညာ ထားတယ်။

တောင်ကိုရီးယား 🇰🇷 ဘူဆန်မြို့- အထက်တန်းကျောင်း တစ်ကျောင်းက အထက်တန်း ကျောင်းသားသုံးယောက် ရောဂါအတည်ပြုခံရ ပြီးတဲ့နောက်ပိုင်း ဘူဆန်းသူ၊ ဘူဆန်းသားတွေ ရောဂါကူးစက်ပျံ့နှံ့မှာကို စိုးရိမ်နေကြပါတယ်..။

တောင်ကိုရီးယား 🇰🇷 ဆိုးလ်မြို့ ရောဂါကူးစက်မှုဟာ လျင်လျင်မြန်မြန်ပဲ သိသိသာသာတိုးတက်နေပေမဲ့ ကျမ်းမာရေးအဖွဲ့ကလည်း အစွမ်းကုန်ကြိုးစာနေဆဲပါ..။

People suspected of being infected with the new coronavirus wait to receive tests at a coronavirus screening station in Bucheon, South Korea, Thursday, May 28, 2020. South Korea on Thursday reported its biggest jump in coronavirus cases in more than 50 days, a setback that could erase some of its hard-won gains. Health officials warned that the resurgence is getting harder to track and social distancing and other steps need to be taken. (Yun Hyun-tae/Yonhap via AP)

တောင်ကိုရီးယား 🇰🇷 ဗဟို ကာကွယ်ရေး တုံ့ပြန်မှုစင်တာရဲ့ ဒီနေ့ (မေလ ၃၀ ရက်) သတင်းအရ အသစ်ပြန့်ပွါး လူနာအရေအတွက် ၃၉ ယောက်တိုးလာတယ်။ ၃၉ ယောက်ထဲမှာ ၂၇ ယောက်က ကူးစက်ခံရပြီး ၁၂ ယောက်က ပြည်ပက ဝင်လာသူတွေဖြစ်တယ်။

ကိုရီးယားနိုင်ငံရဲ့ COVID-19 ကြောင့် သေဆုံးသူဟာ ၂.၃၅% ရှိတယ်။

မေရွှမိုး (ကိုရီးယား)
May30th,2020.

Add a Comment

Your email address will not be published. Required fields are marked *

2 × 3 =