ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ထိုင်းသီချင်းလေး တစ်ပုဒ်ကို ကိုယ်တိုင် ဂစ်တာတီးပြီး သီဆိုပြခဲ့တဲ့ နော်စေးစေးထူး

ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ထိုင်းသီချင်းလေး တစ်ပုဒ်ကို ကိုယ်တိုင် ဂစ်တာတီးပြီး သီဆိုပြခဲ့တဲ့ နော်စေးစေးထူး

နော်စေးစေးထူး ကတော့ Myanmar Idol Season (4)ကနေ ပရိသတ် အားပေးမှု ကို စတင်ရရှိခဲ့သူ တစ်ယောက်ပါ။ သူမဟာ Myanmar Idol ပြိုင်ပွဲပြီးကတည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ပရိသတ်အားပေးမှုကို အပြည့်အဝပိုင်ဆိုင် ရရှိထားပါတယ်။ နော်စေးစေးထူးကတော့ အနုပညာရှင် ညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေအပေါ်မှာလည်း ရင်းရင်းနှီးနှီးနဲ့ပြောဆိုဆက်ဆံတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမက လတ်တလော မှာတော့ ကမ္ဘာ့ကပ်ရောဂါကြောင့် အနုပညာအလုပ်တွေကိုခဏတာ ရပ်နားထားရတာဖြစ်ပါတယ်။ ယခုလို အနုပညာအလုပ်တွေကိုရပ်နားထားရတဲ့အချိန်မှာတော့ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အာင် ပရိသတ်တွေနဲ့အတူ Liveလွှင့်ပြီး စကားပြောလေ့ရှိပြီး Cover Song လေးတွေ ကိုလည်း သီဆိုပြလေ့ ရှိပါတယ်။ လက်ရှိမှာလည်း ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ထိုင်းသီချင်းလေးကို ကိုယ်တိုင်ဂစ်တာတီးပြီးတော့ သီဆိုပြခဲ့တာဖြစ်ပါတယ်။

အဆိုပါသီချင်းလေးကိုတော့ “မလုံကုံကင်” ဆိုတဲ့ စာသားလေးနဲ့ အတူ နော်စေးစေးထူးက ဖော်ပြထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါ တယ်နော်…။

Source:Naw Say Say Htoo

Add a Comment

Your email address will not be published. Required fields are marked *

three × 3 =