ချင်းပြည်နယ် မှာ ထူးဆန်း တဲ့ ဗိုင်းရပ်စ် ကြောင့် ဝက် (၁၈၇)ကောင် ရုတ်တရက် သေဆုံး ….

ချင်းပြည်နယ် မှာ ထူးဆန်း တဲ့ ဗိုင်းရပ်စ် ကြောင့် ဝက် (၁၈၇)ကောင် ရုတ်တရက် သေဆုံး ….

ချင်းပြည်နယ် ၊ ထန်တ လန်မြို့နယ်က အိမ်မွေးဝက်တွေ မှာ Porcine Circovirus Type-2 (PCV-2) လို့ခေါ်တဲ့ ဝက်အားနည်းရောဂါကြောင့် ဧပြီလကနေစပြီး မေလ ၂၉ ရက်နေ့ အထိ စာရင်းတွေအရ ဝက်အကောင်ရေ ၁၈၇ ကောင် သေဆုံးခဲ့တယ်လို့ ထန်တလန်မြို့နယ် မွေးမြူရေး နဲ့ ကုသရေးဦးစီးဌာနရုံး ဦးစီး အရာရှိ ဒေါက်တာလျန်ဘွေး က ပြောပါတယ်။

ထန်တလန်မြို့ပေါ်မှာ ဧပြီလအစ ကနေ စပြီး ဝက်တွေ သေဆုံးနေတာဖြစ်တဲ့အတွက် သေဆုံးတဲ့ဝက်တွေရဲ့ နမူနာကို မန္တလေးမြို့မှာရှိတဲ့ ဓါတ်ခွဲခန်း ကို တင်ပို့ စစ်ဆေးခဲ့ရာမှာတော့ ဝက်ဗိုင်းရပ်စ်ရောဂါဖြစ်တဲ့ Porcine Circovirus Type 2 (PCV-2) ဝက်အားနည်း ရောဂါကြောင့် သေဆုံး ကြတာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။

လောလောဆယ်မှာ ထန်တလန်မြို့နယ် တွင်း ဝက် သယ်ယူဝင်ထွက်ခွင့်တွေ ပိတ်ထားပြီး ဝက်သားမရောင်းဖို့နဲ့ ဝက်သား မစားကြဖို့ အမိန့်ထုတ် ထားပါတယ်။

လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ ဒေါက်တာ လျန်ဘွေး က “မြို့ပေါ်မှာ ဖြစ်ပွားနေတာပါ။ ခုထိလည်း သေဆုံးမှုတွေ ရှိနေပါသေးတယ်။ အခုက ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်တာဆိုတော့ ရောဂါကုတဲ့ဆေးက မရှိသလောက်ရှားတယ်။ အဲ့ဒါကြောင့် ရောဂါကာကွယ် ထိန်းချုပ်ရေးအပိုင်းကို ဦးစားပေးဆောင်ရွက်နေ ပါတယ်”လို့ ပြောပါတယ်။

ဝက်အားနည်းရောဂါ ဟာ အိမ်မွေးဝက် နဲ့ တောဝက်တွေမှာ အဖြစ်များပြီး ရောဂါလက္ခဏာတွေ ကတော့ အစာမစားတာ ၊အသဲရောင် အသားဝါဖြစ်တာ၊ အပြာကွက်တွေ ထတာ ဒီရောဂါကြောင့် အခြားရောဂါတွေ ဝင်ရောက်ကာ သေဆုံးတာနဲ့ ရုတ်တရက် သေဆုံးတာတွေ ဖြစ်ပေါ်ပါတယ်။

အခုဗိုင်းရပ်စ်ဟာ လူကို ကူးစက်နိုင်ခြင်းမရှိဘဲ ဝက်အချင်းချင်းသာ ကူးစက်နိုင် တယ်လို့ သိရပါတယ်။ ဒီရောဂါကို ကုသဖို့အတွက်တော့ ထိရောက်တဲ့ ဆေးဝါး မရှိတာကြောင့် ကာကွယ်ထိန်းချုပ်ရေးအပိုင်းကိုပဲ အဓိကဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကာကွယ်ထိန်းချုပ်ရေးအပိုင်း အနေနဲ့ ကတော့ ရောဂါဖြစ်ပွားတဲ့ ဝက်ခြံ ထဲကို လူ နဲ့ ပစ္စည်းအဝင်အထွက်မရှိအောင်ထိန်းချုပ်တာ၊ ဝက်ခြံကို သန့်ရှင်းအောင် ထားတာ၊ လုံခြုံတဲ့ ခြံနဲ့မွေးမြူတာ လုပ်ဖို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက အသိပေးနှိုးဆော် ထားပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

4 × 2 =