အိမ်မြှောင်စုတ် ထိုး သံကြားရင် ဘာတွေဖြစ် မှာလဲ? အိမ်မြှောက် စုတ်ထိုး နိမိတ်

အိမ်မြှောက် စုတ်ထိုးနိမိတ်

အိမ်မြှောင်ဆိုတာကတော့နေ့တိုင်းလိုလို စုတ်ထိုးခြင်လည်းထိုးမယ် တခါတလေမှထိုးခြင်မှလည်းထိုးမယ်အဓိက က အိမ်မြှောင်စုတ်ထိုးသံကို ကြားရသူ အတွက်နိမိတ်စကားလေးတွေကို ရှေးဆရာကြီး များက ဒီလိုအဟောလေးတွေ ထုတ်ထားခဲ့ပါတယ်

(၁) အရှေ့က စုတ်ထိုးသံကြားရင် သူတစ်ပါး ရဲ့ အပူဇော်ကို ခံရတတ်ပါတယ်

(၂) အရှေ့တောင်အရပ်က စုတ်ထိုးသံကြားရင် မီးလောင်တတ်တယ် ၊ ခန္ဓာကိုအပူလောင်တတ်တယ် ရန်ပေါ်ရတတ်တယ်

(၃) တောင်အရပ်က စုတ်ထိုးသံကြားရင် အစားအသောက်ကောင်းများ စားရတတ်တယ်

(၄) အနောက်တောင်အရပ်က စုတ်ထိုးသံကြားရင် အချုပ်အနှောင်ခံရတတ်တယ် ၊

(၅)အနောက်အရပ်က စုတ်ထိုးသံကြားရင် ချစ်သူရတက်တယ်၊ အိမ်ထောင်ကျတတ်တယ်

(၆) အနောက်မြောက်အရပ်က စုတ်ထိုးသံကြားရင် လာဘ်လာဘဝင်တတ်တယ် ၊ ငွေရွှင်တတ်တယ်

(၇) မြောက်အရပ်က စုတ်ထိုးသံကြားရင်ကျန်းမာရေး ညံ့တတ်တယ်

(၈) အရှေ့မြောက်အရပ်က စုတ်ထိုးသံကြားရင်လာဘ်လာဘကြီးဝင်တတ်တယ်

(၉) အိပ်ယာအောက်က စုတ်ထိုးသံကြားရင်အိမ်တွင်နာရေးပေါ်တတ်တယ်

(၁၀) ဦးခေါင်းပေါ်က စုတ်ထိုးသံကြားရင်လာဘ်လာဘရမယ် ၊အကြံအစည်တွေအောင်မြင်ရတတ်ပါတယ်

(၁၁) အိမ်ရှေ့ခန်းက စုတ်ထိုးသံကြားရင်မင်းမှုစိုးများနဲ့ စကားများရတက်တယ်

(၁၂) အိမ်အလယ်ခန်းက စုတ်ထိုးသံကြားလျှင်သား ကိစ္စ သမီးကိစ္စ စကားပြောရတက်ပါတယ်

(၁၃)အိမ်ခန်းထဲက စုတ်ထိုးသံကြားလျှင်လင်မယားချင်း စကားများ ရန်ဖြစ်တက်ကြပါတယ်

(၁၄) ဘုရားရှိခိုး ၊ တရားထိုင် ၊ အမျှဝေ တဲ့ အချိန် စုတ်ထိုး သံကြားရင် နတ်များလာရောက်တာဖြစ်တယ်

အိမ်မြှောင် စုတ်ထိုးသံဆိုတာ လူ နှင့် နတ် တို့ရဲ့ ဆက်သွယ်ရေး အချက်ပြ သင်္ကေတလည်း ဖြစ်ပါတယ် တဲ့ဗျာ၊