ဝေဖန်မှုတွေကို ခံနေရတဲ့ ပြည်သူ့မင်းသားလေးပိုင်တံခွန် ရဲ့ ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုလေး
|မော်ဒယ်လ် သရုပ်ဆောင် တစ်ယောက် အဖြစ် နာမည်ကြီးတဲ့ ပိုင်တံခွန်ဟာ ပြည်တွင်း ပရိသတ်တွေ သာမက ထိုင်းပရိသတ်တွေ ကိုပါ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့မိဘတွေ အပေါ်သိတတ်မှု၊ တိလေးတွေကို ဂရုစိုက်ကြင်နာတတ်မှု၊အနုပညာအလုပ်ကို သေချာလုပ်တတ်မှုတွေကြောင့်လည်း ပရိသတ်တွေက သူ့ကိုပိုပြီး ချစ်ခင်အားပေးလာကြတာလို့ပြောရင်လည်းမမှားပါဘူး။
ပိုင်တံခွန်ရဲ့အနုပညာ လှုပ်ရှားမှုတွေကို အခု လတ်တလောမှာ သိပ်ပြီးမတွေ့ရတော့ပေမယ့် မကြာသေးခင်က ကြော်ငြာရိုက်ကွင်းဗီဒီယိုလေးတစ်ခုဟာဆိုရင်တော့ သူ့ရဲ့ပရိသတ်တွေကြားထဲ အပြောများလျက်ရှိပါတယ်။ ပိုင်တံခွန်ဟာ tik tok Cele တွေနဲ့ သွားကိုက်ပျောက်ဆေးကြော်ငြာရိုက်ကူးနေတာဖြစ်ပြီးအဲ့ဒီရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုလေးဟာ ပရိသတ်တွေကြားထဲမှာ ဝေဖန်မှုအမျိုးမျိုးရရှိနေတာပဲဖြစ်ပါတယ်။ပိုင်တံခွန်ဟာ သူ့ရဲ့ပရိသတ်တွေနဲ့ အတော်အတန်ကြာအဆက်အသွယ်ပြတ်တောက်ခဲ့ပြီးနောက် သိပ်မကြာသေးခင်ကာလတွေကမှ အနုပညာအလုပ်တွေကိုပြန်ပြီးလုပ်ကိုင်လာခဲ့သူဖြစ်ပါတယ်။
ပိုင်တံခွန်နဲ့သူ့ရဲ့ တိလေးတွေကို ချစ်ခင်တဲ့ ပရိသတ်တွေကများပေမယ့် လက်ရှိမှာတော့ ပိုင်တံခွန်နဲ့ ပရိသတ်တွေကြားမှာ အငြင်းပွားစရာ ကိစ္စလေးတွေဖြစ်နေပြီး ရိုက်ကွင်းဗီဒီယိုထွက်ပေါ်လာတဲ့အခါမှာ ပရိသတ်တွေရဲ့ဝေဖန်မှုတစ်ချို့ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေလည်းမြင်တွေ့ရအောင် ပိုင်တံခွန်ရဲ့ကြော်ငြာရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီး ပရိသတ်တွေကရော ဘယ်လိုမြင်လဲ ပြောခဲ့ပါဦးနော်။
Credit;
zwagyi
ေမာ္ဒယ္လ္ သ႐ုပ္ေဆာင္ တစ္ေယာက္ အျဖစ္ နာမည္ႀကီးတဲ့ ပိုင္တံခြန္ဟာ ျပည္တြင္း ပရိသတ္ေတြ သာမက ထိုင္းပရိသတ္ေတြ ကိုပါ ပိုင္ဆိုင္ထားတဲ့ အႏုပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ရဲ႕မိဘေတြ အေပၚသိတတ္မႈ၊ တိေလးေတြကို ဂ႐ုစိုက္ၾကင္နာတတ္မႈ၊အႏုပညာအလုပ္ကို ေသခ်ာလုပ္တတ္မႈေတြေၾကာင့္လည္း ပရိသတ္ေတြက သူ႔ကိုပိုၿပီး ခ်စ္ခင္အားေပးလာၾကတာလို႔ေျပာရင္လည္းမမွားပါဘူး။
ပိုင္တံခြန္ရဲ႕အႏုပညာ လႈပ္ရွားမႈေတြကို အခု လတ္တေလာမွာ သိပ္ၿပီးမေတြ႕ရေတာ့ေပမယ့္ မၾကာေသးခင္က ေၾကာ္ျငာ႐ိုက္ကြင္းဗီဒီယိုေလးတစ္ခုဟာဆိုရင္ေတာ့ သူ႔ရဲ႕ပရိသတ္ေတြၾကားထဲ အေျပာမ်ားလ်က္ရွိပါတယ္။ ပိုင္တံခြန္ဟာ tik tok Cele ေတြနဲ႔ သြားကိုက္ေပ်ာက္ေဆးေၾကာ္ျငာ႐ိုက္ကူးေနတာျဖစ္ၿပီးအဲ့ဒီ႐ိုက္ကြင္းေနာက္ကြယ္က ဗီဒီယိုေလးဟာ ပရိသတ္ေတြၾကားထဲမွာ ေဝဖန္မႈအမ်ိဳးမ်ိဳးရရွိေနတာပဲျဖစ္ပါတယ္။ပိုင္တံခြန္ဟာ သူ႔ရဲ႕ပရိသတ္ေတြနဲ႔ အေတာ္အတန္ၾကာအဆက္အသြယ္ျပတ္ေတာက္ခဲ့ၿပီးေနာက္ သိပ္မၾကာေသးခင္ကာလေတြကမွ အႏုပညာအလုပ္ေတြကိုျပန္ၿပီးလုပ္ကိုင္လာခဲ့သူျဖစ္ပါတယ္။
ပိုင္တံခြန္နဲ႔သူ႔ရဲ႕ တိေလးေတြကို ခ်စ္ခင္တဲ့ ပရိသတ္ေတြကမ်ားေပမယ့္ လက္ရွိမွာေတာ့ ပိုင္တံခြန္နဲ႔ ပရိသတ္ေတြၾကားမွာ အျငင္းပြားစရာ ကိစၥေလးေတြျဖစ္ေနၿပီး ႐ိုက္ကြင္းဗီဒီယိုထြက္ေပၚလာတဲ့အခါမွာ ပရိသတ္ေတြရဲ႕ေဝဖန္မႈတစ္ခ်ိဳ႕ကို ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ပရိသတ္ေတြလည္းျမင္ေတြ႕ရေအာင္ ပိုင္တံခြန္ရဲ႕ေၾကာ္ျငာ႐ိုက္ကြင္းေနာက္ကြယ္က ဗီဒီယိုေလးကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။ဒီဗီဒီယိုေလးကိုၾကည့္ၿပီး ပရိသတ္ေတြကေရာ ဘယ္လိုျမင္လဲ ေျပာခဲ့ပါဦးေနာ္။
Credit;