CCTV တပ်ထားမှန်း မသိဘဲ ဆိုင်ရှင် အလစ် မှာ စားစရာတွေ တစ်ခုပြီး တစ်ခု ခိုးယူနေ

CCTV တပ်ထားမှန်း မသိဘဲ ဆိုင်ရှင် အလစ် မှာ စားစရာတွေ တစ်ခုပြီး တစ်ခု ခိုးယူနေ

အခု ကိုဗစ် ကာလ မှာ အလုပ် အကိုင် စီးပွားရေး မပြေလည်မှုတွေ ကတော့ လူအများစု ကြုံတွေ့နေရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။အထူးသဖြင့် အခြေခံ လူတန်းစားတွေ အပေါ်မှာ ပိုပြီးသက်ရောက်မှု ရှိတယ်လို့ပြောရင်လည်း မမှားပါဘူး။

အဲ့ဒါကြောင့်လည်း တစ်နေ့နဲ့တစ်နေ့ ခိုးမှု လုယက်မှုတွေ ပိုများလာ တယ်လို့ လည်း ဆိုနိုင်ပါတယ်။အခု အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုကတော့ အမျိုးသမီးတစ်ဦး ဟာ ဆိုင်ရှင်ရဲ့ အလစ်မှာ စားသောက်ကုန်တွေကို မသိအောင် ခိုးယူနေတာပဲ ဖြစ်ပါတယ်။

ဒီအမျိုးသမီး ဟာ ဆိုင်ရှင်ရဲ့ အလစ်ကို ချောင်းပြီး စားစရာတွေ တစ်ခုပြီး တစ်ခု ခိုးယူနေတာကို ဆိုင်ရဲ့ CCTV မှတ်တမ်းမှာ ဖမ်းယူရရှိခဲ့တာ ဖြစ်ပါတယ်။ဒီ Video ဟာ အွန်လိုင်းမှာ အရမ်းကို ပျံ့နှံ့သွားခဲ့ပြီး ဝေဖန်မှု တွေအမျိုးမျိုးရှိနေပါတယ်။“လွယ်ရင် သူကြွယ်တောင် သူခိုးဖြစ် ” ဆိုသလို ဆိုင်ရှင်ရဲ့ ပေါ့ဆမှုကိုလည်း လူအများက အပြစ်တင် ဝေဖန်နေကြသလို။တစ်ချို့က လည်း ခိုးယူသွားတဲ့ အမျိုးသမီးကို အမျိုးမျိုး ဝေဖန်နေကြပါတယ်။

CRD : PANPYOELAT

Add a Comment

Your email address will not be published. Required fields are marked *

3 × four =