ငယ်ငယ် က မိသားစု စားဝတ်နေရေးခက်ခဲ ကြမ်းတမ်းမှုကြောင့် အညာသားကျောကုန်း မုန့်လေးကို ပတ်ရောင်းခဲ့တယ် ဆိုတဲ့ တန်ခွန်ကျော်




crd : panpyoelat

unicode

Myanmar Idol Season(4)ရဲ့ Wild Card Winner တစ်ဦးဖြစ်တဲ့ တန်ခွန်ကျော်ကို ပရိသတ်တွေနဲ့အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူး ထင်ပါတယ်။ တန်ခွန်ကျော်ကတော့ အသံချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေကို သီဆိုလေ့ရှိတာကြောင့် ပရိသတ်ရင်ထဲထိကို စွဲကျန်ရစ်ခဲ့စေတဲ့ အဆိုတော်တစ်လက် ဆို လည်း မမှားလောက်ပါဘူးနော်။ သူရဲ့အားပေးနေတဲ့ပရိသတ်တွေအတွက် သီချင်း အသစ်ထွက်လာနိုင်ဖို့ကိုလည်း ကြိုးစားလျက်ရှိပါတယ်။

ရောဂါကပ်ဆိုးကြီးကြောင့် ဖျော်ဖြေရေးပွဲများ နဲ့ သီချင်း အသစ်ထွက်နိုင်ဖို့ကို ခေတ္တရပ်နားထားကာ မွေးရပ်မြေဖြစ်တဲ့ ခန္တီးမြို့ကိုသွားရောက်နေထိုင်ကာ အမှတ်တရ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ တန်ခွန်က”အညာသားကျောကုန်း ရောင်းပါသည်။ တစ်ထုပ် ၁ထောင်ကျပ်ပါ စားချင်စားမစားချင်နေ ကြိုက်ရင်ဝယ် မကြိုက်ရင်မဝယ်ပါနဲ့ လျော့စေးမရှိပါ ငယ်ငယ်တုန်းက ဒီမုန့်လေး ရပ်ကွက်ထဲ ပတ်ရောင်းခဲ့ဖူးတယ် ဆန်ဝယ်ဖို့ပေါ့ ခက်ခဲလွန်းခဲ့တယ်”လို့ဆိုကာ သူရဲ့ငယ်ဘဝတုန်းက အမှတ်တရအကြောင်းလေး ကိုပြောရင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် တန်ခွန်ရဲ့ငယ်ဘဝကမုန့်ပတ်ရောင်း ခဲ့တဲ့အကြောင်းလေး ကို ပြန်လည်ပြီးမျှဝေပေး လိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း တန်ခွန်ကျော်ကတော့ ခက်ခဲကြမ်းတမ်း တဲ့ကြားကအောင်မြင် လာခဲ့တာမို့ အားပေးမှုတွေလျော့မ သွားလောက်ဘူး ထင်ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

20 − 5 =