အမေရိကန် နဲ့ တောင်ကိုရီးယားတို့ အခြေအနေ မကောင်းတဲ့ နောက်ဆုံးရ ကမ္ဘာ့ကိုဗစ် သတင်းများ

အမေရိကန် နဲ့ တောင်ကိုရီးယားတို့ အခြေအနေ မကောင်းတဲ့ နောက်ဆုံးရ ကမ္ဘာ့ကိုဗစ် သတင်းများ

တောင်ကိုရီးယား ဘူချွန်းမြို့ ကူဖန် (Coupang) ပစ္စည်း သယ်ပို့ ဖြန့်ဖြူးရေး စင်တာက ပျံ့တဲ့ ဗိုင်းရပ်စ်တွေလည်း အတော် ကြောက်စရာကောင်း ပါတယ်။ စားပွဲပေါ်မှာ ၊ ဖိနပ်တွေမှာ၊ထိုင်ခုံတွေ၊ ပါဆယ်ပို့ အလုပ်သမားတွေရဲ့ ဆံပင်မှာ ရော ဗိုင်းရပ်စ်တွေ တွေ့ရတယ်လို့ ကြေညာထားတယ်။

တောင်ကိုရီးယား၊ ဘူဆန်မြို့- အထက်တန်းကျောင်း တစ်ကျောင်းက အထက်တန်းကျောင်းသားသုံးယောက် ရောဂါအတည်ပြုခံရ ပြီးတဲ့နောက်ပိုင်း ဘူဆန်းသူ၊ ဘူဆန်းသားတွေ ရောဂါကူးစက်ပျံ့နှံ့မှာကို စိုးရိမ်နေကြပါတယ်။

တောင်ကိုရီးယား၊ ဆိုးလ်မြို့မှာ ရောဂါ ကူးစက်မှုတွေဟာ လျင်လျင် မြန်မြန်ပဲ သိသိသာသာတိုးတက်နေပေမဲ့ ကျမ်းမာရေးအဖွဲ့ကလည်း အစွမ်းကုန်ကြိုးစာနေဆဲပါ..။ တောင်ကိုရီးယား ဗဟိုကာကွယ်ရေးတုံ့ပြန်မှုစင်တာ၊ ဒီနေ့ (မေလ ၃၀ရက်) ကိုဗစ် သတင်းအရ ဆို အသစ်ပြန့်ပွါး လူနာအရေအတွက် ၃၉ ယောက် တိုးလာတယ်။ ( ၃၉ ယောက်ထဲမှာ ၂၇ယောက်က ကူးစက်ခံရပြီး ၁၂ ယောက်က ပြည်ပက ဝင်လာသူတွေဖြစ်တယ်။) ကိုရီးယားနိုင်ငံရဲ့ COVID -19 ကြောင့်သေဆုံးသူ ၂.၃၅% ရှိတယ်။

အမေရိကန်မှာ ဗိုင်းရပ်စ် အကူးခံရတဲ့ အတည်ပြုလူနာ ၁.၈ သန်းနီးပါးရှိနေပြီ။ ကိုရိုနာဗိုင်းရပ်စ်ရပြီး ဆေးရုံးဆင်းနိုင်တဲ့ လူနာ( closed cases ) ၆ သိန်းကျော်။ အဲဒီ ၆ သိန်းကျော်မှာမှာ အသက်ရှင် ပြန်ကောင်း၊ အိမ်ပြန်နိုင်တဲ့ လူနာ ၅ သိန်းကျော်ပဲရှိပါတယ်။ သေသူက တစ်သိန်းကျော် (104,542)ဖြစ်တယ်။

ဒါကြောင့် ဆေးရုံးဆင်းနိုင် တဲ့ လူနာတွေ ( closed cases )ရဲ့ ၈၃ %က ပြန်ကောင်းခဲ့ပြီး ၁၇ % သေဆုံးခဲ့တယ်လို့ ( လောလောဆယ် data အရ) ဆိုပါတယ်။ ကျန်သူတွေကတော့ အခုလောလောဆယ် ကိုဗစ် ရောဂါခံစားနေရတဲ့ လူနာတွေပေါ့။

အီရတ်နိုင်ငံရဲ့ မြို့တော် ဘဂ္ဂဒက်မြို့ လည်း အခြေအနေမကောင်းလို့ လော့ဒေါင်းတွေ ထပ်ပိတ်လိုက်ရပြန်ပြီ။ မနေ့က ရုရှားနိုင်ငံရဲ့ မော်စကို မြို့တော်ကျန်းမာရေးဌာနက ၂၄ နာရီအတွင်း COVID-19 ရောဂါကြောင့်သေတဲ့သူ ၆၃၉ ဦး လို့ကြေငြာခဲ့ပေမဲ့ အသေအချာ စစ်လိုက်တော့ ၂ ဆကျော်နေတယ်။ ၁,၅၆၁ ဦး တဲ့။ ဒီနေ့အထိ သေတဲ့သူ စုစုပေါင်း-၄,၃၇၄ ဖြစ်နေပြီ..။ ရှရှားက ကမ္ဘာမှာ ရောဂါကူးစက်မှု အများဆုံး ၃ ကြိမ်မြောက်နေရာမှာရှိနေပါတယ်။

အိန္ဒိယကတော့ ကမ္ဘာပေါ် မှာ စိုးရိမ်စရာကပ်ရောဂါဇုန်စာရင်းထဲ အထည့်ခံထားရပေမဲ့ လော့ဒေါင်းတွေ ဖျက်သိမ်းတော့ မယ်တဲ့ ။ ကျွမ်းကျင်သူတွေ ခန့်မှန်းတာက မကြာခင်အဆိုးဆုံးအချိန်ဖြစ်လာနိုင်တယ် ဆိုတာပဲ။ အိန္ဒိယနိုင်ငံမြောက်ပိုင်းက ကျေးရွာတွေက ရွှေ့ပြောင်းအလုပ်သမားတွေ ဆီမှာ ဗိုင်းရပ်စ်တွေ အရမ်းပျံ့နေတာတဲ့ …။

ပြင်သစ်သုတေသီတွေရဲ့ လေ့လာချက် အသစ်က ဆီးချိုရောဂါရှိတဲ့သူတွေ ကိုရိုနာဗိုင်းရပ်စ် ရလို့ ဆေးရုံတင်ရရင် ၅ ယောက်မှာ ၁ ယောက်က အသက်ရှူစက် တပ်ရတယ်တဲ့။ သတင်းဆိုးကတော့ ၁၀ ယောက်မှာ ၁ ယောက်က ၇ ရက်အတွင်းသေဆုံးရတယ်ဆိုတာပဲ။

ကျန်းမာရေး ကျွမ်းကျင်သူတွေကဆီးချို ရောဂါဟာ Covid-19 ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာစေနိုင်တယ်တဲ့ ။ ဘာပဲဖြစ်ဖြစ် ဆီးချိုရှိတဲ့သူတွေ ပိုပြီးဆင်ခြင်ကြပါလို့ သတိပေးချင်ပါတယ်။

သုတေသီတွေက မတ်လ ၁၀ ရက် ကနေမတ်လ ၃၁ ရက်အတွင်းပြင်သစ် ရှိဆေးရုံ ၅၃ ခုက ပျမ်းမျှအသက်ရ၀ ရှိတဲ့ လူနာပေါင်း ၁၃၀၀ ကျော်ကို လေ့လာပြီး ရခဲ့တဲ့ ရလဒ်ဖြစ်တယ်။ အမျိုးအစား ၂ ဆီးချိုရောဂါရှိလူနာ (၈၉%)၊ အမျိုးအစား ၁ ဆီးချိုရောဂါရှိလူနာ (၃%)၊ အခြားရောဂါရှိလူနာ (၈%) ရဲ့ ရလဒ်တွေကို သုတေသန ပြုလုပ် ခဲ့ကြတာ ဖြစ်ပါတယ်။

မေရွှမိုး ( ကိုရီးယား )
May30th,2020.