အဖိုးကြီး အဖွားကြီး နှစ်ယောက်ထဲရှိတဲ့ အိမ်ကို ကျောင်းအုပ်ဆရာက ဝင်ခိုးပြီး လူကိုဓား နဲ့ ခုတ် (ကိုဗစ်ကာလမှာ စီးပွားရေးအကျပ်အတည်းများသဖြင့် ခိုးဆိုးလုရိုက်လူတွေပေါနေပါတယ် အားလုံးဘဲဂရုစိုက်ကြပါဗျာ)

၂၀၂၀အောက်တိုဘာ ၈ ရက် နံနက် ၂ နာရီအချိန်က ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ထိန်တော ဆရာစံလမ်းမ ဆရာမကြီးဆေးစတိုးဆိုင်အား ဝင်ရောက်ဖောက်ထွင်းခိုးယူမှုဖြစ်ခဲ့ပြီး ဆိုင်ပိုင်ရှင် ဦးခင်မောင်သန်းနဲ့ ပက်ပင်းတိုး၍ သူခိုး၏မျက်နှာဖုံးစွပ်အား ဆွဲခွာရာ အသင့်ပါလာသောဓါးဖြင့် ခုတ်ခဲ့၍ ဦးခင်မောင်သန်း၏
ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိ၍ သတိလစ်မေ့မျောပြီး ထိန်တော တိုက်နယ်ဆေးရုံတွင် နံနက် ၃ နာရီအချိန်တွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေပြီး

ဝင်ရောက်ကျူးလွန်ခဲ့သည့် တရားခံအား ဦးခင်မောင်သန်းဇနီး ဒေါ်ကြည်ဝင်းမှ မြင်တွေ့လိုက်ပြီး cctv မှတ်တမ်းအရ စစ်ဆေးခဲ့ရာ တရားခံမှာ ရေသပြာတွဲဖက်အလကကျောင်းအုပ်ဖြစ်နေပါသည်။ တရားခံအား အင်းတော်တလုပ်အုပ်စုတိုက်ကြီး ကုန်းကျေးရွာတွင် ချက်ချင်းဖမ်းဆီးရမိပါသည်။ အဖိုးကတော့ အတွင်းလူနာအဖြစ် ဆေးရုံမှာ ဆေးကုသမှုခံနေရတာဖြစ်ပါတယ်။

ကိုဗစ်ကာလမှာ စီးပွားရေးကြပ်တည်းကြလို့ ခိုးဆိုးလုရိုက်သူတွေ ပေါလာပါတယ်။ ဒါပေမယ့် အခုက ကျောင်းအုပ်ဆရာတစ်ယောက်ဖြစ်ရတာကြောင့် ပိုပြီးအံ့သြခဲ့ရပါတယ်။ ပရိသတ်ကြီးအတွက် တရားခံကျောင်းအုပ်ရဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလဲ ကိုဗစ်ကာလမှာ အစစအရာရာဂရုစိုက်ကြပါနော်။

crd

zawgyi




crd