ဆန္ဒပြမှုတွေက တနိုင်ငံလုံး ကို ကူးစက်ပီး သမ္မတ် အိမ်ဖြူတော် ကိုပါ shut down ချထားရတဲ့ အမေရိကန်နိုင်ငံ ရဲ့ နောက်ဆုံးရ အခြေအနေ

ဆန္ဒပြမှုတွေက တနိုင်ငံလုံး ကို ကူးစက်ပီး သမ္မတ် အိမ်ဖြူတော် ကိုပါ shut down ချထားရတဲ့ အမေရိကန်နိုင်ငံ ရဲ့ နောက်ဆုံးရ အခြေအနေ

နောက်ဆုံးအခြေအနေ ကတော့ ဆန္ဒပြမှုတွေက တနိုင်ငံလုံး ကို ကူးစက်ပီး ဝါရှင်တန်၊ နယူးယောက်၊ ဘော်စတွန်၊ လော့အန်ဂျလိစ်၊ ဆီယက်တယ်၊ ဒါးလက်၊ အတ္တလန်တာ၊ ဒီးထရိုက် နဲ့ ချီကာဂို အစရှိတဲ့ မြို့ကြီးတွေမှာ အကြီးအကျယ် ဖြစ်ပွား နေကြပါတယ်။

အိမ်ဖြူတော်ကို ပိတ်ထား သလို နယူးယောက်မှာ ဆန္ဒပြသူတွေကို ရဲက ဘတ်စ်ကားနဲ့ တင်ပီး အချုပ်ထဲကို ခေါ်ဖို့ ကြိုးစားရာ မှာ ဘတ်စ်ကားမောင်းသူက လက်မခံပဲ မမောင်းဘူးဆိုပီး ကားပေါ်က ဆင်းသွားခဲ့ပါတယ်။

နယူးယောက်ဘတ်စ်ကားအသင်းက သူတို့ကားတွေက ဆန္ဒပြသူတွေ ကို ဖမ်းဖို့ မောင်းမပို့နိုင်ဘူး လို့ ကြေညာ ခဲ့ပီး ရဲကားတစီးကို ဆန္ဒပြသူ တွေက ပြန်ဖျက်ဆီး ကြပါတယ်။ လော့အင်ဂျလိစ် မှာတော့ ဆန္ဒပြသူတွေကို အိမ်ပြန်ကြဖို့ တောင်းဆိုနေပါတယ်။

သမိုင်းမှာ ရှားပါးဖြစ်စဉ် အဖြစ် စစ်တပ်ကိုလဲ အသင့်ပြင် ထားဖို့ အိမ်ဖြူတော်က ပင်တဂွန်ကို အကြောင်းကြား ထားတယ်လို့ AP သတင်းဌာနက ဆိုပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက်….Nay Thway

Add a Comment

Your email address will not be published. Required fields are marked *

eight − 1 =