ဆိုင်မှာ သွားဝယ်ရင် သောင်းချီပေး ရမယ့် နာမည်ကြီး ဗီတာမင်-D ကို အလကား ရယူနည်း

ကိုဗစ် အတွက်အရေးကြီးတဲ့ ဗိုက်တာမင် D အကြောင်း ဖတ်ဖူးသမျှမျှဝေပါရစေ။ ကျမ်းမာရေး ပညာရှင်တွေက ကိုဗစ် ကာကွယ်ရေး အားဆေးပေးရာမှာ Zinc အပြင် ဗိုက်တာမင် D ကို ပေးနေကြပါပြီ။ လူ့အရေပြားအောက် က အဆီကို နေရောင်ထိတဲ့အခါ အဆီက နေရောင်က UVB ကို စုတ်ယူပြီး ဗိုက်တာမင် D ချက်လုပ်ပြီး ခန္ဓာကိုယ်အနှံ့ D ကို ပို့ပေးတယ်။ ဗိုက်တာမင် D ဟာ ခန္ဓာကိုယ်ထဲဝင်လာတဲ့ ကယ်လ်စီယံ ကိုစုတ်ပေးတယ်၊ အရိုးတွေမာစေတယ်။ ခန္ဓာကိုယ် ထဲဝင်လာတဲ့ မကောင်းတဲ့ ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ် တွေကို ကာကွယ်တယ်။ ကင်ဆာကို တိုက်တယ်။ စိတ်ကျရောဂါ ကို ကာကွယ်တယ်။ ကြွက်သား ကို တောင့်တင်းစေတယ်။

ဗိုက်တာ မင် D လျော့ရင် ခါးနာတယ်၊ စိတ်ကျရောဂါဖြစ်တယ်။ တခြားရောဂါတွေဝင်တယ်၊ ဆံပင်ကျွတ်တယ်။ ရောဂါစုံနဲ့ သေတတ်ပါတယ်။ ဒါကြောင့် ရှေးလူကြီးတွေ နေပူစာ လှုံကြတယ်၊ နေ့တိုင်း နေပူစာလှုံရင် လူကြီးတွေကျမ်းမာလာမယ်။ အခန်းထဲ အောင်းခိုင်းထားရင် ဗိုက်တာမင် D ချို့တဲ့ပြီး ရောဂါတခုပြီး တခု ဖြစ်မယ်။

နေရောင်မရရင် ငါး အသား နဲ့ ကြက်ဥ စားရပါတယ်။ ဒါပေမဲ့ နေရောင်ထဲက ရတာထက်နည်းပါတယ်။ နေ့တိုင်းစားနေဖို့ လိုပါတယ်။ ၁၀ နာရီ မှ ၁၁ နာရီကြား နေ (ဘယ်အချိန်ဖြစ်ဖြစ် နေ့ခင်းနေ) မှာ ၁၀ မိနစ် ကနေ နာရီဝက်ကြား ရပ်ပေးပါ။ နေပူပြင်းရင် ဆယ်မိနစ်လောက်ပဲ လိုပါတယ်။ နာရီဝက်လောက် နေက ရတဲ့ D ဟာ 20000 Iu အထိရနိုင်တယ်။ တပါတ်မှာ သုံးခါ အနည်းဆုံးနေရောင် ထိပေးရရင် တပါတ်စာ D လုံလောက်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတခုကို နေရောင်တိုက်ရိုက်ရရင် ရပါပြီ။ တကိုယ်လုံးချွတ်စရာမလိုပါဘူး။

အသားညိုတဲ့ လူတွေဟာ ဖြူတဲ့လူတွေထက် နေထဲက ဗိုက်တာမင် D ရတာ နှေးတယ်။ နေထဲမှာ ပိုပြီးကြာကြာနေရပါတယ်။ အသားညိုမဲ တဲ့ လူတွေ ဟာ ဗိုက်တာမင် D လျော့နေတတ်ပါတယ်။ နေရောင်ထဲမှာမဟုတ်ပဲ အပြင်ထွက်နေရင်တောင် ဗိုက်တာမင် D ကိုသွယ်ဝိုက်ရပါတယ်။ ဗိုက်တာမင် D ကို မှန်ကတဆင့်ဝင်တဲ့ နေရောင်ကနေ လုံးဝ မရပါဘူး။ နေနဲ့တိုက်ရိုက်ထိတွေ့မှ ရတာပါ။ နေပူစာ လှုံဖြစ်အောင် လှုံကြပါ။ နေ့တိုင်းလှုံလေ ကောင်းလေပါ။ ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ ဗိုက်တာမင် တမျိုး အလကား ရတာပေါ့။ သောင်းချီပေးရတဲ့ ဗိုက်တာမင် D ဆေး တွေ ဝယ်စရာမလိုတော့ဘူးပေါ့။

ကျမ်းမာကြပါစေ။

Kyaw Swa Min

zawgyi

ကိုဗစ္ အတြက္အေရးႀကီးတဲ့ ဗိုက္တာမင္ D အေၾကာင္း ဖတ္ဖူးသမွ်မွ်ေဝပါရေစ။ က်မ္းမာေရး ပညာရွင္ေတြက ကိုဗစ္ ကာကြယ္ေရး အားေဆးေပးရာမွာ Zinc အျပင္ ဗိုက္တာမင္ D ကို ေပးေနၾကပါၿပီ။ လူ႔အေရျပားေအာက္ က အဆီကို ေနေရာင္ထိတဲ့အခါ အဆီက ေနေရာင္က UVB ကို စုတ္ယူၿပီး ဗိုက္တာမင္ D ခ်က္လုပ္ၿပီး ခႏၶာကိုယ္အႏွံ႔ D ကို ပို႔ေပးတယ္။ ဗိုက္တာမင္ D ဟာ ခႏၶာကိုယ္ထဲဝင္လာတဲ့ ကယ္လ္စီယံ ကိုစုတ္ေပးတယ္၊ အ႐ိုးေတြမာေစတယ္။ ခႏၶာကိုယ္ ထဲဝင္လာတဲ့ မေကာင္းတဲ့ ဘက္တီးရီးယား နဲ႔ ဗိုင္းရပ္စ္ ေတြကို ကာကြယ္တယ္။ ကင္ဆာကို တိုက္တယ္။ စိတ္က်ေရာဂါ ကို ကာကြယ္တယ္။ ႂကြက္သား ကို ေတာင့္တင္းေစတယ္။

ဗိုက္တာ မင္ D ေလ်ာ့ရင္ ခါးနာတယ္၊ စိတ္က်ေရာဂါျဖစ္တယ္။ တျခားေရာဂါေတြဝင္တယ္၊ ဆံပင္ကြၽတ္တယ္။ ေရာဂါစုံနဲ႔ ေသတတ္ပါတယ္။ ဒါေၾကာင့္ ေရွးလူႀကီးေတြ ေနပူစာ လႈံၾကတယ္၊ ေန႔တိုင္း ေနပူစာလႈံရင္ လူႀကီးေတြက်မ္းမာလာမယ္။ အခန္းထဲ ေအာင္းခိုင္းထားရင္ ဗိုက္တာမင္ D ခ်ိဳ႕တဲ့ၿပီး ေရာဂါတခုၿပီး တခု ျဖစ္မယ္။

ေနေရာင္မရရင္ ငါး အသား နဲ႔ ၾကက္ဥ စားရပါတယ္။ ဒါေပမဲ့ ေနေရာင္ထဲက ရတာထက္နည္းပါတယ္။ ေန႔တိုင္းစားေနဖို႔ လိုပါတယ္။ ၁၀ နာရီ မွ ၁၁ နာရီၾကား ေန (ဘယ္အခ်ိန္ျဖစ္ျဖစ္ ေန႔ခင္းေန) မွာ ၁၀ မိနစ္ ကေန နာရီဝက္ၾကား ရပ္ေပးပါ။ ေနပူျပင္းရင္ ဆယ္မိနစ္ေလာက္ပဲ လိုပါတယ္။ နာရီဝက္ေလာက္ ေနက ရတဲ့ D ဟာ 20000 Iu အထိရႏိုင္တယ္။ တပါတ္မွာ သုံးခါ အနည္းဆုံးေနေရာင္ ထိေပးရရင္ တပါတ္စာ D လုံေလာက္ပါတယ္။ ခႏၶာကိုယ္အစိတ္အပိုင္းတခုကို ေနေရာင္တိုက္႐ိုက္ရရင္ ရပါၿပီ။ တကိုယ္လုံးခြၽတ္စရာမလိုပါဘူး။

အသားညိဳတဲ့ လူေတြဟာ ျဖဴတဲ့လူေတြထက္ ေနထဲက ဗိုက္တာမင္ D ရတာ ေႏွးတယ္။ ေနထဲမွာ ပိုၿပီးၾကာၾကာေနရပါတယ္။ အသားညိဳမဲ တဲ့ လူေတြ ဟာ ဗိုက္တာမင္ D ေလ်ာ့ေနတတ္ပါတယ္။ ေနေရာင္ထဲမွာမဟုတ္ပဲ အျပင္ထြက္ေနရင္ေတာင္ ဗိုက္တာမင္ D ကိုသြယ္ဝိုက္ရပါတယ္။ ဗိုက္တာမင္ D ကို မွန္ကတဆင့္ဝင္တဲ့ ေနေရာင္ကေန လုံးဝ မရပါဘူး။ ေနနဲ႔တိုက္႐ိုက္ထိေတြ႕မွ ရတာပါ။ ေနပူစာ လႈံျဖစ္ေအာင္ လႈံၾကပါ။ ေန႔တိုင္းလႈံေလ ေကာင္းေလပါ။ ခႏၶာကိုယ္အတြက္အေရးႀကီးတဲ့ ဗိုက္တာမင္ တမ်ိဳး အလကား ရတာေပါ့။ ေသာင္းခ်ီေပးရတဲ့ ဗိုက္တာမင္ D ေဆး ေတြ ဝယ္စရာမလိုေတာ့ဘူးေပါ့။

က်မ္းမာၾကပါေစ။

Kyaw Swa Min