သတင်းကောင်းပါ ကိုဗစ် ကာကွယ်ဆေးသန်း (၂၀၀၀) ဖြန့်ဝေပေး မည့် WHO ၏ (၉၂)နိုင်ငံ အစီအစဉ် တွင်မြန်မာနိုင်ငံ ပါဝင်ပါတယ်ဗျာ

COVID-19 ကပ်ရောဂါဖြစ်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်ရန်အတွက် သိပ္ပံပညာရှင်များမှ လာမည့်နှစ်တွင် လုံခြုံ စိတ်ချရပြီး ထိရောက်သော ကာကွယ်ဆေးကို ထုတ်လုပ်ရန် အပြိုင်အဆိုင်အားထုတ်ကြိုးပမ်းလျက်ရှိနေပြီး လာမည့်နှစ်တွင် WHO မှ ကာကွယ်ဆေး သန်း( ၂၀၀၀ ) ဖြန့်ဝေပေးမည့် အစီအစဉ်ရှိနေပြီး အဆိုပါအဖွဲ့ဝင်နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးမှ ပြောကြားခဲ့ပါသည်။

COVAX အဖွဲ့အစည်း သည် ကာကွယ်ဆေးထိုးစီမံချက်၊ ကာကွယ်ဆေးထိုး လုပ်ငန်းများနှင့်ဆိုင်သော အဖွဲ့အစည်းဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားသော အဖွဲ့အစည်း ဖြစ်ကာ အလယ်အလတ်နှင့် ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများလည်း ပါဝင်ကြောင်း သိရှိရပါသည်။

(၉၂)နိုင်ငံတွင် ရှိသော လူဦးရေ (၂၀)%ကို လွှမ်းခြုံနိုင်မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေနှင့် ပထမဦးစားပေးတွင် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများကိုလည်းကောင်း၊ ဒုတိယ ဦးစားပေးအနေဖြင့် သက်ကြီးရွယ်အိုများဖြစ်ကာ တတိယဦးစားပေးအနေဖြင့် ရောဂါအခံရှိသူများကို အသီးသီး ရွေးချယ်ထားကြောင်း သိရှိရပါသည်။

ရန်ကုန်သတင်းဌာနခွဲ

zawgyi

COVID-19 ကပ္ေရာဂါျဖစ္ပြားမႈကို အျမန္ဆုံး ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ သိပၸံပညာရွင္မ်ားမွ လာမည့္ႏွစ္တြင္ လုံၿခဳံ စိတ္ခ်ရၿပီး ထိေရာက္ေသာ ကာကြယ္ေဆးကို ထုတ္လုပ္ရန္ အၿပိဳင္အဆိုင္အားထုတ္ႀကိဳးပမ္းလ်က္ရွိေနၿပီး လာမည့္ႏွစ္တြင္ WHO မွ ကာကြယ္ေဆး သန္း( ၂၀၀၀ ) ျဖန႔္ေဝေပးမည့္ အစီအစဥ္ရွိေနၿပီး အဆိုပါအဖြဲ႕ဝင္ႏိုင္ငံမ်ားတြင္ ျမန္မာႏိုင္ငံ ပါဝင္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးမွ ေျပာၾကားခဲ့ပါသည္။

COVAX အဖြဲ႕အစည္း သည္ ကာကြယ္ေဆးထိုးစီမံခ်က္၊ ကာကြယ္ေဆးထိုး လုပ္ငန္းမ်ားႏွင့္ဆိုင္ေသာ အဖြဲ႕အစည္းျဖစ္ၿပီး ကိုဗစ္ကာကြယ္ေဆးႏွင့္ ပတ္သက္၍ ေဆာင္႐ြက္ထားေသာ အဖြဲ႕အစည္း ျဖစ္ကာ အလယ္အလတ္ႏွင့္ ဖြံ႕ၿဖိဳးမႈေနာက္က်ေသာ ႏိုင္ငံမ်ားလည္း ပါဝင္ေၾကာင္း သိရွိရပါသည္။

(၉၂)ႏိုင္ငံတြင္ ရွိေသာ လူဦးေရ (၂၀)%ကို လႊမ္းၿခဳံႏိုင္မည္ ျဖစ္သည့္အတြက္ ျမန္မာႏိုင္ငံအေနႏွင့္ ပထမဦးစားေပးတြင္ က်န္းမာေရးေစာင့္ေရွာက္မႈ ဝန္ထမ္းမ်ားကိုလည္းေကာင္း၊ ဒုတိယ ဦးစားေပးအေနျဖင့္ သက္ႀကီး႐ြယ္အိုမ်ားျဖစ္ကာ တတိယဦးစားေပးအေနျဖင့္ ေရာဂါအခံရွိသူမ်ားကို အသီးသီး ေ႐ြးခ်ယ္ထားေၾကာင္း သိရွိရပါသည္။

ရန္ကုန္သတင္းဌာနခြဲ