လူမှုကွန်ရက် မှာ တင်တဲ့ ဓာတ်ပုံတွေကို အစစ်အမှန်လို့ မယုံကြည် သင့်ကြောင်း သက်သေ ပြချက်များ

လူမှုကွန်ရက် မှာ တင်တဲ့ ဓာတ်ပုံတွေကို အစစ်အမှန်လို့ မယုံကြည် သင့်ကြောင်း သက်သေ ပြချက်များ

ယနေ့ခေတ်မှာ လူမှုကွန်ရက် ရေစီးကြောင်းဟာ လူသားထုအတွင်းမှာ မရှိမဖြစ် လိုအပ် တဲ့ နည်းပညာ ပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ မရှိမဖြစ်လို့ ပြောရခြင်းက လူမှုကွန်ရက်ဟာ အသုံးပြုဖန်များလာတဲ့အခါ လက်ဖက်ရည်၊ ကော်ဖီတို့ကဲ့သို့ စွဲလန်းစေပြီး၊ မရှိမဖြစ် ဖြစ်မှန်းမသိ ဖြစ်လာ လို့ပါ။

လူမှုကွန်ရက် ရေစီးကြောင်း ပြင်းထန် လာသည်နှင့်အမျှ အသုံးပြုသူတွေကြားမှာ မဖြစ်မနေ တတ်သင့်တဲ့ အတတ်ပညာလည်း လိုအပ်လာပါတယ်။ ဒါကလည်း အများကြီး မရှိပါဘူး။ အတုမြင် အတတ်သင်ဆိုတာလိုပဲ ရှေ့တစ်ယောက်က လုပ်ပြရင် နောက်တစ်ယောက်က လုပ်နိုင်ပါတယ်။ အဲဒါကတော့ Selfie ဆွဲခြင်းပါ။

ဆယ်လ်ဖီဆွဲတဲ့အခါ သူ့ထက်ငါ Like And Reaction တွေ ရဖို့အတွက် ပုံတွေကို လိုသလို ပြင်ဆင်ဖြတ်တောက်တာမျိုးတွေ၊ ကာလာနဲ့အလင်းအမှောင် ချိန်တာမျိုးတွေဟာ ဆရာတစ်ဆူပမာ အရေးကြီးပါတယ်။ နောက်ပိုင်းမှာတော့ နည်းပညာကုမ္ပဏီအချင်းချင်း ဓာတ်ပုံရိုက်တဲ့ Tool တွေထဲမှာ Affect တွေ အလိုလျှောက် လှအောင်ပြင် ပေးတဲ့ နည်းစနစ်တွေ အပြိုင်အဆိုင် ထုတ်လာကြပါတယ်။

တရုတ်ကဲ့သို့ လူမှုကွန်ရက် အားအလွန်ကောင်းတဲ့ နိုင်ငံတွေ မှာ ကင်မရာတွေကို Filter တွေအသုံးပြုကာ၊ မူလ မိမွေးတိုင်း ဖမွေးတိုင်းရုပ်ရည်နဲ့ ခြားနားတဲ့ ရုပ်ထွက်မျိုးတွေကိုတောင် ပေးစွမ်းနိုင်တဲ့ ဆော့ဖ်ဝဲတွေ တီထွင်လာခဲ့ပါတယ်။

အခု မြင်တဲ့အတိုင်းပဲ လူမှုကွန်ရက် ဆယ်လီနှစ်ယောက် ရဲ့ ဓာတ်ပုံတွေဟာ ပြုပြင်ထားပြီးနဲ့၊ သာမန်အရှိအတိုင်း ထွက်တဲ့ ဓာတ်ပုံတွေကို ပြန်လည်မျှ ဝေခဲ့ပါတယ်။ ဒါကို ထောက်ရှုခြင်းအားဖြင့် လူမှုကွန်ရက်မှာ တင်တဲ့ဓာတ်ပုံတွေဟာ အစစ်လို့ ပြောဖို့ အတော်လေးကို ခက်ခဲတယ်လို့ ဆိုရမှာပါ။ ဒီဓာတ်ပုံတွေကို Ex Treme အမည် ရ Facebook page ကနေ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

လင်းဇော်ကို (D Nae Khit)