မိတ္ထီလာမြို့မစျေး ရှိ ရွှေဆိုင်တဆိုင် ကို ထူးဆန်းသော နည်းဖြင့် ဖောက်ထွင်းရန် ကြိုးစားမှု

မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့ မြို့မဈေးအနီးရှိ ကိုဗစ် ဖြစ်ပွား နေစဉ် ကာလအတွင်း ယာယီပိတ်ထားသော ရွှေဆိုင်တစ်ဆိုင်တွင် တံခါးကို မီးရှို့ကာ ဖောက်ထွင်းရန် လုပ်ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အဆိုပါ ရွှေဆိုင်ပိုင်ရှင်က ပြောပါတယ်။ မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်၊ မိတ္ထီလာမြို့မဈေးကြီး၏ အရှေ့တောင်ဘက် ရှိ ပိတ်ထားသော ရွှေဆိုင်သို့ ယနေ့ အောက်တိုဘာ(၁၀)ရက် နံနက်ပိုင်းတွင် ဆိုင်ပိုင်ရှင်က သွားရောက်ကြည့်ရှုရာမှ စွပ်ကျယ်အင်္ကျီတစ်ထည်ကို ပလတ်စတစ် ကြိုးနှင့်ချည်ကာ ရွှေဆိုင်တံခါးတွင် ညှပ်၍ မီးရှိ့ထားသည်ကို တွေ့ရှိခဲ့ရသည်ဟု အဆိုပါ ရွှေဆိုင် ပိုင်ရှင် ဦးကျော်စွာမိုးက ပြောပါတယ်။

“ကိုဗစ်ကာလ ဆိုတော့ ဆိုင်တွေကလည်း ပိတ်ထားရတာပေါ့။ မနေ့ကလည်း ဥပုသ်နေ့ဖြစ်တာရယ်၊ ဆိုင်တွေကလည်း ဖွင့်လိုက် ပိတ်လိုက်လုပ်ကြတာပေါ့။ ဒီနေ့ မနက်ခင်းမှာ တံခါးပေါက်မှာ စွပ်ကျယ်တစ်ထည် ညှပ်နေတော့ ကိုယ်က သမာရိုးကျပဲ ဆိုပြီးတော့ တံခါးဖွင့်လိုက်တာ အဲဒီမှာ စွပ်ကျယ်မှာ မီးစွဲတာ တော်တော်များတာကို တွေ့တယ်။ တံခါးပေါက်မှာပါ ဆက်ပြီးတော့ စွဲသွားတာ။ ပြောရရင် ရှို့တာပေါ့။ မနေ့ကလည်း တနေကုန် ဆိုင်ပိတ်ထားတာ”ဟု ဦးကျော်စွာမိုးက ပြောပါတယ်။ တံခါးသေ့ဖျက်လျှင် အနီးဝန်းကျင်မှ အသံကြားနိုင်သဖြင့် မီးရှို့ကာ ဖောက်ထွင်းရန် ကြံစည်ခြင်း ဖြစ်နိုင်ကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရဲစခန်းသို့ အကြောင်းကြားခဲ့သော်လည်း အမှုဖွင့်မည် မဟုတ်ဟု ၎င်းက ဆိုပါတယ်။

ကျွန်တော်က ရ.ယ.က ကို အကြောင်းကြားတယ်။ အမှတ်(၂) ရဲစခန်းကိုလည်း အကြောင်း ကြားတယ်။ စစ်ချက်လာယူတယ်။ အမှု ဖွင့်မလားဆိုတော့ ကျွန်တော်က မဖွင့်တော့ပါဘူး။ ဆိုင်ဖောက်တယ်လို့ပဲ မြင်ပါတယ်။ ဆိုင်တံခါးကို ဆွဲတယ်။ မရဘဲနဲ့ သော့ဖျက်ရင်လည်း အသံကြားရမှာပေါ့။ စွပ်ကျယ်ကို ကြွပ်ကြွပ်ကြိုးနဲ့ ချည်ပြီး သေချာကို ထိုးထဲ့ပြီးတော့ ရှို့တာ။ အဲဒီစွပ်ကျယ်မှာ ဓာတ်ဆီမပါတာ ကံကောင်းတာပေါ့”ဟု ဦးကျော်စွာမိုးက ပြောပါတယ်။

ပြီးခဲ့သည့် ၂၀၁၃ ကလည်း အဆိုပါရွှေဆိုင် ဖောက်ထွင်းခိုးယူ ခံခဲ့ရဖူးပြီး ကျပ်သိန်း (၅၀)ခန့် တန်ဖိုးရှိ ကျောက်မျက်ရတနာများ ပျောက်ဆုံးခဲ့သည်ဟု ၎င်းက ဆိုပါတယ်။ ကိုဗစ် ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စရေန်အတွက်ဟုဆိုကာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် ယခုနှစ် ဧပြီလဆန်းမှ စတင်ကာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားပါတယ်

zawgyi

မႏၲေလး တိုင္းေဒသႀကီး မိတၳီလာၿမိဳ႕ ၿမိဳ႕မေဈးအနီးရွိ ကိုဗစ္ ျဖစ္ပြား ေနစဥ္ ကာလအတြင္း ယာယီပိတ္ထားေသာ ေ႐ႊဆိုင္တစ္ဆိုင္တြင္ တံခါးကို မီးရႈိ႕ကာ ေဖာက္ထြင္းရန္ လုပ္ေဆာင္ထားသည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း အဆိုပါ ေ႐ႊဆိုင္ပိုင္ရွင္က ေျပာပါတယ္။ မိတၳီလာၿမိဳ႕ ေဈးအေရွ႕ျပင္ရပ္၊ မိတၳီလာၿမိဳ႕မေဈးႀကီး၏ အေရွ႕ေတာင္ဘက္ ရွိ ပိတ္ထားေသာ ေ႐ႊဆိုင္သို႔ ယေန႔ ေအာက္တိုဘာ(၁၀)ရက္ နံနက္ပိုင္းတြင္ ဆိုင္ပိုင္ရွင္က သြားေရာက္ၾကည့္ရႈရာမွ စြပ္က်ယ္အက်ႌတစ္ထည္ကို ပလတ္စတစ္ ႀကိဳးႏွင့္ခ်ည္ကာ ေ႐ႊဆိုင္တံခါးတြင္ ညႇပ္၍ မီးရွိ႕ထားသည္ကို ေတြ႕ရွိခဲ့ရသည္ဟု အဆိုပါ ေ႐ႊဆိုင္ ပိုင္ရွင္ ဦးေက်ာ္စြာမိုးက ေျပာပါတယ္။

“ကိုဗစ္ကာလ ဆိုေတာ့ ဆိုင္ေတြကလည္း ပိတ္ထားရတာေပါ့။ မေန႔ကလည္း ဥပုသ္ေန႔ျဖစ္တာရယ္၊ ဆိုင္ေတြကလည္း ဖြင့္လိုက္ ပိတ္လိုက္လုပ္ၾကတာေပါ့။ ဒီေန႔ မနက္ခင္းမွာ တံခါးေပါက္မွာ စြပ္က်ယ္တစ္ထည္ ညႇပ္ေနေတာ့ ကိုယ္က သမာ႐ိုးက်ပဲ ဆိုၿပီးေတာ့ တံခါးဖြင့္လိုက္တာ အဲဒီမွာ စြပ္က်ယ္မွာ မီးစြဲတာ ေတာ္ေတာ္မ်ားတာကို ေတြ႕တယ္။ တံခါးေပါက္မွာပါ ဆက္ၿပီးေတာ့ စြဲသြားတာ။ ေျပာရရင္ ရႈိ႕တာေပါ့။ မေန႔ကလည္း တေနကုန္ ဆိုင္ပိတ္ထားတာ”ဟု ဦးေက်ာ္စြာမိုးက ေျပာပါတယ္။ တံခါးေသ့ဖ်က္လွ်င္ အနီးဝန္းက်င္မွ အသံၾကားႏိုင္သျဖင့္ မီးရႈိ႕ကာ ေဖာက္ထြင္းရန္ ႀကံစည္ျခင္း ျဖစ္ႏိုင္ေၾကာင္း၊ အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနႏွင့္ ရဲစခန္းသို႔ အေၾကာင္းၾကားခဲ့ေသာ္လည္း အမႈဖြင့္မည္ မဟုတ္ဟု ၎က ဆိုပါတယ္။

ကြၽန္ေတာ္က ရ.ယ.က ကို အေၾကာင္းၾကားတယ္။ အမွတ္(၂) ရဲစခန္းကိုလည္း အေၾကာင္း ၾကားတယ္။ စစ္ခ်က္လာယူတယ္။ အမႈ ဖြင့္မလားဆိုေတာ့ ကြၽန္ေတာ္က မဖြင့္ေတာ့ပါဘူး။ ဆိုင္ေဖာက္တယ္လို႔ပဲ ျမင္ပါတယ္။ ဆိုင္တံခါးကို ဆြဲတယ္။ မရဘဲနဲ႔ ေသာ့ဖ်က္ရင္လည္း အသံၾကားရမွာေပါ့။ စြပ္က်ယ္ကို ႂကြပ္ႂကြပ္ႀကိဳးနဲ႔ ခ်ည္ၿပီး ေသခ်ာကို ထိုးထဲ့ၿပီးေတာ့ ရႈိ႕တာ။ အဲဒီစြပ္က်ယ္မွာ ဓာတ္ဆီမပါတာ ကံေကာင္းတာေပါ့”ဟု ဦးေက်ာ္စြာမိုးက ေျပာပါတယ္။

ၿပီးခဲ့သည့္ ၂၀၁၃ ကလည္း အဆိုပါေ႐ႊဆိုင္ ေဖာက္ထြင္းခိုးယူ ခံခဲ့ရဖူးၿပီး က်ပ္သိန္း (၅၀)ခန႔္ တန္ဖိုးရွိ ေက်ာက္မ်က္ရတနာမ်ား ေပ်ာက္ဆုံးခဲ့သည္ဟု ၎က ဆိုပါတယ္။ ကိုဗစ္ ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ အေထာက္အကူ ျဖစ္စေရန္အတြက္ဟုဆိုကာ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားအားလုံးတြင္ ယခုႏွစ္ ဧၿပီလဆန္းမွ စတင္ကာ ညမထြက္ရ အမိန႔္ ထုတ္ျပန္ထားပါတယ္

zawgyi