နည္းပညာ ထိပ္သီး အိႏိၵယႏုိင္ငံ ရဲ႕ ပထမဆံုး ၿဂဳိဟ္တု လႊတ္တင္စဥ္က ပံုရိပ္မ်ား

ျမန္မာျပည္ မွာ ဘာပဲ လုပ္လုပ္ ေလွာင္ေျပာင္ ဟာသလုပ္ေန သူမ်ား ဖတ္သင့္ ပါတယ္။

ျမန္မာျပည္က တိရစာၦန္ေဆးကု ဆရာ၀န္တစ္ေယာက္ Covid-19 ကာကြယ္ေဆး သုေတသနျပဳ စမ္းသပ္ခြင့္ေတာင္းတဲ့အခါ တခ်ိဳ႕က ႏိုင္ငံတကာမွာ ဘယ္လို ဆိုၿပီး ရယ္ပြဲဖြဲ႕ၾကတယ္။ ျမန္မာႏုိင္ငံရဲ႕ ပထမဆံုး ကုိယ္ပုိင္ၿဂဳိဟ္တု လႊတ္တင္ေတာ့မယ္ဆုိလည္း ဟာသ လုပ္ၿပီး ဆဲၾက ဆုိၾကတယ္။

အဲဒီလို လူေတြခ်ည္း သာ ဆိုရင္ အိႏၵိယမွာ ခုခ်ိန္ထိ ISRO ဆိုတဲ့ အာကာသသိပၸံ အဖြဲ႕အစည္း ေပၚမလာႏိုင္ သလို မားစ္ၿဂိဳဟ္ ကို ေလ့လာတဲ့ ၿဂိဳဟ္တုကို မားၿဂိဳဟ္ရဲ႕ ပတ္လမ္းထဲ လႊတ္တင္ႏိုင္မွာ မဟုတ္ဘူး။

ပထမဆုံးပုံဟာ ပထမဆုံးၿဂိဳဟ္ တု လႊတ္တင္ႏိုင္ ဖို႔ ျပဳျပင္မႈေတြ လုပ္ေနတဲ့ ပညာရွင္ေတြပါ။ ညာဖက္က တစ္ေယာက္ဟာ ေနာင္တစ္ခ်ိန္မွာ အိႏၵိယႏိုင္ငံရဲ႕ သမၼတႀကီးျဖစ္လာမယ့္ အဗၺဒူလ္ကလမ္ ေပါ့။

ၿဂိဳဟ္တုကို သယ္ေဆာင္မယ့္ ဒုံးပ်ံ ထိပ္ဖူးကို စက္ဘီး နဲ႔ သယ္ခဲ့ရတယ္။ ၿဂိဳဟ္တုကို ႏြားလွည္း နဲ႔ သယ္ခဲ့ရတယ္။ ေသခ်ာ တာေတာ့ အဲဒါေတြၾကည့္ၿပီး အလကားပါကြာ လို႔ ေျပာမယ့္သူ၊ ရယ္ပြဲဖြဲ႕တဲ့ သူေတြ ရွိခဲ့မယ္ ဆိုတာပါပဲ။

ဒါေပမယ့္ ေနာက္ထပ္ေသခ်ာတာ တစ္ခုက အဗၺဒူလ္ကလမ္ တို႔သာ အဲဒီလို မႀကိဳးစား ခဲ့ရင္ ကမာၻက လက္ဖ်ား ခါရတဲ့ မားစ္မစ္ရွင္ ဆိုတာ ေပၚေပါက္ လာစရာ မရွိဘူး။

သူဇာ ေနေသြး

unicode

မြန်မာပြည် မှာ ဘာပဲ လုပ်လုပ် လှောင်ပြောင် ဟာသလုပ်နေ သူများ ဖတ်သင့် ပါတယ်။

မြန်မာပြည်က တိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ယောက် Covid-19 ကာကွယ်ဆေး သုတေသနပြု စမ်းသပ်ခွင့်တောင်းတဲ့အခါ တချို့က နိုင်ငံတကာမှာ ဘယ်လို ဆိုပြီး ရယ်ပွဲဖွဲ့ကြတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်တော့မယ်ဆိုလည်း ဟာသ လုပ်ပြီး ဆဲကြ ဆိုကြတယ်။

အဲဒီလို လူတွေချည်း သာ ဆိုရင် အိန္ဒိယမှာ ခုချိန်ထိ ISRO ဆိုတဲ့ အာကာသသိပ္ပံ အဖွဲ့အစည်း ပေါ်မလာနိုင် သလို မားစ်ဂြိုဟ် ကို လေ့လာတဲ့ ဂြိုဟ်တုကို မားဂြိုဟ်ရဲ့ ပတ်လမ်းထဲ လွှတ်တင်နိုင်မှာ မဟုတ်ဘူး။

ပထမဆုံးပုံဟာ ပထမဆုံးဂြိုဟ် တု လွှတ်တင်နိုင် ဖို့ ပြုပြင်မှုတွေ လုပ်နေတဲ့ ပညာရှင်တွေပါ။ ညာဖက်က တစ်ယောက်ဟာ နောင်တစ်ချိန်မှာ အိန္ဒိယနိုင်ငံရဲ့ သမ္မတကြီးဖြစ်လာမယ့် အဗ္ဗဒူလ်ကလမ် ပေါ့။

ဂြိုဟ်တုကို သယ်ဆောင်မယ့် ဒုံးပျံ ထိပ်ဖူးကို စက်ဘီး နဲ့ သယ်ခဲ့ရတယ်။ ဂြိုဟ်တုကို နွားလှည်း နဲ့ သယ်ခဲ့ရတယ်။ သေချာ တာတော့ အဲဒါတွေကြည့်ပြီး အလကားပါကွာ လို့ ပြောမယ့်သူ၊ ရယ်ပွဲဖွဲ့တဲ့ သူတွေ ရှိခဲ့မယ် ဆိုတာပါပဲ။

ဒါပေမယ့် နောက်ထပ်သေချာတာ တစ်ခုက အဗ္ဗဒူလ်ကလမ် တို့သာ အဲဒီလို မကြိုးစား ခဲ့ရင် ကမ္ဘာက လက်ဖျား ခါရတဲ့ မားစ်မစ်ရှင် ဆိုတာ ပေါ်ပေါက် လာစရာ မရှိဘူး။

သူဇာ နေသွေး