“အဖေ့ အကောင့်လေး မီး မစိမ်းတော့ ပါ “

အဖေ Facebook ဆိုတာကို စသုံးတော့ ကျွန်တော့်အကောင့် ကို စပြီး add တာ။ အဖေ့နာမည်နဲ့ အဖေ့အကောင့်ကိုမြင်တော့ လန့်သွားတယ်။

ငါ့အေဖပါလား…..

… အံမယ် အဖေက အင်တာနက်တောင်သုံးတတ်လို့၊ ……

အဖေက ကျွန်တော့ အကောင့်ကို add ပြီး ကျွန်တော့ ညီမလေး အကောင့် ကိုလည်း ရှာပြီး add တယ်။

သူကမောင်နှမ နှစ်ယောက်စလုံး ဘာတွေတင်ထားလဲ ဘယ်သူနဲ့ ဘာတွေပြောလဲ သိချင် ရုံသာ။ ကျွန်တော်ကတော့ အ ဖေ့အကောင့်ကိုလက်ခံပြီးမှ စဉ်းစားတယ်၊…….ငါပေါက်ကရတွေလျောက်တင်လို့ အဖေမြင်ရင် အဆူခံရမလားဆိုပြီး။

…. သူကကျွန်တော် အချစ်အကြောင်းတွေ လျောက်ရေးရင်လဲ ဖတ်တာပဲ။

ပြီးရင် အမေ့ကိုပြန်တိုင်သလိုလိုနဲ့ မင်းသားတော်မောင်က ဘာတွေရေးနေတာလဲဆိုပြီး မိဘအကြောင်းကျ မရေးဘူးဆိုပြီး ဆူသလိုလိုနဲ့ ပြန်ပြောတယ်။

ကြာတော့ မဖြစ်သေးပါဘူး ငါ့အကောင့်ထဲ အဖေရှိနေရင် ငါလုပ်ချင်သလို လုပ်လို့ ရမှာ မဟုတ်ဘူးဆိုပြီး သူမသိအောင် ဘလော့လိုက်တယ်။

ကျွန်တော့အကောင့်ကို ရှာမတွေ့တော့ လာမေးတယ်။

…… မင်းအကောင့်ရှာမတွေ့တော့ဘူး ဘယ်ရောက်သွားလဲတဲ့။

ကျွန်တော်လဲလိမ်လိုက်တယ်….. သိဘူးလေ ပျက်သွားတာနေမှာပေါ့လို့……။

အသက်ကြီးတဲ့အဖေက မသိရှာဘူး ..သြော် ဟုတ်လားဆိုပြီး သူ့အကောင့်ထဲက သတင်းတွေပဲ ဖတြ်ပီး ပျော်နေရှာတယ်။

မကြာခင် သူ့သားတော်မောင်ကသူ့ကို ဘလော့ထားတယ်ဆိုတာ အိမ်ကညီမပြောတော့မှ အကောင့်သစ်ကလေးဖွင့်ပြီး add လို့မရတဲ့ သား အကောင့်ကို တိတ်တိတ်လေး follow လုပ်ထားရှာတယ်။

ဒီလိုနဲ့ကျွန်တော် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ အကြောင်းပေါ်လို့ နိုင်ငံခြားရောက်နေချိန် အဖေ့မှာ ကင်ဆာဖြစ်လာတယ်။

အဆက်အသွယ်မရပဲ သားတော်မောင် အဝေးရောက်နေချိန် အဖေကတော့ add လို့မရတဲ့ သားအကောင့်က ပုံတွေကို ဆေးရုံမှာကြည့်ရင်း အလွမ်းဖြေနေရရှာတယ်။

ပါးစပ်ကလဲ တဖွဖွ ငါ့သားလေးစိတ်ပူနေမယ် ငါ့ရောဂါအကြောင်း မပြောပါနဲ့တဲ့။

သားတော်မောင်က ပင်လယ်ထဲမှာ သင်္ဘောသားဘဝ ဆိုတော့ ……

ကမ်းကပ်တဲ့အချိန် အင်တာနက်သုံးလို့ရတော့ အိမ်ကလူတွေနဲ့ အဆက်အသွယ်လုပ်မှ သိရတယ်။

အေဖဆံုးၿပီတဲ့။

မသေခင် ကျွန်တော့ အကောင့်မှာ တင်ထားတဲ့ စာလေးတွေ ပုံလေးတွေကို ဖတ်ရင်း ပြုံးနေရှာတာတဲ့။

အခုကျွန်တော် အဖေ့ အကောင့်ကို လက်ခံလိုက်ပြီလေ အဖေ။

ကျွန်တော် ဘလော့ မလုပ်တော့ပါဘူးလို့ အဖေ့ကို ဂတိတွေပေးရင်း ငိုနေမိလည်း….

အဖေ့အကောင့်လေးကတော့ မီးစိမ်းတော့ပါ…..

( ဇူလိုင် ၃၁ ၂၀၁၆ ကြေးမုံ သတင်းစာပါ အောင် ဘုန်း ရူပဗေဒ ဒဂုံတက္ကသိုလ်၏ စာကို ကူးယူ ဖော်ပြပါသည် )

အဖေ့ အကောင့် လေး မီးစိမ်းနေပါစေ။

Credit : Thaw Zay Phyo

ပြန်လည်မျှဝေပေးပါတယ်

လေးစားလျှက်

Martin Swe 31-07-2016