ဂီတ နဲ့ ပတ်သက်ရင် ဘာမှမသိဘဲ ဆရာကြီးလုပ်ဝေဖန်သူတွေ အကြောင်း ရင်ဖွင့်လာတဲ့ အိမ့်ချစ်

ဂီတ နဲ့ ပတ်သက်ရင် ဘာမှမသိဘဲ ဆရာကြီးလုပ်ဝေဖန်သူတွေ အကြောင်း ရင်ဖွင့်လာတဲ့ အိမ့်ချစ်

အိမ့်ချစ်ကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီး အဆိုတော်တွေထဲက တစ်ယောက်ဖြစ်သလို ဂီတအနုပညာရှင် မျိုးဆက်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဖခင်ဖြစ်သူချစ်ကောင်းလိုပဲ ပရိသတ်အချစ်တွေရရှိထားကာ ထူးချွန်တဲ့အနုပညာအရည်အချင်းတွေကြောင့် အောင်မြင်နေသူပါ။

အိမ့်ချစ်ကတော့သူချစ်တဲ့ ဂီတပညာကို မသိနားမလည်ဘဲ ဝေဖန်နေကြတာကြောင့် စိတ်အပျက်ကြီးပျက်နေတာပါ။ အဲ့ဒီအကြောင်းကိုလည်း သူ့ရဲ့ဖေ့ဘွတ် My Story မှာ “Music နဲ့ပတ်သက်ရင်သိသလိုတတ်သလိုနဲ့ဝေဖန်တာဆိုးတယ်။တော်တော်ရှင်းပြရခက်တယ်လေ။ ကိုယ်ကရှင်းပြသူကမသိ ဒါပေမဲ့ သိချင်ယောင်ဆောင် ဆရာကြီးလုပ် အဲ့မှာကိုယ်ကထပ်ရှင်း အဲ့တော့ဘာမှမပြောတာအကောင်းဆုံး ” ဆိုပြီးတော့ ရင်ဖွင့်ရေးသားခဲ့တာပါ။

လောကကြီးမှာတော့ ပညာရပ်တစ်ခုကို အမှန်တကယ် မသိဘဲမတတ်ဘဲ ဆရာကြီးလုပ်ဝေဖန်တတ်သူတွေ ရှိတတ် တာပါ။ အိမ့်ချစ်ကတော့ ဂီတအကြောင်းကို နားမလည်ဘဲဝေဖန်နေတဲ့သူကို သေသေ ချာချာရှင်းပြမိကာမှ ပိုဆိုးသွားတဲ့အကြောင်း ကို ရင်ဖွင့်ခဲ့ပါပြီနော်..

Source : EaintChit
Credit Celegabr

Add a Comment

Your email address will not be published. Required fields are marked *

8 + nine =